ဂွမြို့နယ်၌ မြေငှားဂရန်များထုတ်ပေးပြီး ပြန်လည်စွန့်လွှတ်မြေများကို မူလပိုင်ရှင်များထံပေးအပ်

ဂွမြို့နယ်၌ မြေငှားဂရန်များထုတ်ပေးပြီး ပြန်လည်စွန့်လွှတ်မြေများကို မူလပိုင်ရှင်များထံပေးအပ်

ရခိုင်ပြည်နယ် ဂွမြို့နယ်၌ One State One Township Project စီမံကိန်းအရ ဂွမြို့ပေါ် ရပ်ကွက်များအတွက် မြေငှားဂရန်ထုတ်ပေး သည့် အခမ်းအနားနှင့် ပြန်လည်စွန့်လွှတ်မြေ များကို မူလပိုင်ရှင်များထံ ပေးအပ်ပွဲကို အောက် တိုဘာ ၂၉ ရက်က ဂွမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက်ခဲ့သည်။

 

ဂွမြို့ပေါ် ရပ်ကွက်များအတွက် မြေငှား ဂရန်များထုတ်ပေးသည့် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြား ပြီး သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ် နိုင်က မြေငှားဂရန်ထုတ်ပေးသည့် ရည်ရွယ် ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြော ကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ပထမအကြိမ် အဖြစ် မြေငှားဂရန် ၆၆ ခုကို မြေငှားဂရန်ရရှိ သူများလက်သို့ ပေးအပ်ပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါခန်းမ၌ ဆက်လက်ကျင်းပသည့် ပြန်လည်စွန့်လွှတ်မြေများကို မူလပိုင်ရှင်များ ထံသို့ ပုံစံ(၇)ထုတ်ပေးသည့် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြော ကြားကာ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးက ပုံစံ(၇) ထုတ်ပေးသည့် အကျိုးကျေးဇူးများကိုရှင်းလင်း ပြောကြားခဲ့ပါတယ်။

 

ပြီးနောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဂွမြို့နယ် မကျေးငူကျေးရွာအုပ်စု စဉ့်အိုးချောင်း ကွင်းရှိ ငါးလုပ်ငန်းဦးစီးဌာနမှ စွန့်လွှတ်မြေများ အတွက် ပုံစံ(၇)ရရှိသူ ၆၄ ဦးအား လယ်ယာ မြေလုပ်ပိုင်ခွင့် ပုံစံ(၇)များကိုလည်းကောင်း၊ ကင်းပုံကျေးရွာအုပ်စု ကမ်းသာယာကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေ အတွက် မူလပိုင်ရှင် ဦးဖိုးဖေထံသို့ လယ်ယာ မြေ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ကို လည်းကောင်း ပေးအပ်ခဲ့သည်။

 

MyanmarAlin

 

Myanmar Builders Guide 

Read 151 times
Rate this item
(0 votes)
Tagged under