တန်ဖိုးသင့်အိမ်ရာစီမံကိန်း ရပ်တန့်နေမှုများကြောင့် ကျပ်သိန်းပေါင်း (၈၀၀၀၀) ကျော်နစ်နာနေ

တန်ဖိုးသင့်အိမ်ရာစီမံကိန်း ရပ်တန့်နေမှုများကြောင့် ကျပ်သိန်းပေါင်း (၈၀၀၀၀) ကျော်နစ်နာနေ google

တန်ဖိုးသင့်အိမ်ရာစီမံကိန်း သုံးနှစ်ကြာရပ်တန့်နေမှုကြောင့် ကျပ်သိန်းပေါင်း(၈၀၀၀၀) ကျော် နစ်နာနေသည်ဟုဆိုကာ ကုမ္ပဏီ ၂၃ ခုက ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

 

တန်ဖိုးသင့်ဝန်ထမ်း အိမ်ရာစီမံကိန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီက Glory Heyday Services Co.,Ltd နှင့် MICA အဖွဲ့အစည်းတို့ သဘောတူ စာချုပ်ချုပ်ဆိုကာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် ရွာသာကြီး မွေးမြူရေးဇုန် (D) နေရာရှိ မြေ ၉၆.၄၂ ဧကပေါ်တွင် လုပ်ငန်း အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဖြစ်သည်။

 

 

MICA အဖွဲ့အစည်းကို မလိုအပ်တော့သဖြင့် လွှတ်တော်တွင် ဖျက်သိမ်းပြီးနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံက မှတ်ချက်ပြုလမ်းညွှန်ခဲ့သည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲ အရ သိရသည်။

 

 

ကုမ္ပဏီများအနေဖြင့် စီမံကိန်းတစ်ခုလုံးကို ဆောက်လုပ်ရန် လျာထားအဆောက်အအုံမှာ ၄၁၉ လုံးဖြစ်ပြီး ဆောက်လုပ်ရန်စာချုပ်ချုပ်ဆိုထားသည့် အရေအတွက်မှာ ၂၉၃ လုံးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရသည်။

 

 

ကုမ္ပဏီ ၂၃ ခု အနေဖြင့် ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးသည့်အဆောက်အအုံမှာ ၇၂ လုံး ပြီးစီးလုနီးပါးဖြစ်နေပြီး ခန့်မှန်းကုန်ကျငွေကျပ် ၆၈၁၆၃ ဒသမ ၉၄ သိန်းဖြစ်ကာ စုစုပေါင်းနစ်နာဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၈၇၃၁၇ ဒသမ ၃၄ သိန်း ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နစ်နာနေသည်ဟုဆိုသည့် ကုမ္ပဏီများက ရှင်းလင်းပြောကြားသည်။

 

 

သတင်းစာရှင်းလင်းပွဲအရ ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုထားသည့် အရေအတွက်မှာ ၂၉၃ လုံးဖြစ်ကြောင်း၊စီမံကိန်းတစ်ခုလုံးကို ဆောက်လုပ်ရန်လျာထားအဆောက်အအုံမှာ ၄၁၉ လုံးဖြစ်ကြောင်းသိရသည်။

 

 

Myanmar Builders Guide

 

 

ကနဦးေလ့လာေရးစက္ကိရိယာမ်ား လုပ္ငန္းေပါင္း ၂၀ ခုကိုရွာရန္ႏွိပ္ပါ

 

 

---Zawgyi---

 

 

တန္ဖိုးသင့္အိမ္ရာစီမံကိန္း ရပ္တန႔္ေနမႈမ်ားေၾကာင့္ က်ပ္သိန္းေပါင္း (၈၀၀၀၀) ေက်ာ္နစ္နာေန

 

 

တန္ဖိုးသင့္အိမ္ရာစီမံကိန္း သုံးႏွစ္ၾကာရပ္တန႔္ေနမႈေၾကာင့္ က်ပ္သိန္းေပါင္း(၈၀၀၀၀) ေက်ာ္ နစ္နာေနသည္ဟုဆိုကာ ကုမၸဏီ ၂၃ ခုက ဇန္နဝါရီ ၂၉ ရက္က ရန္ကုန္ၿမိဳ႕ Orchid Hotel တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

 

 

တန္ဖိုးသင့္ဝန္ထမ္း အိမ္ရာစီမံကိန္းကို ၂၀၁၆ ခုႏွစ္ ဇန္နဝါရီက Glory Heyday Services Co.,Ltd ႏွင့္ MICA အဖြဲ႕အစည္းတို႔ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုကာ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနပိုင္ ရြာသာႀကီး ေမြးျမဴေရးဇုန္ (D) ေနရာရွိ ေၿမ ၉၆.၄၂ ဧကေပၚတြင္ လုပ္ငန္း အေကာင္ထည္ေဖာ္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္းျဖစ္သည္။

 

 

MICA အဖြဲ႕အစည္းကို မလိုအပ္ေတာ့သျဖင့္ လႊတ္ေတာ္တြင္ ဖ်က္သိမ္းၿပီးေနာက္ပိုင္း ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာနအေနျဖင့္ တာဝန္ယူေျဖရွင္းေပးရန္ နိုင္ငံေတာ္၏အတိုင္ပင္ခံက မွတ္ခ်က္ျပဳလမ္းညႊန္ခဲ့သည္ဟု အဆိုပါ သတင္းစာရွင္းလင္းပြဲ အရ သိရသည္။

 

 

ကုမၸဏီမ်ားအေနျဖင့္ စီမံကိန္းတစ္ခုလုံးကို ေဆာက္လုပ္ရန္ လ်ာထားအေဆာက္အအုံမွာ ၄၁၉ လုံးျဖစ္ၿပီး ေဆာက္လုပ္ရန္စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ အေရအတြက္မွာ ၂၉၃ လုံးျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲအရ သိရသည္။

 

 

ကုမၸဏီ ၂၃ ခု အေနျဖင့္ ၂၀၁၆ ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးသည့္အေဆာက္အအုံမွာ ၇၂ လုံး ၿပီးစီးလုနီးပါးျဖစ္ေနၿပီး ခန႔္မွန္းကုန္က်ေငြက်ပ္ ၆၈၁၆၃ ဒသမ ၉၄ သိန္းျဖစ္ကာ စုစုေပါင္းနစ္နာဆုံးရႈံးမႈ တန္ဖိုးမွာ က်ပ္ ၈၇၃၁၇ ဒသမ ၃၄ သိန္း ျဖစ္ေၾကာင္း အဆိုပါသတင္းစာရွင္းလင္းပြဲတြင္ နစ္နာေနသည္ဟုဆိုသည့္ ကုမၸဏီမ်ားက ရွင္းလင္းေျပာၾကားသည္။

 

 

သတင္းစာရွင္းလင္းပြဲအရ ေဆာက္လုပ္ရန္ စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ အေရအတြက္မွာ ၂၉၃ လုံးျဖစ္ေၾကာင္း၊စီမံကိန္းတစ္ခုလုံးကို ေဆာက္လုပ္ရန္လ်ာထားအေဆာက္အအုံမွာ ၄၁၉ လုံးျဖစ္ေၾကာင္းသိရသည္။

 

Read 1792 times
Rate this item
(0 votes)

Related items