၂၀၂၀ ခုနှစ် အစပိုင်းတွင် ရန်ကုန်ဆောက်လုပ်ရေး ပစ္စည်းဈေးကွက် အရောင်းအဝယ် အေးနေ

၂၀၂၀ ခုနှစ် အစပိုင်းတွင် ရန်ကုန်ဆောက်လုပ်ရေး ပစ္စည်းဈေးကွက် အရောင်းအဝယ် အေးနေ google

 

ယခုနှစ် နှစ်စပိုင်းတွင် ရန်ကုန်တိုင်းအတွင်း၌ ဆောက်လုပ်ရေးပစ္စည်းများ ဈေးနှုန်းကျဆင်းလျက်ရှိပြီး အရောင်းအဝယ်အေးနေကြောင်း သိရသည်။

 

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်များတွင် ကွန်ဒို၊ တိုက်ခန်းများရောင်းထွက်သည့်ပေါ်မူတည်င်္ပြး ကန်ထရိုက်တာများကို အားထားပြီး အရောင်းအဝယ် ပြုလုပ်နေခြင်း ဖြစ်သည်။

 

 

''ကန်ထရိုက်တိုက်တွေ ရောင်းမထွက်သေးလို့ မရောင်းအဝယ်အေးတာဖြစ်မှာပါ။ အရောင်းအဝယ်က ခုထိမကောင်းဘူး၊ ဈေးနှုန်းတွေကတော့ အကျဈေးနဲ့ငြိမ်နေတယ်။ မနှစ်ကလည်းဒီအချိန်မှာ ဈေးကွက်အေးတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဒေါ်ငွေဝင်းနှင့် သားများ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးမှ ကိုသန်းအောင်က ပြောသည်။

 

 

ဆောက်လုပ်ရေးဈေးကွက်အတွင်း ယခင်က ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ် ၆၅၀၀ မှ ယခုငွေကျပ် ၆၀၀၀၊ ကျောက်တစ်ကျင်းလျှင် ယခင်က ငွေကျပ် ၅၈၀၀၀ မှ ယခု ငွေကျပ် ၅၂၀၀၀ သို့ ဈေးကျဆင်းနေပြီး အုတ်တစ်ချပ်လျှင် ယခင်က ငွေကျပ် ၁၂၀ မှ ငွေကျပ် ၁၂၅ ကျပ်သို့ ဈေးမြင့်တက်လာကာ သဲတစ်ကျင်းလျှင် ငွေကျပ် တစ်သောင်းဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။

 

 

အိမ်ခြေမြံအခွန်နှုန်းထားများ လျှော့ချလိုက်သော်လည်း ရန်ကုန်ဆောက်လုပ်ရေး ပစ္စည်းဈေးကွက်တွင် ရိုက်ခတ်မှုမရှိသေးကြောင်း ရန်ကုန်မြို့ အခြေစိုက် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးဆိုင်များမှ သုံးသပ်ထားကြသည်။

 

 

Source: Myawaddy

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 

Source: Myawaddy

Read 336 times Last modified on Friday, 31 January 2020 16:40
Rate this item
(0 votes)