မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာမှ ရောင်းချပေးမည့် တိုက်ခန်း ၅၇၄ ခန်းအတွက် အိမ်ခန်းလျှောက်လွှာ ဝယ်ယူသူ ၆၀၀၀ ကျော်ရှိ

မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာမှ ရောင်းချပေးမည့် တိုက်ခန်း ၅၇၄ ခန်းအတွက် အိမ်ခန်းလျှောက်လွှာ ဝယ်ယူသူ ၆၀၀၀ ကျော်ရှိ Information and Public Relations Department

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာမှ တိုက်ခန်း ၅၇၄ ခန်းအတွက် လျှောက်လွှာများ ဝယ်ယူသူ အရပ်ဘက် နိုင်ငံ့ဝန်ထမ်း ၃၈၂၄ စောင်၊ အငြိမ်းစားဝန်ထမ်း ၉၂၉ စောင်၊ ကုမဏီဝန်ထမ်း ၄၇၀ စောင်၊ ပြည်သူ ၁၂၀၀ စောင် စုစုပေါင်း ၆၄၂၃ စောင်ရှိကြောင်း သိရသည်။

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး သည့် မြရည်နန္ဒာ တန်းဖိုးမျှတအိမ်ရာမှ တိုက်ခန်း ၅၇၄ ခန်းကျော်အား အငြိမ်းစားဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ ပြင်ပပုဂ္ဂလိက ကုမဏီဝန်ထမ်း များနှင့် ပြည်သူများအား ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါလျှောက်လွှာများကို တစ်စောင်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ဇန်နဝါရီ လ ၂၇ ရက်မှစ၍ ရုံးပိတ်ရက်များအပါအဝင် ဖေဖော်ဝါရီလ ၇ ရက်နေ့ အထိရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ အိမ်ခန်းလျှောက်လွှာများကို ဖဖော်ဝါရီလ ၁၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်အတွင်း ပြန်လည်လက်ခံပေးသွားမည်ဖြစ်သည်။

 

 

>>>သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများဖြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် မီး၂ ရက်ခန့် အချိန်ပိုင်းသာ ပေးနိုင်မည်<<<

 

 

တိုက်ခန်း ၅၇၄ ခန်းမှာ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ RC (၄)ခန်းတွဲ (၆)ထပ်၊ အဆောက် အအုံ(၂၁) လုံးမှ အိမ်ခန်း တစ်ခန်းလျှင် (၆၆၁ စတုရန်းပေ) ရှိ အခန်းပေါင်း (၄၀၅) ခန်းနှင့် ယခင် ရောင်းချခဲ့ပြီးသော တိုက်ခန်းများမှ ပြန်လည်အပ်နှံသောအခန်းနှင့် တိုက်ခန်းပိုင်ရှင်များမှ မဆက်သွယ်သောအခန်းတို့ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

အိမ်ခြံမြေစီမံခန့်ခွဲမှု လုပ်ငန်းပေါင်း ၇ ခုကို ရှာရန်နှိပ်ပါ

 

 

တိုက်ခန်းတစ်ခန်းလျှင် ကုန်သွယ်လုပ်ငန်းခွန် (၃) ရာခိုင်နှုန်းအပါအဝင် မြေညီထပ် တစ်ခန်းလျှင် ငွေကျပ် ၂၈၈ ဒသမ ၄ သိန်း၊ ပထမထပ်တစ်ခန်းလျှင် ငွေကျပ် ၂၅၇ ဒဿမ ၅ သိန်း၊ ဒုတိယထပ်တစ်ခန်းလျှင် ငွေကျပ် ၂၃၁ ဒဿမ ၇၅ သိန်း၊ တတိယထပ်တစ်ခန်းလျှင် ငွေကျပ် ၂၁၁ ဒဿမ ၁၅ သိန်း၊ စတုတ္တထပ်တစ်ခန်းလျှင် ငွေကျပ် ၁၉၅ ဒဿမ ၇ သိန်း၊ ပဉ္စမထပ်တစ်ခန်းလျှင် ငွေကျပ် ၁၈၀ ဒဿမ ၂၅ သိန်းတို့ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ျမရည္နႏၵာတန္ဖိုးမွ်တ အိမ္ရာမွ ေရာင္းခ်ေပးမည့္ တိုက္ခန္း ၅၇၄ ခန္းအတြက္ အိမ္ခန္းေလွ်ာက္လႊာ ဝယ္ယူသူ ၆၀၀၀ ေက်ာ္ရွိ

