ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရက သတ်မှတ်ထားသည့် မြေဈေးနှုန်းများလျော့ကျ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရက သတ်မှတ်ထားသည့် မြေဈေးနှုန်းများလျော့ကျ google

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် အစိုးရက မြေဧကဈေးနှုန်းများ သတ်မှတ်ထားရာ

 

ပြီးခဲ့သည့် 

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်က ဈေးနှုန်းထက် ၁ဝ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ လက်ရှိ ဘဏ္ဍာနှစ်အတွက် မြေဧကသတ်မှတ်သည့် ဈေးနှုန်းများ

ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း လက်ရှိဈေးကွက်တွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်က ဈေးနှုန်းများအတိုင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ရန်ကုန်မြို့အိမ်ခြံမြေကဏ္ဍအတွက်တန်ဖိုးသတ်မှတ်ပေးမည့်အစီရင်ခံစာကို ပြည်တွင်းအခွန်များဦးစီးဌာနမှဇွန်လတွင်ထုတ်ပြန်ခဲ့ပြီး

အထင်ကရပြောင်းလဲမှုများအဖြစ်အဓိကလမ်းမကြီးနှစ် ခုဖြစ်သောပြည်လမ်းနှင့်ကမ္ဘာအေးဘုရားလမ်မှလွဲ၍ရန်ကုန်မြို့စည်ပင်သာယာနယ် နမိတ်အတွင်း ရှိ

လမ်းများအားလုံး၏မြေဈေးများ၁၀ရာခိုင်နှုန်း ပတ်ဝန်းကျင်ခန့်လျော့ကျခဲ့သည်။ ဈေးနှုန်းကွာခြားချက်ကြီးမားသည့် ဒဂုံမြို့နယ်ရှိပြည်လမ်းမ၏တစ်စတုရန်းပေမြေကွက်ဈေးကို

အခြားမြို့နယ်များနှင့်တပြေးညီဖြစ်စေရန်ကျပ် ၄၀၀,၀၀၀သို့တိုးမြှင့်ခဲ့ပြီး ဈေးနှုန်း အနည်းဆုံးဖြစ်သည့် မြောက်ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့်

လှိုင်သာယာမြို့တို့ရှိမြေဈေးများ ကို၂၀ရာခိုင်နှုန်းမှ၄၀ရာခိုင်နှုန်း တိုးမြှင့်ခဲ့ခြင်းကြောင့် လက်ရှိတွင် ရန်ကုန်မြို့ရှိ မြေဈေးနှုန်းများမှာ ကွာဟချက် ကျဉ်းမြောင်းခဲ့သည်။

၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်အတွက် လမ်းအမျိုးအစားပေါ်မူတည်၍သတ်မှတ်ထားပြီး မြေဈေးနှုန်းများမှာ မြို့နယ်များအလိုက် တစ်စတုရန်းပေမြေကွက်ဈေးကို

ကျပ် ၃၂ဝဝ မှ ကျပ်၂၇၀,၀၀၀ သတ်မှတ်ထားသည်။ ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပရှိ မြို့များတွင် မြေဧကသတ်မှတ်ဈေးနှုန်းများ အပြောင်းအလဲ မရှိပဲ

၂ဝ၁၇-၂ဝ၁၈က သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်းသာ သတ်မှတ်ထားသည်။ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိမြို့များတွင်

တစ်စတုရန်းပေမြေကွက်ဈေးကို ကျပ် သုံးရာမှ စတင်ကာ ကျပ်ငါးသောင်းအထိ သတ်မှတ်ထားသည်။ ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပရှိ မြို့များတွင်

ဧကအလိုက် ဈေးနှုန်းသတ်မှတ်မှာ တစ်ဧကလျှင် ကျပ်သိန်း ၂ဝမှ ကျပ်သိန်း ၅ဝအထိ သတ်မှတ်ထားသည်။

