မြန်မာနိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းပြပွဲကို တပ်မတော်ခန်းမတွင် ၃ ရက်ကြာ ကျင်းပမည်

မြန်မာနိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းပြပွဲကို တပ်မတော်ခန်းမတွင် ၃ ရက်ကြာ ကျင်းပမည် google

ShweProperty.com မှကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းပြပွဲကို မတ်လ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။

 

အဆိုပါအရောင်းပြပွဲတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် CHID Bank တို့မှ ချိတ်ဆက်ပြီးရောင်းချမည့် အခန်းတန်ဖိုး (၆၆) သိန်းမှ ကျပ်သိန်း (၆၀၀) အတွင်းရှိ တန်ဖိုးနည်း/တန်ဖိုးသင့် အိမ်ရာစီမံကိန်းများကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေဖြင့် ဝယ်ယူနိုင်ဖို့ ပွဲရက်အတွင်း အိမ်ရာစုဆောင်းငွေစာရင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

 

 

>>>အဆောက်အဦဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုမည့်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ<<<

 

 

ပြပွဲအတွင်း ဝယ်ယူမယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးနှင့် ရန်ကုန်မြို့ရှိ မြန်မာငွေ ကျပ်သိန်း ၂၀၀ မှစသော တိုက်ခန်း ၊ ဓါတ်လှေကားပါ တိုက်ခန်းနှင့် ကွန်ဒိုများကို ဝယ်ယူသူစိတ်ကြိုက် ညှိနှိုင်းနိုင်တဲ့ Flexible Payment Plan အတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေနဲ့ ဝယ်ယူနိုင်ခွင့်၊ Residence များ Condominium များကို ဝယ်ယူမည့် သူများအတွက် 1sqft အထူးဈေးနှုန်းများ၊ လစဉ် (၂) သိန်းမှ စတင်ပေးသွင်းရုံဖြင့် ဝယ်ယူနိုင်သော တန်ဖိုးသင့် တိုက်ခန်းများကို အရစ်ကျစနစ်များဖြင့် ပါဝင်ပြသရောင်းချပေးသွားမည့်အပြင် အိမ်ရာဝယ်ယူသူများအတွက် 25% Discount သက်သာမည့် Special Discount ၊ Furniture Set နှင့် အိမ်သုံးပစ္စည်းများ စသည့် အားသာချက်များကို ရရှိနိုင်မှာပါ။

 

 

ထို့အပြင် အိမ်ရာချေးငွေလျောက်ထားနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ထိပ်တန်းဘဏ်ကြီးများဖြစ်သော AYA Bank, YOMA Bank တို့နဲ့လည်းချိတ်ဆက်ထားပြီးဖြစ်တဲ့အတွက် အလွယ်တကူလျောက်ထားနိုင်မှာ ဖြစ်ပါတယ်။

 

 

အိမ်ထောင်ပရိဘောဂ လုပ်ငန်းပေါင်း ၉၂၁ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပါပွဲကို တက်ရောက်မယ်ဆိုလျှင် အိပ်ခန်းဝယ်ယူသူများအတွက် အထူးလျှော့ဈေးများနှင့် လွယ်ကူစွာ ရွေးချယ်နိုင်ခြင်း၊ ဘဏ်များဖြင့် ချိတ်ဆက်၍ One Stop Service ဖြင့် ဝယ်ယူနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံချင်လိုသူများအတွက် ရန်ကုန်မြို့အတွင်းရှိ အချက်အချာကျသည့် Project များပါဝင်ခြင်း၊ Brand New ကားသစ်များပါ ဝယ်ယူနိုင်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများနှင့် Security Door များကိုပါ Discount များရရှိနိုင်မည့်အပြင ်အိမ်ခြံမြေ ကျွမ်းကျင်သူများနှင့်လည်း ဆွေးနွေးတိုင်ပင်နိုင်၍ အိမ်ခန်းများဝယ်ယူရာတွင် လွယ်ကူစွာ ရွေးချယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို တစ်နေရာတည်းတွင် ရရှိနိုင်မှာ ဖြစ်သည့်အတွက် လာရောက်ဖို့အတွက် ဖိတ်ခေါ်အပ်ပါတယ်။

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

Read 555 times
Rate this item
(0 votes)
Tagged under