ကိုဗစ်ဂယက်ကြောင့် ဆောက်လုပ်ရေးကဏ္ဍအခက်များ

ကိုဗစ်ဂယက်ကြောင့် ဆောက်လုပ်ရေးကဏ္ဍအခက်များ

အခြေခံအဆောက်အအုံများကဲ့သို့ အရေးပါသောစီမံကိန်းများက ရှေ့သို့ချီတက်နေစဉ် COVID-19 အကျပ်အတည်း မကုန်မချင်း ဆောက်လုပ်ရေးစီမံကိန်းများကို ရပ်ဆိုင်းထားနိုင်ဖွယ် ရှိနေသည်။

COVID-19 ဖြစ်ပွားနေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် ဖြစ်ပေါ်လာနိုင်သော အလားအလာများကို ထိုးဖောက်သိမြင်ရန် အချက်အလက် အရင်းအမြစ်အမြောက်အများကို Risk & Insurance ®က စစ်တမ်းကောက်ယူခဲ့သည်။

၁) နှောင့်နှေးခြင်းနှင့်ဆိုင်းငံ့ခြင်း
ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆက်စပ်သော အဓိကကူးစက်ရောဂါဖြစ်နိုင်ခြေမှာ စီမံကိန်းများ၏ နှောင့်နှေးခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းဖြစ်သည်ဟု Gallagher US ဆောက်လုပ်ရေးလုပ်ငန်း၏ မန်နေးဂျင်းဒါရိုက်တာ Brian Cooper ကပြောကြားခဲ့သည်။
“ ကန်ထရိုက် စာချုပ်တစ်ခုချင်းစီဟာ ထူးခြားတဲ့စိန်ခေါ်ချက်တွေကို ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် မရှိမဖြစ်လိုအပ်တယ်လို့ သတ်မှတ်ထားတဲ့ အများပြည်သူဆိုင်ရာလုပ်ငန်းများဟာ အနှောင့်အယှက်မရှိ ဆက်လက်လုပ်ဆောင်နိုင်လိမ့်မယ်“ ဟု သူက ပြောသည်။
ယခုအခါ ဆောက်လုပ်ရေး လုပ်ငန်းခွင် အတော်များများတို့ကို ယာယီ ရပ်နားထားကြရသည်။ စီမံကိန်းကို ပိတ်သိမ်းခြင်း မပြုရသေးသော အခြားအခြေအနေများ ရှိသော်လည်း ကန်ထရိုက်တာများသည်အလုပ်သမားများအား ကူးစက်မည့် အန္တရာယ်မပေးရန် ဆုံးဖြတ်ပြီး လက်ရှိစီမံကိန်းများကို ရပ်ဆိုင်းထားခြင်းလည်း ရှိသည်။

“ ဒါက ကန်ထရိုက်တာကြီးတွေကိုရော၊ လက်ခွဲကန်ထရိုက်တာတွေကိုရော အကျပ်ရိုက်စေတယ်။ စာချုပ်ပါအတိုင်း အချိန်မီ ပြီးစီးအောင် ဆောင်လုပ်ပေးဖို့ တာဝန် သူတို့မှာ ရှိနေပေမဲ့ ပုံသေကားကျ မလုပ်ဘဲ ကတိကို ပျက်ကွက်ဖို့ ဆုံးဖြတ်ကြရတယ်”

ကန်ထရိုက်အများစု တွင် force majeure မလွန်ဆန်နိုင်သောအဖြစ် စကားရပ်ရှိသည် ၊ ၎င်းသည် အချိန်ပိုပေးနိုင်သော်လည်း ကုန်ကျစရိတ် ပိုမိုကုန်ကျသွားသည်ကို
ပုံမှန်အားဖြင့် ပြန်ပေးလေ့ မရှိ။

“ အကယ်၍ ဒီအခြေအနေက အချိန်အတော်ကြာဆက်ရှိနေမယ်ဆိုရင် ငွေသားစီးဆင်းမှုကို ထိခိုက်နိုင်ပြီး စီးပွားရေးထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပါတယ်။ လက်ခွဲ ကန်ထရိုက်တာတွေ ပြိုလဲရင် ပင်မကန်ထရိုက်က ဘာတတ်နိုင်မှာလဲ“ ဟု Cooper ကပြောကြားခဲ့သည်။

