ရန်ကုန်မြို့သစ်စီမံကိန်းအနီးဝန်းကျင်ရှိ အိမ်ခြံမြေများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်နေ

ရန်ကုန်မြို့သစ်စီမံကိန်းအနီးဝန်းကျင်ရှိ အိမ်ခြံမြေများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်နေ google

ရန်ကုန်တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့နယ် တစ်ဖက်ကမ်း၌ ဖော်ဆောင်မည့် ရန်ကုန်မြို့သစ်စီမံကိန်း အနီးဝန်းကျင်ရှိ အိမ်ခြံမြေများ အရာင်းအဝယ် ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရသည်။

 

ရန်ကုန်မြို့သစ်စီမံကိန်း အနီးဝန်းကျင် အိမ်ခြံမြေများကို ဝယ်ယူသူအများစုသည် ယခင်က အရောင်းအဝယ်ဖြစ်မှုနည်းကြောင်း၊ ယခုအခါ အရောင်းအဝယ်ကောင်းမွန်နေသည့် အိမ်ခြံမြေလုပ်ငန်းများ အကျိုးဖြစ်ထွန်းနေကြောင်း သိရသည်။

 

>>>မြေနီကုန်းခုံးကျော်တံတားအောက်၌ အားကစားပြုလုပ်နိုင်ရန် ကြမ်းပြင်များပြုပြင်ခင်းကျင်းနေ<<<

 

 

လက်ရှိလာရောက်ဝယ်ယူမှု အများဆုံးမြေများမှာ ပေ ၄၀× ပေ ၆၀ မြေကွက်များဖြစ်ပြီး နေရာပေါ်မူတည်၍ ငွေကျပ်သိန်း ၁၅၀ မှ ငွေကျပ် သိန်း ၂၀၀ အထိ ဈေးရှိကြောင်း၊ ယခင်က မြေပိုင်ဆိုင်မှုများတွင် ခိုင်မာမှုမရှိသော်လည်း မြို့သစ်စီမံကိန်း၌ ပြန်လည်နေရာချထားရေးအတွက် ယာယီမြေပေးအမိန့်များထုတ်ပေးနေခြင်းကြောင့် ဝယ်ယူမှုမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

 

ဆက်သွယ်ရေး လုပ်ငန်းပေါင်း ၁၂၁ ခုကို ရှာရန်နှိပ်ပါ

 

 

လက်ရှိတွင် မူလယာယီမြေပေးမိန့်ထုတ်ယူရန် ကျန်ရှိနေသာမြေပိုင်ရှင်များအား ယာယီမြေပေးမိန့် ပြန်လည်ပေးအပ်ခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တို့တွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကာ အရောင်းအဝယ်ပြုလုပ်နေသည့် မြေများမှာ စလစ်ထွက်ရှိပြီးသား မြေများသာဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအနီးဝန္းက်င္ရွိ အိမ္ၿခံေျမမ်ား အေရာင္းအဝယ္ ျပန္လည္ေကာင္းမြန္ေန

 

 

ရန္ကုန္တိုင္းေဒသႀကီး ၾကည္ျမင့္တိုင္ၿမိဳ႕နယ္ တစ္ဖက္ကမ္း၌ ေဖာ္ေဆာင္မည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း အနီးဝန္းက်င္ရွိ အိမ္ျခံေျမမ်ား အရာင္းအဝယ္ ျပန္လည္ေကာင္းမြန္လ်က္ရွိေၾကာင္း အိမ္ျခံေျမလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

 

 

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း အနီးဝန္းက်င္ အိမ္ၿခံေျမမ်ားကို ဝယ္ယူသူအမ်ားစုသည္ ယခင္က အေရာင္းအဝယ္ျဖစ္မႈနည္းေၾကာင္း၊ ယခုအခါ အေရာင္းအဝယ္ေကာင္းမြန္ေနသည့္ အိမ္ၿခံေျမလုပ္ငန္းမ်ား အက်ိဳးျဖစ္ထြန္းေနေၾကာင္း သိရသည္။

 

 

လက္ရွိလာေရာက္ဝယ္ယူမႈ အမ်ားဆံုးေျမမ်ားမွာ ေပ ၄၀× ေပ ၆၀ ေျမကြက္မ်ားျဖစ္ၿပီး ေနရာေပၚမူတည္၍ ေငြက်ပ္သိန္း ၁၅၀ မွ ေငြက်ပ္ သိန္း ၂၀၀ အထိ ေစ်းရွိေၾကာင္း၊ ယခင္က ေျမပို္င္ဆိုင္မႈမ်ားတြင္ ခို္င္မာမႈမရွိေသာ္လည္း ၿမိဳ႕သစ္စီမံကိန္း၌ ျပန္လည္ေနရာခ်ထားေရးအတြက္ ယာယီေျမေပးအမိန္႔မ်ားထုတ္ေပးေနျခင္းေၾကာင့္ ဝယ္ယူမႈျမင့္တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

 

 

လက္ရွိတြင္ မူလယာယီေျမေပးမိန္႔ထုတ္ယူရန္ က်န္ရွိေနသာေျမပိုင္ရွင္မ်ားအား ယာယီေျမေပးမိန္႔ ျပန္လည္ေပးအပ္ျခင္းကို အပတ္စဥ္ ဗုဒၶဟူးေန႔ႏွင့္ ၾကာသပေတးေန႔တို႔တြင္ နံနက္ ၉ နာရီခြဲမွ ညေန ၄ နာရီခြဲအထိ တြံေတးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုး၌ ေဆာင္ရြက္ေပးလ်က္ရွိကာ အေရာင္းအဝယ္ျပဳလုပ္ေနသည့္ ေျမမ်ားမွာ စလစ္ထြက္ရွိၿပီးသား ေျမမ်ားသာျဖစ္ေၾကာင္း သိရသည္။

 

Read 11506 times
Rate this item
(0 votes)

Related items