ရန်ကုန်မြို့ရှိ အိမ်ခန်းလက်ကျန် ၂၁၁ ခန်းကို ၆၉၆ ဦးအား မဲစနစ်ဖြင့် ရောင်းချပေးမည်

ရန်ကုန်မြို့ရှိ အိမ်ခန်းလက်ကျန် ၂၁၁ ခန်းကို ၆၉၆ ဦးအား မဲစနစ်ဖြင့် ရောင်းချပေးမည် google

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှုကော်မတီက စတုတ္ထအသုတ်အဖြစ် အိမ်ခန်းလက်ကျန် ၂၁၁ခန်းကို စိစစ်ခွင့်ပြုထားသည့် ၆၉၆ဦးအား ရောင်းချပေးမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

 

စတုတ္ထအသုတ်အဖြစ်ရောင်းချမည့် အိမ်ခန်း ၂၁၁ ခန်းကို ဝယ်ယူခွင့်ပြုထားသည့် ၆၉၆ ဦးစာရင်းကို ဗိုလ်တထောင်မြို့နယ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး မြေညီထပ် Yangon City Gallery တွင် ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အထိ ကြေငြာသင်ပုန်း၌ ကြေငြာပေးသွားမည်ဖြစ်သည်။

 

 

ဝယ်ယူခွင့်ရရှိသူများသည် ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဘဏ် (CHID Bank) တွင် Housing Saving Account ကျပ်သိန်း (၃ဝ)ကိုပေးသွင်းပြီးမှသာ ဝယ်ယူလိုသော အိမ်ရာများကို Yangon City Gallery တွင် ဆန္ဒပြုရမည်ဖြစ်သည်။

 

 

ဆန္ဒပြုရာ အိမ်အလိုက် ရောင်းရန်ကျန်ရှိသည့် အိမ်ခန်းများကို မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မဲမပေါက်သူများသည် အခြားအိမ်ခန်းများ ရောင်းရန်ကျန်ရှိပါက ဆက်လက်ဆန္ဒပြုဝယ်ယူနိုင်သည်။

 

 

ဖောဖော်ဝါရီ ၂၁ရက်အထိ ငွေသွင်းခြင်း၊ဆန္ဒပြုခြင်းများဆောင်ရွက်ခြင်းမရှိပါက အိမ်ခန်းဝယ်ယူခွင့်အားလုံး ပျက်ပြယ်မည်ဖြစ်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္ျမိဳ႕ရွိ အိမ္ခန္းလက္က်န္ ၂၁၁ ခန္းကုိ ၆၉၆ ဦးအား မဲစနစ္ျဖင့္ ေရာင္းခ်ေပးမည္

 

 

ရန္ကုန္တုိင္းေဒသၾကီး အိမ္ရာစီမံကိန္းမ်ား ေရာင္းခ်ေရးၾကီးၾကပ္မႈေကာ္မတီက စတုတၳအသုတ္အျဖစ္ အိမ္ခန္းလက္က်န္ ၂၁၁ခန္းကုိ စိစစ္ခြင့္ျပဳထားသည့္ ၆၉၆ဦးအား ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ေၾကျငာခ်က္ ထုတ္ျပန္ခဲ့သည္။

 

 

စတုတၳအသုတ္အျဖစ္ေရာင္းခ်မည့္ အိမ္ခန္း ၂၁၁ ခန္းကုိ ဝယ္ယူခြင့္ျပဳထားသည့္ ၆၉၆ ဦးစာရင္းကုိ ဗုိလ္တေထာင္ျမိဳ႕နယ္ရွိ ျမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာန ရန္ကုန္တုိင္းေဒသၾကီး ညႊန္ၾကားေရးမွဴးရုံး ေျမညီထပ္ Yangon City Gallery တြင္ ဇန္နဝါရီ ၂၇ ရက္မွ ေဖေဖာ္ဝါရီ ၂၁ ရက္အထိ ေၾကျငာသင္ပုန္း၌ ေၾကျငာေပးသြားမည္ျဖစ္သည္။

 

 

ဝယ္ယူခြင့္ရရွိသူမ်ားသည္ ေဆာက္လုပ္ေရး၊အိမ္ရာႏွင့္ အေျခခံအေဆာက္အအုံဖြံ႕ျဖိဳးတုိးတက္ေရးဘဏ္ (CHID Bank) တြင္ Housing Saving Account က်ပ္သိန္း (၃ဝ)ကုိေပးသြင္းျပီးမွသာ ဝယ္ယူလုိေသာ အိမ္ရာမ်ားကုိ Yangon City Gallery တြင္ ဆႏၵျပဳရမည္ျဖစ္သည္။

 

 

ဆႏၵျပဳရာ အိမ္အလုိက္ ေရာင္းရန္က်န္ရွိသည့္ အိမ္ခန္းမ်ားကုိ မဲစနစ္ျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ျပီး မဲမေပါက္သူမ်ားသည္ အျခားအိမ္ခန္းမ်ား ေရာင္းရန္က်န္ရွိပါက ဆက္လက္ဆႏၵျပဳဝယ္ယူႏုိင္သည္။

 

 

ေဖာေဖာ္ဝါရီ ၂၁ရက္အထိ ေငြသြင္းျခင္း၊ဆႏၵျပဳျခင္းမ်ားေဆာင္ရြက္ျခင္းမရွိပါက အိမ္ခန္းဝယ္ယူခြင့္အားလုံး ပ်က္ျပယ္မည္ျဖစ္သည္။

 

Read 1491 times Last modified on Wednesday, 29 January 2020 16:51
Rate this item
(0 votes)
Tagged under