၂) ဖျက်သိမ်းခြင်း
ယနေ့ထိ အစီရင်ခံစာများအရ တည်ဆောက်သူများသည် စတင်ပြီးဖြစ်သော စီမံကိန်းများကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သော်လည်း စီမံကိန်းအသစ်များအနေဖြင့် ဖျက်သိမ်းခြင်း အန္တရာယ်များ ရှိနေသည်။

အိမ်ရာသစ်ဝယ်ယူမည့်သူများ အချိန်ရွှေ့ဆိုင်းလိုက်ကြခြင်းနှင့် စီးပွားရေး အခြေအနေ မရေရာမှုများကို ရင်ဆိုင်နေရခြင်းတို့ကြောင့် ယခုနှစ်တွင် ကျန်အိမ်ရာအသစ်များ ဆောက်လုပ်ရန်အတွက် မျှော်လင့်ချက်များမှာ အလွန်အမင်းလျော့ကျသွားသည်ဟ National Council on Compensation Insurance မှ အကြီးတန်းစီးပွားရေးပညာရှင် Leonard F. Herk က ပြောကြားခဲ့သည်။

အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းကြီးများသည်မြေယာဝယ်ယူမှုကို ရပ်ဆိုင်းခြင်းနှင့် တည်ဆောက်ရေးအသစ်များကို ခေတ္တဆိုင်းငံ့ထားကြသည်။ သေးငယ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းငယ်တွေအပေါ် ရှိပြီးသား ကတိကဝတ် ပယ်ဖျက်ကြမည်ဖြစ်သည်။ သူတို့ လုပ်ကိုင်ရမည့် စီမံကိန်းများ ရုပ်သိမ်းခြင်းကို ကြုံရမည် ဖြစ်သည်။

၃) ထောက်ပံ့ရေးကွင်းဆက်
လက်ရှိအချိန်တွင် ထောက်ပံ့ရေး ကွင်းဆက်များ အပိုင်းပိုင်း ပြတ်နေသည်။ လိုအပ်သော ပစ္စည်းများ ရရှိနိုင်မှု မသေချာ မရေရာ ဖြစ်နေသည်။ ထောက်ပံ့ပို့ဆောင်ရေး အပိုင်းမှာလည်း အကန့်အသတ်များ ရှိနေသည်။

“ရေပိုက်နဲ့ လျှပ်စစ်ပစ္စည်းကိရိယာတွေလို ဆောက်လုပ်ရေးအစိတ်အပိုင်းတချို့ဟာ တရုတ်နဲ့ အာရှတိုက်ကနေ ဆင်းသက်လာတာပါ” ဟု Herk ကပြောကြားခဲ့သည်။
ဆောက်လုပ်ရေးအတွက် အကောင်းဆုံး ဖြစ်သော ပွင့်လင်းရာသီတွင် အလုပ်များ ထိခိုက်သဖြင့် အလုပ်သမားများ အလုပ်ပြုတ်ကြရသည်ကိုလည်း ရင်ဆိုင်ကြရလိမ့်မည်ဟု သူက ခန့်မှန်းပြောကြားသည်။

၄။ ရန်နှောင့်နှေးခြင်းကြောင့် အပိုဆောင်းဆုံးရှုံးမှုများ

Allianz Global Corporate & Speciality မှ စွမ်းအင်နှင့်ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ စွန့်စားမှုဆိုင်ရာအကြံပေးအကြီးတန်းအဖွဲ့ခေါင်းဆောင် Jay Siegel က “ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ အကြောင်းပြချက် အမျိုးမျိုး များစွာကြောင့် အလုပ်ပြတ်သွားနိုင်တယ်။ ဒေဝါလီခံခြင်း၊ အစိုးရအာဏာပိုင်များရဲ့ ဆုံးဖြတ်ချက်၊ ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်များစတဲ့ အကြောင်းတရားများ ပါဝင်သည်ဟု သူက ပြောသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လူမရှိသဖြင့် မီးလောင်ခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်းနှင့် ရေကြီးခြင်းစသည့် အဖြစ်အပျက်များမှ ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည်။
စီမံကိန်းဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်စေရန် စီမံကိန်းကို စောစီးစွာကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်သည်ဟု သူက ပြောကြားခဲ့သည်။

