ShweProperty မှ ပြုလုပ်မည့် အွန်လိုင်း အိမ်ရာ အရောင်းပြပွဲ

ShweProperty မှ ပြုလုပ်မည့် အွန်လိုင်း အိမ်ရာ အရောင်းပြပွဲ

အခုဆိုရင်တော့ ShweProperty ကနေပြီးတော့ အင်တာနက်မှ တစ်ဆင့် ပြည်ပ က လူများပါ ဝင်ရောက်ဝယ်ယူနိုင်မည့် အွန်လိုင်း အိမ်ရာ အရောင်းပြပွဲကြီးကို ကျင်းပတော့မှာပဲဖြစ်ပါသည်။ အဆိုပါ အွန်လိုင်း အိမ်အရောင်း ပြပွဲကြီးကို စက်တင်ဘာလ ၁၁ ရက်နေ့ ကနေ ၁၃ ရက်နေ့ထိ ကျင်းပသွား မှာဖြစ်ပြီး ဝယ်သူ များ အနေဖြင့် ယခုလိုကိုဗစ်ကာလ မှာ အပြင်ထွက်စရာ မလိုဘဲ မိမိ နေအိမ် အတွင်း နေထိုင်ပြီး အိမ်ရာ အမျိုး အစား ပေါင်းစုံ နဲ့ ရန်ကုန် မြို့ နယ်အစုံ ကတိုက်ခန်းပေါင်းစုံကို ဝယ်ယူနိုင်မှာပဲဖြစ်ပါသည်။

 

၎င်း အရောင်းပြပွဲတွင် မြို့နယ် အစုံမှ တိုက်ခန်း လူမနေရသေးတဲ့ အသစ် ၁၀၀၀ ကျော်ကိုလည်း ပြသ ရောင်းချသွားမှာပါ။ထို့အပြင် နေအိမ်စျေးနှုန်း သိန်း ၂၀၀ ကျော်မှ စတာပြီး မြို့နယ်ပေါင်း စုံရှိတန်ဖိုးသင့် စျေးတန်တိုက်ခန်းများ ၊ ကွန်ဒို ၊ မီနီ ကွန်ဒို များကို နေအိမ်မှ အပြင်ထွက်စရာမလိုတဲ့ အပြင် အွန်လိုင်းမှ ဝယ်ယူခြင်းဖြင့် လျှော့စျေးများနဲ့ အထူး ပရိုမိုးရှင်းများရရှိမှာဖြစ်ပါသည်။ ထို့အပြင် ဝယ်ယူသည့် အိမ်တန်ဖိုးကို အပြည့်ပေးသွင်းစရာမလိုပဲ အတိုးမဲ့ အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်မည့်အပြင် ပြပွဲရက်အတွင်း အရောင်းသမားများမှ ဗီဒီယို ဖုန်းခေါ်ဆိုမှုများ ၊ အခန်းရဲ့ပုံစံကို ၃၆၀ virtual Tour ဖြင့် ဝယ်ယူသူစိတ်ကြိုက် ပြသရောင်းချ ပေးသွားမယ်သိရပါသည်။

 

မြန်မာ နိုင်ငံမှ ထိပ်သီး ဘဏ်ကြီးများမှ လည်း အိမ်ရာ ချေးငွေကို အရစ်ကျစနစ်ဖြင့် ထုတ်ချေး ပေးနိုင်ရန် ပါဝင်ကူညီပံ့ပိုးသွားမယ်သိရပါတယ်။ထို့အပြင် အိမ်ပြင်ဆင်ဖို့ Package များ ၊ အိမ်သုံးလျပ်စစ်ပစ္စည်းများ အပါအဝင် အခြားလက်ဆောင်ပစ္စည်းများကိုလည်း ဝယ်ယူသူများ ကိုဝန်ဆောင်မှု ပေးနိုင်ရင် စီစဉ်ထားရှိပေးထားပါသည်။ ယခု အရောင်းပြပွဲကြီးနဲ့ ပတ်သတ် ShweProperty မှ တည်ထောင်သူ ဦးကောင်းသူဝင်းက ''အခု အချိန်ကို လူအများက New Normal ဓလေ့ အသစ်လို့ လက်ခံထားကြပါတယ်။ယခုလိုဓလေ့သစ်အချိန်မှာ Shweproperty အနေနဲ့ အများပြည်သူ ကို အမြဲပေးနေတဲ့ ဝန်ဆောင်မှုတွေကို ခြေလှမ်းတစ်ခု အနေနဲ့ အွန်လိုင်းကနေ အိမ်ရာ အရောင်းပြခန်း ကျင်းပါ့တာပါလို့ပြောကြားပါသည်။

 

အွန်လိုင်း အိမ်ရာအရောင်းပြပွဲမှာဆိုရင် မိမိဝယ်ယူချင်တဲ့ အိမ်ရာကို ဖုန်း သို့ ကွန်ပြုတာနဲ့ အသေးစိတ်ကြည့်ရှုနိုင်ရန် စီစဉ်ထားတယ်သိရပါသည်။လက်ရှိမှာ အိမ်ရာတွေကို ဝယ်ယူ မှုက ထင်ထားသည်ထက်ပိုပြီး သွက်နေတာတွေ့ရပါသည်။အဘယ်ကြောင့်ဆိုသော် ဘဏ်တွေကလည်း အိမ်ရာချေးငွေ အတိုးနှုန်းတွေလျော့ချပေးတာကြောင့် လူတိုင်းလိုလို အိမ်ဝယ်ယူလာနိုင်ကျတာပါ တကယ်တမ်းမှာ အိမ်ငှားခလောက်ပမာဏကို လစဉ်ပေးသွင်းရုံနဲ့ အိမ်ရာ ပိုင်ဆိုင်နိုင်ခြင်းကြောင့် ဖြစ်သည်။ အွန်လိုင်းကနေ ဝယ်ယူ ရမှာဖြစ်တာမို့ သူ့ရဲ့ အားသာချက်တွေက ဝယ်ယူသူက ဘယ်နိုင်ငံကပင်ဖြစ်နေပါစေ မိမိ ဝယ်ယူမည့် အိမ်ရာကို Map တွေ ၊ Location အတိအကျ တွေအပြင် ၊ အိမ်တွင်း ၃၆၀ ပတ်ပတ်လည်ရိုက်ထားတဲ့ ပုံတွေကို ကြည့်ရှုဝယ်ယူနိုင်မှာဖြစ်ပါသည်။ စိတ်ပါဝင်စားပါက https://www.shweproperty.com/online-expo မှာ ဝင်ရောက် စာရင်းပေးသွင်း နိုင်ပါသည်။ သိရှိလိုသည်များရှိပါက ကိုစည်သူဖြိုး ( ၀၉၉၆၉၁၂၇၁၅၅) သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

Myanmar Builder Guide 

Read 263 times
Rate this item
(0 votes)
Tagged under