မန္တလေးမြို့ရှိ မြရည်နန္ဒာအိမ်ယာတိုက်ခန်းများရောင်းချရာတွင် ပုဂ္ဂလိက ဝန်ထမ်းများကိုပါ ရောင်းချပေးရန် စီစဉ်နေ

မန္တလေးမြို့ရှိ မြရည်နန္ဒာအိမ်ယာတိုက်ခန်းများရောင်းချရာတွင် ပုဂ္ဂလိက ဝန်ထမ်းများကိုပါ ရောင်းချပေးရန် စီစဉ်နေ google

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှ တိုက်ခန်း ၅၇၄ ခန်းကို ဝယ်ယူနိုင်ရန်အတွက် လျှောက်လွှာများကို စတင်ရောင်းချတော့မည် ဖြစ်သည်။

 

တိုက်ခန်းဝယ်ယူခွင့်လျှောက်လွှာနှင့်ပက်သတ်သော ဝယ်ယူရမည့် အချက်အလက်များကို အသေးစိတ်ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။

 

 

မြရည်နန္ဒာ တိုက်ခန်းများကို ယခင်က အစိုးရဝန်ထမ်းများနှင့် အငြိမ်းစားများကို ရောင်းချပေးခဲ့ပြီး ယခုရောင်းချရာတွင် ပုဂ္ဂလိက ဝန်ထမ်းများကိုပါ ရောင်းချပေးရန် စီစဉ်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

 

“အခုအခါမှာ ဝန်ထမ်းနဲ့ အငြိမ်းစားတွေရဲ့ ဝယ်လိုအားကလည်း တော်တော်လေး ရှိနေပြီလို့ ယူဆတယ်။ ဝန်ထမ်းနဲ့ အငြိမ်းစားတွေသာမက ပြင်ပကုမ္ပဏီနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေကိုပါ ထည့်သွင်းရောင်းချပေးဖို့ ဆွေးနွေးနေတယ်”ဟု တာဝန်ရှိသူက ပြောသည်။

 

 

မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်းများကို မဲစနစ်ဖြင့် ရွေးချယ်ရောင်းချသွားမည် ဖြစ်သည်။

 

 

တိုက်ခန်းဝယ်ယူူရာတွင် ယခင်က အာမခံစပေါ်ငွေကျပ် ( ၅) သိန်းသာ ပေးသွင်းရသော်လည်း ယခုအခါ အာမခံစပေါ်ငွေ ကျပ်သိန်း (၂၀) ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

 

 

တိုက်ခန်းမဲပေါက်သူများသည် ဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သလို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ငွေအကျေချေ၍လည်း ဝယ်ယူနိုင်သည်။

 

 

တိုက်ခန်းဝယ်ယူခွင့်ရရှိပါက အာမခံစပေါ်ငွေကျပ်သိန်း (၂၀) ပေးသွင်းရမည်ဖြစ်သည်။

 

 

ပထမအရစ်ကျ ငွေပေးသွင်းပြီးသည်နှင့်တစ်ပြိုင်နက် တိုက်ခန်းတွင် နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။

 

 

မြရည်နန္ဒာ တန်ဘိုးမျှတအိမ်ယာများသည် အာရ်စီ(၄)ခန်းတွဲ (၆)ထပ်မြင့်၍ တစ်ခန်းလျှင် ၆၆၁ စတုရန်းပေ ကျယ်ဝန်းသည်။

 

 

၂၀၁၉ ခုနှစ်က ရောင်းချခဲ့သည့် မြရည်နန္ဒာ တန်ဘိုးမျှတအိမ်ယာများကို မြေညီထပ်တစ်ခန်းလျှင် ငွေကျပ် (၂၆၈) သိန်း၊ ပထမထပ်ကို ငွေကျပ် (၂၄၈) သိန်း၊ ဒုတိယထပ်ကို ငွေကျပ် (၂၂၇)သိန်း၊ တတိယထပ်ကို ငွေကျပ် (၂၁၇) သိန်း၊ စတုတ္ထထပ်ကို ငွေကျပ် (၂၀၆) သိန်းနှင့် ပဉ္စမထပ်ကို ငွေကျပ်(၁၉၆)သိန်းဝန်းကျင် ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

မႏၱေလးၿမိဳ႕ရွိ ျမရည္နႏၵာအိမ္ယာတိုက္ခန္းမ်ားေရာင္းခ်ရာတြင္ ပုဂၢလိက ဝန္ထမ္းမ်ားကိုပါ ေရာင္းခ်ေပးရန္ စီစဥ္ေန

 

 