စက်ကိရိယာများနှင့်စက်ယန္တရားများကို အချိန်မှန်မှန် ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်း၊ တစ်စိတ်တစ်ပိုင်းပြီးစီးသောအလုပ်နှင့် ယာယီအဆောက်အဦ များလုံခြုံမှုရှိစေခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ခြင်းနှင့် အချိန်ဇယားဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ လိုအပ်သည်ဟု သူက ပြောသည်။
ဘဏ်ချေးငွေ ရယူ၍ လုပ်ကိုင်လည်ပတ်နေသော လုပ်ငန်းများအနေဖြင့် ဘဏ်တိုးတက်သည့် ဆုံးရှုံးမှုများ ရှိနေစေသည်ဟု သူက ထောက်ပြသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်သူများက ထပ်မံထည့်သွင်းရမည်ကို မထည့်တော့ဘဲ နောက်ဆုတ်သွားခြင်းများကိုလည်း ရင်ဆိုင်ရလိမ့်မည်ဟုသူ က ပြောကြားသည်။

riskandinsurance.com

 

ကိုဗစ္ဂယက္ေၾကာင့္ ေဆာက္လုပ္ေရးက႑အခက္မ်ား


အေျခခံအေဆာက္အအုံမ်ားကဲ့သို႔ အေရးပါေသာစီမံကိန္းမ်ားက ေရွ႕သို႔ခ်ီတက္ေနစဥ္ COVID-19 အက်ပ္အတည္း မကုန္မခ်င္း ေဆာက္လုပ္ေရးစီမံကိန္းမ်ားကို ရပ္ဆိုင္းထားႏိုင္ဖြယ္ ရွိေနသည္။
COVID-19 ျဖစ္ပြားေနသည့္အတြက္ ေဆာက္လုပ္ေရးလုပ္ငန္းက႑တြင္ ျဖစ္ေပၚလာႏိုင္ေသာ အလားအလာမ်ားကို ထိုးေဖာက္သိျမင္ရန္ အခ်က္အလက္ အရင္းအျမစ္အေျမာက္အမ်ားကို Risk & Insurance ®က စစ္တမ္းေကာက္ယူခဲ့သည္။

၁) ေႏွာင့္ေႏွးျခင္းႏွင့္ဆိုင္းငံ့ျခင္း
ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ ဆက္စပ္ေသာ အဓိကကူးစက္ေရာဂါျဖစ္ႏိုင္ေျခမွာ စီမံကိန္းမ်ား၏ ေႏွာင့္ေႏွးျခင္း၊ ဆိုင္းငံ့ျခင္း သို႔မဟုတ္ ဖ်က္သိမ္းျခင္းျဖစ္သည္ဟု Gallagher US ေဆာက္လုပ္ေရးလုပ္ငန္း၏ မန္ေနးဂ်င္းဒါ႐ိုက္တာ Brian Cooper ကေျပာၾကားခဲ့သည္။
“ ကန္ထ႐ိုက္ စာခ်ဳပ္တစ္ခုခ်င္းစီဟာ ထူးျခားတဲ့စိန္ေခၚခ်က္ေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဥပမာအားျဖင့္ မရွိမျဖစ္လိုအပ္တယ္လို႔ သတ္မွတ္ထားတဲ့ အမ်ားျပည္သူဆိုင္ရာလုပ္ငန္းမ်ားဟာ အေႏွာင့္အယွက္မရွိ ဆက္လက္လုပ္ေဆာင္ႏိုင္လိမ့္မယ္“ ဟု သူက ေျပာသည္။
ယခုအခါ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ အေတာ္မ်ားမ်ားတို႔ကို ယာယီ ရပ္နားထားၾကရသည္။ စီမံကိန္းကို ပိတ္သိမ္းျခင္း မျပဳရေသးေသာ အျခားအေျခအေနမ်ား ရွိေသာ္လည္း ကန္ထ႐ိုက္တာမ်ားသည္အလုပ္သမားမ်ားအား ကူးစက္မည့္ အႏၲရာယ္မေပးရန္ ဆုံးျဖတ္ၿပီး လက္ရွိစီမံကိန္းမ်ားကို ရပ္ဆိုင္းထားျခင္းလည္း ရွိသည္။

“ ဒါက ကန္ထ႐ိုက္တာႀကီးေတြကိုေရာ၊ လက္ခြဲကန္ထ႐ိုက္တာေတြကိုေရာ အက်ပ္႐ိုက္ေစတယ္။ စာခ်ဳပ္ပါအတိုင္း အခ်ိန္မီ ၿပီးစီးေအာင္ ေဆာင္လုပ္ေပးဖို႔ တာ၀န္ သူတို႔မွာ ရွိေနေပမဲ့ ပုံေသကားက် မလုပ္ဘဲ ကတိကို ပ်က္ကြက္ဖို႔ ဆုံးျဖတ္ၾကရတယ္္” ​​