ထို့အပြင် တိုက်ခန်းနှင့် ကွန်ဒိုဈေးနှုန်းများမှာ ၂ဝ၁၇-၂၀၁၈ခုနှစ်က သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း အပြောင်းအလဲမရှိသော်လည်း

တိုက်ခန်းဈေးသတ်မှတ်အတွက် ခြောက်လွှာနှင့် အထက်ဟု ပြင်ဆင်ခဲ့သည်။ တိုက်ခန်းများအတွက် သတ်မှတ်ထားသည့်ဈေးနှုန်းများအနေဖြင့်

လမ်းအနေအထားပေါ်မူတည်ကာ တွက်ချက်ထားပြီး အတွင်းလမ်း၊လမ်းမကျယ်နှင့် အဓိကလမ်းမကြီးစသည့် လမ်းအမျိုးအစားအလိုက် သတ်မှတ် ထားမှုကွာခြားသည်။

 

 2

 

Myanmar Builders Guide

 

 

 

Zawgyi ျဖင့္ဖတ္ရန္

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း အစိုးရက သတ္မွတ္ထားသည့္ ေျမေဈးႏႈန္းမ်ားေလ်ာ့က်

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း အစိုးရက သတ္မွတ္ထားသည့္ ေျမေဈးႏႈန္းမ်ားေလ်ာ့က် ၂၀၁၈-၂၀၁၉ဘ႑ာႏွစ္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားအလိုက္ အစိုးရက ေျမဧကေဈးႏႈန္းမ်ား သတ္မွတ္ထားရာ

 

ၿပီးခဲ့သည့္ ၂၀၁၇-၂၀၁၈ဘ႑ာႏွစ္က ေဈးႏႈန္းထက္ ၁ဝ ရာခိုင္ႏႈန္း ေလ်ာ့က်ခဲ့သည္။

 

လက္ရွိ ဘ႑ာႏွစ္အတြက္ ေျမဧကသတ္မွတ္သည့္ ေဈးႏႈန္းမ်ား ထြက္ေပၚလာျခင္းမရွိေသးေသာ္လည္း လက္ရွိေဈးကြက္တြင္ ၂၀၁၈-၂၀၁၉ဘ႑ာႏွစ္က ေဈးႏႈန္းမ်ားအတိုင္း အေရာင္းအဝယ္ျပဳလုပ္လ်က္ရွိသည္။

 

၂ဝ၁၈-၂ဝ၁၉ ဘ႑ာႏွစ္ရန္ကုန္ၿမိဳ႕အိမ္ၿခံေျမက႑အတြက္တန္ဖိုးသတ္မွတ္ေပးမည့္အစီရင္ခံစာကို ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွဇြန္လတြင္ထုတ္ျပန္ခဲ့ၿပီ

 

းအထင္ကရေျပာင္းလဲမႈမ်ားအျဖစ္အဓိကလမ္းမႀကီးႏွစ္ ခုျဖစ္ေသာျပည္လမ္းႏွင့္ကမာၻေအးဘုရားလမ္မွလြဲ၍ရန္ကုန္ၿမိဳ႕စည္ပင္သာယာနယ္ နမိတ္အတြင္း ရွိလမ္းမ်ားအားလုံး၏

 

ေျမေဈးမ်ား၁၀ရာခိုင္ႏႈန္း ပတ္ဝန္းက်င္ခန႔္ေလ်ာ့က်ခဲ့သည္။ ေဈးႏႈန္းကြာျခားခ်က္ႀကီးမားသည့္ ဒဂုံၿမိဳ႕နယ္ရွိျပည္လမ္းမ၏တစ္စတုရန္းေပေျမကြက္ေဈးကို အျခားၿမိဳ႕နယ္မ်ားႏွင့္

 

တေျပးညီျဖစ္ေစရန္က်ပ္ ၄၀၀,၀၀၀သို႔တိုးျမႇင့္ခဲ့ၿပီး ေဈးႏႈန္း အနည္းဆုံးျဖစ္သည့္ ေျမာက္ဒဂုံၿမိဳ႕နယ္၊ ေတာင္ဒဂုံၿမိဳ႕နယ္၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ႏွင့္