မႏၱေလးတိုင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ျမရည္နႏၵာ တန္ဖိုးမွ် တိုက္ခန္း ၅၇၄ ခန္းကို ဝယ္ယူႏိုင္ရန္အတြက္ ေလွ်ာက္လႊာမ်ားကို စတင္ေရာင္းခ်ေတာ့မည္ ျဖစ္သည္။

 

 

တိုက္ခန္းဝယ္ယူခြင့္ေလွ်ာက္လႊာႏွင့္ပက္သတ္ေသာ ဝယ္ယူရမည့္ အခ်က္အလက္မ်ားကို္ အေသးစိတ္ထုတ္ျပန္ထားျခင္းေတာ့ မရွိေသးေပ။

 

 

ျမရည္နႏၵာ တိုက္ခန္းမ်ားကို ယခင္က အစိုးရဝန္ထမ္းမ်ားႏွင့္ အၿငိမ္းစားမ်ားကို ေရာင္းခ်ေပးခဲ့ၿပီး ယခုေရာင္းခ်ရာတြင္ ပုဂၢလိက ဝန္ထမ္းမ်ားကိုပါ ေရာင္းခ်ေပးရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဝင္ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။

 

 

“အခုအခါမွာ ဝန္ထမ္းနဲ႔ အၿငိမ္းစားေတြရဲ႕ ဝယ္လိုအားကလည္း ေတာ္ေတာ္ေလး ရွိေနၿပီလို႔ ယူဆတယ္။ ဝန္ထမ္းနဲ႔ အၿငိမ္းစားေတြသာမက ျပင္ပကုမၸဏီနဲ႔ ပုဂၢလိကဝန္ထမ္းေတြကိုပါ ထည့္သြင္းေရာင္းခ်ေပးဖို႔ ေဆြးေႏြးေနတယ္”ဟု တာဝန္ရွိသူက ေျပာသည္။

 

 

ျမရည္နႏၵာ တန္ဖိုးမွ်တတိုက္ခန္းမ်ားကို မဲစနစ္ျဖင့္ ေရြးခ်ယ္ေရာင္းခ်သြားမည္ ျဖစ္သည္။

 

 

တိုက္ခန္းဝယ္ယူူရာတြင္ ယခင္က အာမခံစေပၚေငြက်ပ္ ( ၅) သိန္းသာ ေပးသြင္းရေသာ္လည္း ယခုအခါ အာမခံစေပၚေငြ က်ပ္သိန္း (၂၀) ေပးသြင္းရမည္ ျဖစ္ေၾကာင္း သိရသည္။

 

 

တိုက္ခန္းမဲေပါက္သူမ်ားသည္ ဘဏ္ႏွင့္ခ်ိတ္ဆက္ကာ အရစ္က်စနစ္ျဖင့္ ဝယ္ယူႏိုင္သလို မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီသို႔ ေငြအေက်ေခ်၍လည္း ဝယ္ယူႏိုင္သည္။

 

 

တိုက္ခန္းဝယ္ယူခြင့္ရရွိပါက အာမခံစေပၚေငြက်ပ္သိန္း (၂၀) ေပးသြင္းရမည္ျဖစ္သည္။

 

 

ပထမအရစ္က် ေငြေပးသြင္းၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ တိုက္ခန္းတြင္ ေနထိုင္ခြင့္ရရွိမည္ ျဖစ္သည္။

 

 

ျမရည္နႏၵာ တန္ဘိုးမွ်တအိမ္ယာမ်ားသည္ အာရ္စီ(၄)ခန္းတြဲ (၆)ထပ္ျမင့္၍ တစ္ခန္းလွ်င္ ၆၆၁ စတုရန္းေပ က်ယ္ဝန္းသည္။

 

 

၂၀၁၉ ခုႏွစ္က ေရာင္းခ်ခဲ့သည့္ ျမရည္နႏၵာ တန္ဘိုးမွ်တအိမ္ယာမ်ားကို ေျမညီထပ္တစ္ခန္းလွ်င္ ေငြက်ပ္ (၂၆၈) သိန္း၊ ပထမထပ္ကို ေငြက်ပ္ (၂၄၈) သိန္း၊ ဒုတိယထပ္ကို ေငြက်ပ္ (၂၂၇)သိန္း၊ တတိယထပ္ကို ေငြက်ပ္ (၂၁၇) သိန္း၊ စတုတၳထပ္ကို ေငြက်ပ္ (၂၀၆) သိန္းႏွင့္ ပၪၥမထပ္ကို ေငြက်ပ္(၁၉၆)သိန္းဝန္းက်င္ ျဖစ္ေၾကာင္း သိရသည္။

 

Read 360 times Last modified on Friday, 31 January 2020 16:27
Rate this item
(0 votes)