ကန္ထ႐ိုက္အမ်ားစု တြင္ force majeure မလြန္ဆန္ႏိုင္ေသာအျဖစ္ စကားရပ္ရွိသည္ ၊ ၎သည္ အခ်ိန္ပိုေပးႏိုင္ေသာ္လည္း ကုန္က်စရိတ္ ပိုမိုကုန္က်သြားသည္ကို
ပုံမွန္အားျဖင့္ ျပန္ေပးေလ့ မရွိ။

“ အကယ္၍ ဒီအေျခအေနက အခ်ိန္အေတာ္ၾကာဆက္ရွိေနမယ္ဆိုရင္ ေငြသားစီးဆင္းမႈကို ထိခိုက္ႏိုင္ၿပီး စီးပြားေရးထိခိုက္ေသဆုံးမႈေတြ ရွိႏိုင္ပါတယ္။ လက္ခြဲ ကန္ထ႐ိုက္တာေတြ ၿပိဳလဲရင္ ပင္မကန္ထ႐ိုက္က ဘာတတ္ႏိုင္မွာလဲ“ ဟု Cooper ကေျပာၾကားခဲ့သည္။

၂) ဖ်က္သိမ္းျခင္း
ယေန႔ထိ အစီရင္ခံစာမ်ားအရ တည္ေဆာက္သူမ်ားသည္ စတင္ၿပီးျဖစ္ေသာ စီမံကိန္းမ်ားကို ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္ေသာ္လည္း စီမံကိန္းအသစ္မ်ားအေနျဖင့္ ဖ်က္သိမ္းျခင္း အႏၲရာယ္မ်ား ရွိေနသည္။

အိမ္ရာသစ္ဝယ္ယူမည့္သူမ်ား အခ်ိန္ေရႊ႕ဆိုင္းလိုက္ၾကျခင္းႏွင့္ စီးပြားေရး အေျခအေန မေရရာမႈမ်ားကို ရင္ဆိုင္ေနရျခင္းတို႔ေၾကာင့္ ယခုႏွစ္တြင္ က်န္အိမ္ရာအသစ္မ်ား ေဆာက္လုပ္ရန္အတြက္ ေမွ်ာ္လင့္ခ်က္မ်ားမွာ အလြန္အမင္းေလ်ာ့က်သြားသည္ဟ National Council on Compensation Insurance မွ အႀကီးတန္းစီးပြားေရးပညာရွင္ Leonard F. Herk က ေျပာၾကားခဲ့သည္။

အိမ္ရာေဆာက္လုပ္ေရးလုပ္ငန္းႀကီးမ်ားသည္ေျမယာဝယ္ယူမႈကို ရပ္ဆိုင္းျခင္းႏွင့္ တည္ေဆာက္ေရးအသစ္မ်ားကို ေခတၱဆိုင္းငံ့ထားၾကသည္။ ေသးငယ္တဲ့ ေဆာက္လုပ္ေရး လုပ္ငန္းငယ္ေတြအေပၚ ရွိၿပီးသား ကတိကဝတ္ ပယ္ဖ်က္ၾကမည္ျဖစ္သည္။ သူတို႔ လုပ္ကိုင္ရမည့္ စီမံကိန္းမ်ား ႐ုပ္သိမ္းျခင္းကို ၾကံဳရမည္ ျဖစ္သည္။

၃) ေထာက္ပံ့ေရးကြင္းဆက္
လက္ရွိအခ်ိန္တြင္ ေထာက္ပံ့ေရး ကြင္းဆက္မ်ား အပိုင္းပိုင္း ျပတ္ေနသည္။ လိုအပ္ေသာ ပစၥည္းမ်ား ရရွိႏိုင္မႈ မေသခ်ာ မေရရာ ျဖစ္ေနသည္။ ေထာက္ပံ့ပို႔ေဆာင္ေရး အပိုင္းမွာလည္း အကန္႔အသတ္မ်ား ရွိေနသည္။

