ပုလဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်

ပုလဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက် MOI
ပုလဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊   ပုလဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့်မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်  မြို့နယ်မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
ပုလဲမြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်ဇင်က “ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၊ အခြေခံပညာအထက်တန်းကျောင်းမှာ ဖွင့်လှစ်ထားရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ကူညီစောင့်ရှောက်မှုစခန်း ၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲတပ်ဖွဲ့စခန်းနှင့် အချုပ်ခန်းများအပါအဝင် ဌာနဆိုင်ရာ ရုံးများမှာ ပိုးသတ် ဆေးဖျန်းခြင်း လုပ်ငန်းကို မတ် ၃၀ ရက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှာ မြို့နယ် စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်မော်တူးနှင့် ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များက ကျန်ရှိနေတဲ့ ဌာနဆိုင်ရာရုံးများနှင့် မြို့မဈေးရှိ ဈေးဆိုင်ခန်းများအား ပိုးသတ် ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ် ”  ဟု ပြောကြားခဲ့သည်။
 
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတိုင်းဒေသကြီးအဆင့်လုပ်ငန်းကော်မတီမှ ညွှန်ကြားချက်ထုတ်ပြန်ထားသည့် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များမှာ ဆိုင်ထိုင်ရောင်းချခြင်းမပြုလုပ်ဘဲ ပါဆယ်ဖြင့် ကန့်သတ်ရောင်းချသွားနိုင်ရေးအတွက်ကိုလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မတ် ၂၈ ရက်နေ့မှ စတင်၍ ဆိုင်များတွင် အသိပေးနှိုးဆော်စာဗီနိုင်းများကပ်ပြီး ဆိုင်ရှင်များအား စည်းရုံးပြောဆို ဆောင်ရွက်ခဲ့ရာ ဆိုင်ရှင်များကလည်း ကြည်ဖြူစွာဖြင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။
 
builder_home.jpg
 
 
Zawgyi
 
ပုလဲၿမိဳ႕ေပၚရွိ ဌာနဆိုင္ရာ႐ုံးမ်ား၊ ၿမိဳ႕မေဈးရွိ ေဈးဆိုင္ခန္းမ်ားတြင္ ကိုဗစ္-၁၉ ေရာဂါ ႀကိဳတင္ ကာကြယ္ႏိုင္ေရးအတြက္ ပိုးသတ္ေဆးဖ်န္းျခင္း လုပ္ငန္းေဆာင္႐ြက္
 
စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ခ႐ိုင္၊   ပုလဲၿမိဳ႕ေပၚရွိ ဌာနဆိုင္ရာ႐ုံးမ်ားႏွင့္ၿမိဳ႕မေဈးရွိ ေဈးဆိုင္ခန္းမ်ားတြင္ ကိုဗစ္-၁၉ ေရာဂါႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ ပိုးသတ္ေဆးဖ်န္းျခင္းလုပ္ငန္းကို ယမန္ေန႔က ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီႏွင့္  ၿမိဳ႕နယ္မီးသတ္ဦးစီး ဌာနတို႔ ပူးေပါင္း၍ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
 
ပုလဲၿမိဳ႕နယ္ မီးသတ္ဦးစီးဌာန၊ ဒုတိယဦးစီးမႉး ဦးေက်ာ္ဇင္က “ ကိုဗစ္-၁၉ ေရာဂါႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ပုလဲရတနာခန္းမ၊ ၿမိဳ႕နယ္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ ၿမိဳ႕နယ္စာရင္းစစ္႐ုံး၊ ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံး၊ ျမန္မာ့စီးပြားေရးဘဏ္ခြဲ၊ အေျခခံပညာအထက္တန္းေက်ာင္းမွာ ဖြင့္လွစ္ထားရွိတဲ့ ကိုဗစ္-၁၉ ေရာဂါ ျပန႔္ပြားမႈမရွိေစေရး ကူညီေစာင့္ေရွာက္မႈစခန္း ၊ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံး၊ ၿမိဳ႕မရဲတပ္ဖြဲ႕စခန္းႏွင့္ အခ်ဳပ္ခန္းမ်ားအပါအဝင္ ဌာနဆိုင္ရာ ႐ုံးမ်ားမွာ ပိုးသတ္ ေဆးဖ်န္းျခင္း လုပ္ငန္းကို မတ္ ၃၀ ရက္ ေဆာင္႐ြက္ေပးႏိုင္ခဲ့ၿပီး ဧၿပီ ၁ ရက္မွာ ၿမိဳ႕နယ္ စည္ပင္ သာယာေရးေကာ္မတီ အတြင္းေရးမႉး ေဒၚေမာ္တူးႏွင့္ ဝန္ထမ္းမ်ား၊ ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ မီးသတ္ တပ္ဖြဲ႕ဝင္မ်ားက က်န္ရွိေနတဲ့ ဌာနဆိုင္ရာ႐ုံးမ်ားႏွင့္ ၿမိဳ႕မေဈးရွိ ေဈးဆိုင္ခန္းမ်ားအား ပိုးသတ္ ေဆးဖ်န္းျခင္း လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးျခင္း ျဖစ္ပါတယ္ ”  ဟု ေျပာၾကားခဲ့သည္။
 
စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ကိုဗစ္-၁၉ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးတိုင္းေဒသႀကီးအဆင့္လုပ္ငန္းေကာ္မတီမွ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားသည့္ ၿမိဳ႕နယ္အတြင္း ဖြင့္လွစ္ေရာင္းခ်လ်က္ရွိေသာ ထမင္းဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ လက္ဖက္ရည္ဆိုင္မ်ားမွာ ဆိုင္ထိုင္ေရာင္းခ်ျခင္းမျပဳလုပ္ဘဲ ပါဆယ္ျဖင့္ ကန႔္သတ္ေရာင္းခ်သြားႏိုင္ေရးအတြက္ကိုလည္း ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီႏွင့္ ရပ္ကြက္/ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးမ်ားက မတ္ ၂၈ ရက္ေန႔မွ စတင္၍ ဆိုင္မ်ားတြင္ အသိေပးႏႈိးေဆာ္စာဗီႏိုင္းမ်ားကပ္ၿပီး ဆိုင္ရွင္မ်ားအား စည္း႐ုံးေျပာဆို ေဆာင္႐ြက္ခဲ့ရာ ဆိုင္ရွင္မ်ားကလည္း ၾကည္ျဖဴစြာျဖင့္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ေပးခဲ့ေၾကာင္း ၿမိဳ႕နယ္ စီမံခန႔္ခြဲမႈေကာ္မတီ႐ုံးမွ သိရသည္။
 
 
Source; MOI
Read 162 times Last modified on Thursday, 02 April 2020 11:54
Rate this item
(0 votes)