အိမ်ခြံမြေဝယ်ယူ/ ရယူ/ လွဲပြောင်းပြီးနောက် အမည်ပေါက်ပိုင်ဆိုင်ရန် ဆောင်ရွက်ရမည့်အချက်များ

အိမ်ခြံမြေဝယ်ယူ/ ရယူ/ လွဲပြောင်းပြီးနောက် အမည်ပေါက်ပိုင်ဆိုင်ရန် ဆောင်ရွက်ရမည့်အချက်များ google

အိမ်ခြံမြေဝယ်ယူ/ ရောင်းချ/ လဲလှယ်ခြင်းအတွက် အခွန်ထမ်းအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

 

- အိမ်ခြံမြေဝယ်ယူ/ ရယူသူသည် (ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် နေထိုင်သူဖြစ်ပါက)

 

 

တိုင်းဒေသကြီးကာလ တန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့သို့ သွားရောက်ရမည်ဖြစ်ပြီး အိမ်/မြေ/အဆောက်အအုံ/တိုက်ခန်းအား တန်ဖိုးသတ်မှတ်ပေးပါရန် တင်ပြရပါမည်။

 

 

-အိမ်ခြံမြေဝယ်ယူ/ ရယူသူသည် (ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး နယ်နိမိတ်အပြင်နှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် နေထိုင်သူဖြစ်ပါက)

 

 

မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်ရမည်ဖြစ်ပြီး အိမ်/မြေ/အဆောက်အအုံ/တိုက်ခန်းအား တန်ဖိုးသတ်မှတ်ပေးပါရန် တင်ပြရပါမည်။

 

 

ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးပါနိုင်ရန် တင်ပြစာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရပါမည်။

 

 

(၁) မြေပုံ၊ မြေရာဇဝင် ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မူရင်း/ မိတ္တူ

 


(၂) မြေငှားစာချုပ် (ဂရန်) မူရင်း/ မိတ္တူ

 


(၃) အရောင်းအဝယ်စာချုပ် မူရင်း/ မိတ္တူ

 


(၄) မြေ/ အဆောက်အအုံဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေး ၂ ဖက်)

 


(၅) ဝယ်ယူသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/ မိတ္တူ

 


(၆)အိမ်ထောင်စုလူဦးရေစာရင်း မူရင်း/ မိတ္တူ

 


(၇) ကိုယ်စားဆောင်ရွက်သူဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ မူရင်း/ မိတ္တူ၊ ကိုယ်စားလှယ်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ

 

 

တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ရုံး/ မြို့နယ်အခွန်ဦးစီးဌာနရုံးမှ

 

 

အိမ်/ မြေ/ အဆောက်အအုံ၏ ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးရန် တင်ပြစာရရှိသည့်နေ့မှ ရက်သတ္တပတ် (၂) ပတ်အတွင်း ပြီးပြတ်အောင်တန်ဖိုးသတ်မှတ် စိစစ်ပေးမည်။

 

 

ကာလတန်ဖိုးစိစစ်သတ်မှတ်ချက်ကို ပုံစံ တစဖ-၃ ဖြင့် အခြေပစ္စည်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ အကြောင်းကြားပေးပို့မည်။

 

 

အခွန်ထမ်းသည် ကာလတန်ဖိုးစိစစ်သတ်မှတ်သည့် ဘဏ္ဍာနှစ်အတွင်း သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးတွင် အခွန်စည်းကြပ်မှုကို ခံယူရပါမည်။

 

 

ဘဏ္ဍာနှစ်ကျော်မှ အခွန်စည်းကြပ်မှုခံယူမည်ဆိုပါက လက်ရှိကာလတန်ဖိုးပေါက်ဈေးဖြင့် အစားထိုးပြန်လည်တန်ဖိုးသတ်မှတ်မည် ဖြစ်ပါသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

အိမ္ၿခံေျမဝယ္ယူ/ ရယူ/ လြဲေျပာင္းၿပီးေနာက္ အမည္ေပါက္ပိုင္ဆိုင္ရန္ ေဆာင္ရြက္ရမည့္အခ်က္မ်ား

 

 

အိမ္ျခံေျမဝယ္ယူ/ ေရာင္းခ်/ လဲလွယ္ျခင္းအတြက္ အခြန္ထမ္းအေနျဖင့္ ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ားကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

 

 

- အိမ္ျခံေျမဝယ္ယူ/ ရယူသူသည္ (ရန္ကုန္ႏွင့္ မႏၱေလး စည္ပင္သာယာေရး နယ္နိမိတ္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ေနထိုင္သူျဖစ္ပါက)