 

လႈိင္သာယာၿမိဳ႕တို႔ရွိေျမေဈးမ်ား ကို၂၀ရာခိုင္ႏႈန္းမွ၄၀ရာခိုင္ႏႈန္း တိုးျမႇင့္ခဲ့ျခင္းေၾကာင့္ လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ရွိ ေျမေဈးႏႈန္းမ်ားမွာ ကြာဟခ်က္ က်ဥ္းေျမာင္းခဲ့သည္။

 

၂ဝ၁၈-၂ဝ၁၉ဘ႑ာႏွစ္အတြက္ လမ္းအမ်ိဳးအစားေပၚမူတည္၍သတ္မွတ္ထားၿပီး ေျမေဈးႏႈန္းမ်ားမွာ ၿမိဳ႕နယ္မ်ားအလိုက္ တစ္စတုရန္းေပေျမကြက္ေဈးကို

 

က်ပ္ ၃၂ဝဝ မွ က်ပ္၂၇၀,၀၀၀ သတ္မွတ္ထားသည္။ ရန္ကုန္စည္ပင္နယ္နိမိတ္ ျပင္ပရွိ ၿမိဳ႕မ်ားတြင္ ေျမဧကသတ္မွတ္ေဈးႏႈန္းမ်ား အေျပာင္းအလဲ မရွိပဲ ၂ဝ၁၇-၂ဝ၁၈က

 

သတ္မွတ္ထားသည့္ ေဈးႏႈန္းမ်ားအတိုင္းသာ သတ္မွတ္ထားသည္။ရန္ကုန္စည္ပင္သာယာ နယ္နိမိတ္ျပင္ပရွိၿမိဳ႕မ်ားတြင္ တစ္စတုရန္းေပေျမကြက္ေဈးကို

 

က်ပ္ သုံးရာမွ စတင္ကာ က်ပ္ငါးေသာင္းအထိ သတ္မွတ္ထားသည္။ ရန္ကုန္စည္ပင္နယ္နိမိတ္ ျပင္ပရွိ ၿမိဳ႕မ်ားတြင္ ဧကအလိုက္ ေဈးႏႈန္းသတ္မွတ္မွာ

 

တစ္ဧကလွ်င္ က်ပ္သိန္း ၂ဝမွ က်ပ္သိန္း ၅ဝအထိ သတ္မွတ္ထားသည္။ ထို႔အျပင္ တိုက္ခန္းႏွင့္ ကြန္ဒိုေဈးႏႈန္းမ်ားမွာ ၂ဝ၁၇-၂၀၁၈ခုႏွစ္က သတ္မွတ္ထားသည့္

 

ေဈးႏႈန္းမ်ားအတိုင္း အေျပာင္းအလဲမရွိေသာ္လည္း တိုက္ခန္းေဈးသတ္မွတ္အတြက္ ေျခာက္လႊာႏွင့္ အထက္ဟု ျပင္ဆင္ခဲ့သည္။

 

တိုက္ခန္းမ်ားအတြက္ သတ္မွတ္ထားသည့္ေဈးႏႈန္းမ်ားအေနျဖင့္ လမ္းအေနအထားေပၚမူတည္ကာ တြက္ခ်က္ထားၿပီး အတြင္းလမ္း၊လမ္းမက်ယ္ႏွင့္ အဓိကလမ္းမႀကီးစသည့္

 

လမ္းအမ်ိဳးအစားအလိုက္ သတ္မွတ္ ထားမႈကြာျခားသည္။

 

သံထည် လုပ်ငန်းပေါင်း ၁၅၇ ခုကို ရှာရန်နှိပ်ပါ

Read 59550 times Last modified on Friday, 20 March 2020 10:51
Rate this item
(2 votes)
Tagged under