“ေရပိုက္နဲ႔ လွ်ပ္စစ္ပစၥည္းကိရိယာေတြလို ေဆာက္လုပ္ေရးအစိတ္အပိုင္းတခ်ိဳ႕ဟာ တ႐ုတ္နဲ႔ အာရွတိုက္ကေန ဆင္းသက္လာတာပါ” ဟု Herk ကေျပာၾကားခဲ့သည္။
ေဆာက္လုပ္ေရးအတြက္ အေကာင္းဆုံး ျဖစ္ေသာ ပြင့္လင္းရာသီတြင္ အလုပ္မ်ား ထိခိုက္သျဖင့္ အလုပ္သမားမ်ား အလုပ္ျပဳတ္ၾကရသည္ကိုလည္း ရင္ဆိုင္ၾကရလိမ့္မည္ဟု သူက ခန္႔မွန္းေျပာၾကားသည္။

၄။ ရန္ေႏွာင့္ေႏွးျခင္းေၾကာင့္ အပိုေဆာင္းဆုံးရႈံးမႈမ်ား

Allianz Global Corporate & Speciality မွ စြမ္းအင္ႏွင့္ေဆာက္လုပ္ေရးလုပ္ငန္းဆိုင္ရာ စြန႔္စားမႈဆိုင္ရာအႀကံေပးအႀကီးတန္းအဖြဲ႕ေခါင္းေဆာင္ Jay Siegel က “ ေဆာက္လုပ္ေရးစီမံကိန္းေတြမွာ အေၾကာင္းျပခ်က္ အမ်ဳိးမ်ဳိး မ်ားစြာေၾကာင့္ အလုပ္ျပတ္သြားႏိုင္တယ္။ ေဒဝါလီခံျခင္း၊ အစိုးရအာဏာပိုင္မ်ားရဲ႕ ဆုံးျဖတ္ခ်က္၊ ကူးစက္ေရာဂါႏွင့္သဘာဝေဘးအႏၲရာယ္မ်ားစတဲ့ အေၾကာင္းတရားမ်ား ပါ၀င္သည္ဟု သူက ေျပာသည္။ ေဆာက္လုပ္ေရး လုပ္ငန္းခြင္တြင္ လူမရွိသျဖင့္ မီးေလာင္ျခင္း၊ ဖ်က္ဆီးျခင္း၊ ခိုးယူျခင္းႏွင့္ ေရႀကီးျခင္းစသည့္ အျဖစ္အပ်က္မ်ားမွ ဆုံးရႈံးမႈမ်ား ၾကံဳေတြ႕ရႏိုင္သည္။
စီမံကိန္းဆုံးရႈံးမႈမ်ားကို အနည္းဆုံးျဖစ္ေစရန္ စီမံကိန္းကို ေစာစီးစြာႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္ရန္လိုအပ္သည္ဟု သူက ေျပာၾကားခဲ့သည္။

စက္ကိရိယာမ်ားႏွင့္စက္ယႏၲရားမ်ားကို အခ်ိန္မွန္မွန္ ထိန္းသိမ္းျခင္း၊ ကာကြယ္ျခင္း၊ တစ္စိတ္တစ္ပိုင္းၿပီးစီးေသာအလုပ္ႏွင့္ ယာယီအေဆာက္အဦ မ်ားလုံၿခဳံမႈရွိေစျခင္း၊ သဘာဝေဘးအႏၲရာယ္္မ်ားမွ ကာကြယ္ျခင္းႏွင့္ အခ်ိန္ဇယားျဖင့္ ကြင္းဆင္းစစ္ေဆးျခင္းမ်ား လိုအပ္သည္ဟု သူက ေျပာသည္။
ဘဏ္ေခ်းေငြ ရယူ၍ လုပ္ကိုင္လည္ပတ္ေနေသာ လုပ္ငန္းမ်ားအေနျဖင့္ ဘဏ္တိုးတက္သည့္ ဆုံးရႈံးမႈမ်ား ရွိေနေစသည္ဟု သူက ေထာက္ျပသည္။
ထို႔ျပင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ထည့္၀င္သူမ်ားက ထပ္မံထည့္သြင္းရမည္ကို မထည့္ေတာ့ဘဲ ေနာက္ဆုတ္သြားျခင္းမ်ားကိုလည္း ရင္ဆိုင္ရလိမ့္မည္ဟုသူ က ေျပာၾကားသည္။

riskandinsurance.com

 

 

Read 1040 times
Rate this item
(0 votes)