 

 

တိုင္းေဒသႀကီးကာလ တန္ဖိုးစိစစ္ သတ္မွတ္ေရးအဖြဲ႕သို႔ သြားေရာက္ရမည္ျဖစ္ၿပီး အိမ္/ေျမ/အေဆာက္အအံု/တိုက္ခန္းအား တန္ဖိုးသတ္မွတ္ေပးပါရန္ တင္ျပရပါမည္။

 

 

-အိမ္ျခံေျမဝယ္ယူ/ ရယူသူသည္ (ရန္ကုန္ႏွင့္ မႏၱေလး စည္ပင္သာယာေရး နယ္နိမိတ္အျပင္ႏွင့္ က်န္တိုင္းေဒသႀကီး/ ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ေနထိုင္သူျဖစ္ပါက)

 

 

ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွဴးရုံးသို႔ သြားေရာက္ရမည္ျဖစ္ၿပီး အိမ္/ေျမ/အေဆာက္အအံု/တိုက္ခန္းအား တန္ဖိုးသတ္မွတ္ေပးပါရန္ တင္ျပရပါမည္။

 

 

ကာလတန္ဖိုးစိစစ္သတ္မွတ္ေပးပါႏိုင္ရန္ တင္ျပစာႏွင့္အတူ ေအာက္ေဖာ္ျပပါ စာရြက္စာတမ္းမ်ား ပူးတြဲတင္ျပရပါမည္။

 

 

(၁) ေျမပံု၊ ေျမရာဇဝင္ ပံုစံ-၁၀၅၊ ပံုစံ-၁၀၆ မူရင္း/ မိတၱဴ

 


(၂) ေျမငွားစာခ်ဳပ္ (ဂရန္) မူရင္း/ မိတၱဴ

 


(၃) အေရာင္းအဝယ္စာခ်ဳပ္ မူရင္း/ မိတၱဴ

 


(၄) ေျမ/ အေဆာက္အအံုဓာတ္ပံု (ေရွ႕၊ ေနာက္၊ ေဘး ၂ ဖက္)

 


(၅) ဝယ္ယူသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပား မူရင္း/ မိတၱဴ

 


(၆)အိမ္ေထာင္စုလူဦးေရစာရင္း မူရင္း/ မိတၱဴ

 


(၇) ကိုယ္စားေဆာင္ရြက္သူျဖစ္ပါက ကိုယ္စားလွယ္လႊဲစာ မူရင္း/ မိတၱဴ၊ ကိုယ္စားလွယ္၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားႏွင့္ အိမ္ေထာင္စုလူဦးေရစာရင္းမိတၱဴ

 

 

တိုင္းေဒသႀကီးကာလတန္ဖိုးစိစစ္သတ္မွတ္ေရးအဖြဲ႕ရံုး/ ၿမိဳ႕နယ္အခြန္ဦးစီးဌာနရံုးမွ

 

 

အိမ္/ ေျမ/ အေဆာက္အအံု၏ ကာလတန္ဖိုးစိစစ္သတ္မွတ္ေပးရန္ တင္ျပစာရရွိသည့္ေန႔မွ ရက္သတၱပတ္ (၂) ပတ္အတြင္း ၿပီးျပတ္ေအာင္တန္ဖိုးသတ္မွတ္ စိစစ္ေပးမည္။

 

 

ကာလတန္ဖိုးစိစစ္သတ္မွတ္ခ်က္ကို ပံုစံ တစဖ-၃ ျဖင့္ အေျခပစၥည္းတည္ရွိရာ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွဴးရံုးမ်ားသို႔ အေၾကာင္းၾကားေပးပို႔မည္။

 

 

အခြန္ထမ္းသည္ ကာလတန္ဖိုးစိစစ္သတ္မွတ္သည့္ ဘ႑ာႏွစ္အတြင္း သက္ဆိုင္ရာၿမိဳ႕နယ္ အခြန္ဦးစီးဌာနရံုးတြင္ အခြန္စည္းၾကပ္မႈကို ခံယူရပါမည္။

 

 

ဘ႑ာႏွစ္ေက်ာ္မွ အခြန္စည္းၾကပ္မႈခံယူမည္ဆိုပါက လက္ရွိကာလတန္ဖိုးေပါက္ေစ်းျဖင့္ အစားထိုးျပန္လည္တန္ဖုိးသတ္မွတ္မည္ ျဖစ္ပါသည္။

 

Read 462 times Last modified on Thursday, 30 January 2020 17:01
Rate this item
(0 votes)
Tagged under