 

 

ျမရည္နႏၵာ တန္ဖိုးမွ်တအိမ္ရာမွ တိုက္ခန္း ၅၇၄ ခန္းအတြက္ ေလွ်ာက္လႊာမ်ား ဝယ္ယူသူ အရပ္ဘက္ ႏိုင္ငံ့ဝန္ထမ္း ၃၈၂၄ ေစာင္၊ အၿငိမ္းစားဝန္ထမ္း ၉၂၉ ေစာင္၊ ကုမဏီဝန္ထမ္း ၄၇၀ ေစာင္၊ ျပည္သူ ၁၂၀၀ ေစာင္ စုစုေပါင္း ၆၄၂၃ ေစာင္ရွိေၾကာင္း သိရသည္။

 

 

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာရပ္ကြက္ရွိ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၿပီးစီး သည့္ ျမရည္နႏၵာ တန္းဖိုးမွ်တအိမ္ရာမွ တိုက္ခန္း ၅၇၄ ခန္းေက်ာ္အား အၿငိမ္းစားဝန္ထမ္းမ်ား၊ ႏိုင္ငံဝန္ထမ္းမ်ား၊ ျပင္ပပုဂၢလိက ကုမဏီဝန္ထမ္း မ်ားႏွင့္ ျပည္သူမ်ားအား ေရာင္းခ်ေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

အဆုိပါေလွ်ာက္လႊာမ်ားကို တစ္ေစာင္လွ်င္ က်ပ္ ၁၀၀၀ ႏႈန္းျဖင့္ ဇန္နဝါရီ လ ၂၇ ရက္မွစ၍ ႐ုံးပိတ္ရက္မ်ားအပါအဝင္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ အထိေရာင္းခ်ေပးခဲ့ျခင္း ျဖစ္သည္။ အိမ္ခန္းေလွ်ာက္လႊာမ်ားကို ဖေဖာ္ဝါရီလ ၁၇ ရက္ေန႔မွ ေဖေဖာ္ဝါရီလ ၂၈ ရက္အတြင္း ျပန္လည္လက္ခံေပးသြားမည္ျဖစ္သည္။

 

 

တိုက္ခန္း ၅၇၄ ခန္းမွာ ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာ RC (၄)ခန္းတြဲ (၆)ထပ္၊ အေဆာက္ အအုံ(၂၁) လုံးမွ အိမ္ခန္း တစ္ခန္းလွ်င္ (၆၆၁ စတုရန္းေပ) ရွိ အခန္းေပါင္း (၄၀၅) ခန္းႏွင့္ ယခင္ ေရာင္းခ်ခဲ့ၿပီးေသာ တိုက္ခန္းမ်ားမွ ျပန္လည္အပ္ႏွံေသာအခန္းႏွင့္ တိုက္ခန္းပိုင္ရွင္မ်ားမွ မဆက္သြယ္ေသာအခန္းတို႔ကို ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

တိုက္ခန္းတစ္ခန္းလွ်င္ ကုန္သြယ္လုပ္ငန္းခြန္ (၃) ရာခိုင္ႏႈန္းအပါအဝင္ ေျမညီထပ္ တစ္ခန္းလွ်င္ ေငြက်ပ္ ၂၈၈ ဒသမ ၄ သိန္း၊ ပထမထပ္တစ္ခန္းလွ်င္ ေငြက်ပ္ ၂၅၇ ဒႆမ ၅ သိန္း၊ ဒုတိယထပ္တစ္ခန္းလွ်င္ ေငြက်ပ္ ၂၃၁ ဒႆမ ၇၅ သိန္း၊ တတိယထပ္တစ္ခန္းလွ်င္ ေငြက်ပ္ ၂၁၁ ဒႆမ ၁၅ သိန္း၊ စတုတၱထပ္တစ္ခန္းလွ်င္ ေငြက်ပ္ ၁၉၅ ဒႆမ ၇ သိန္း၊ ပၪၥမထပ္တစ္ခန္းလွ်င္ ေငြက်ပ္ ၁၈၀ ဒႆမ ၂၅ သိန္းတို႔ျဖင့္ ေရာင္းခ်ေပး သြားမည္ျဖစ္သည္။

 

Read 842 times
Rate this item
(1 Vote)