ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရောင်းချပေးသည့်မြေကွက်တွင် လျှောက်လွှာပေါင်း ၁၂,၁၇၅ စောင်ရှိရာ ၁၉ ဦးသာ ဝယ်ယူခွင့်ရရှိ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရောင်းချပေးသည့်မြေကွက်တွင် လျှောက်လွှာပေါင်း ၁၂,၁၇၅ စောင်ရှိရာ ၁၉ ဦးသာ ဝယ်ယူခွင့်ရရှိ facebook

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိ‌သောမြေများကို ဝယ်ယူနိုင်ရန် ကြော်ငြာခဲ့ပြီး လျှောက်လွှာတစ်စောင်ကို ကျပ် ၁ သောင်းဖြင့် မြေအသုံးပြုခွင့် လျှောက်လွှာပုံစံ ပူးတွဲပါသိရှိလိုက်နာရမည့် စည်းကမ်းချက်များအား ရောင်းချပေးခဲ့ပါသည်။

 

လျှောက်လွှာပြန်လည်တင်သွင်းသည့် စောင်ရေ (၁၂,၁၇၅) ကို လျှောက်လွှာအင်္ဂါရပ် စည်းကမ်းချက် စုံ/မစုံ စိစစ် ဆောင်ရွက်ခဲ့ရာ စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီသူ ၁၃၂ ဦးရှိခဲ့ရာမှ လက်ရှိတွင် ဝယ်ယူခွင့်ရရှိသူ ၁၉ ဦးကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

No photo description available.

No photo description available.

အဆိုပါဝယ်ယူခွင့်ရရှိသူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ (၁၇-၁-၂၀၂၀)ရက်နေ့မှ စတင် ဆက်သွယ်ပြီး (၂)လအတွင်း ငွေပေးသွင်း ဝယ်ယူရမည် ဖြစ်သည်။

 

 

ယခုထုတ်ပြန်ခဲ့သည့် စာရင်းများအရ တ/ဒဂုံရှိ မြေကွက်၃ခု၊ မ/ဒဂုံရှိ မြေကွက်၃ခု၊ ဒဂုံဆိပ်ကမ်းရှိ မြေကွက် ၄ခု၊ ဒဂုံအရှေ့ရှိ မြေကွက် ၂ခု၊ ရွှေပြည်သာရှိ မြေကွက် ၂ခု၊ လှိုင်သာယာရှိ မြေကွက် ၅ခု စုစုပေါင်း မြေကွက် ၁၉ခုဖြစ်ပြီး ဧကပေါင်း ၆၄ ဒသမ ၁၃၂ ဧက၊မြေကွက်တန်ဖိုးစုစုပေါင်း ကျပ် ၁၂ ဒသမ ၁၉၃၀ ဘီလံယံဖြစ်သည်ဟု သိရသည်။

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

Read 883 times Last modified on Friday, 31 January 2020 16:29
Rate this item
(1 Vote)