ပဲခူးၿမိဳ႕ (ကလိ)လကၠားေဈး စီမံကိန္းမွ ဆိုင္ခန္းမ်ားကို အရစ္က်ဝယ္ယူနိုင္

ပဲခူးၿမိဳ႕ (ကလိ)လကၠားေဈး စီမံကိန္းမွ ဆိုင္ခန္းမ်ားကို အရစ္က်ဝယ္ယူနိုင္ GOOGLE

ပဲခူးၿမိဳ႕ (ကလိ)လကၠားေဈး စီမံကိန္းသည္ Grand Style Company Limitedမွ တာဝန္ယူကာ ပဲခူးၿမိဳနယ္စည္ပင္သာယာေရးအဖြဲ႕ ပိုင္ဆိုင္သည့္ေျမဧရိယာ(၁၇)ဧကေပၚတြင္ တည္ေဆာက္ေနျခင္းျဖစ္သည္။

 

ထိုစီမံကိန္းတြင္ဆိုင္ခန္းေပါင္း(၃၀၀)အား အေကာင္အထည္ေဖာ္ တည္ေဆာက္ေရာင္းခ်ေပးသြားမည္ျဖစ္ျပီး

စီမံကိန္းၿပီးစီးသြားပါက ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕သို႔ ျပန္လည္လႊဲေျပာင္း ေပးသြားရမည္ျဖစ္သည္။

 

(ကလိ)လကၠားေဈး တည္ေဆာက္ေရးစီမံကိန္းအား ပဲခူးၿမိဳ႕အတြင္း သန႔္ရွင္းသာယာလွပေစေရး၊ ယာဥ္ေၾကာပိတ္ဆို႔မႈေလ်ာ့နည္းၿပီး ယာဥ္အႏၲရာယ္ကင္းရွင္းေစေရးအတြက္ ၿမိဳ႕တြင္းရွိ စီးပြားေရးလုပ္ငန္းမ်ားကို တစ္ေနရာတည္း စုစည္းတည္ေဆာက္၍ စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ရည္႐ြယ္၍ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းသိရွိရသည္။

 

တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္မည့္ လယ္ယာစီးပြားေရး ဝန္ေဆာင္မႈစင္တာမ်ား

 

ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက(ကလိ)လကၠားေဈး တည္ေဆာက္ေရးစီမံကိန္းႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပျခင္း အခမ္းအနားတြင္

ပဲခူးၿမိဳ႕သည္ လူဦးေရမ်ားျပားၿပီး စီးပြားေရးလုပ္ငန္း ေဆာင္႐ြက္ရာတြင္ ဖြံ႕ၿဖိဳးတိုးတက္သည့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး စိုက္ရာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္ႏွင့္အညီကုန္စည္စီးဆင္းရာတြင္ လြယ္ကူလွ်င္ျမန္ေစေရး၊ ယာဥ္အႏၲရာယ္မ်ားကင္းရွင္းေစေရး၊ စီးပြားေရးလုပ္ငန္းမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ပဲခူးၿမိဳ႕ေရွာင္လမ္းႏွင့္ ရန္ကုန္-မႏၲေလး ကားလမ္းမႀကီးဆုံရာ ေနရာတြင္ ကလိလက္ကားေဈး(Whole Sale Center) တည္ေဆာက္ေရးလုပ္ငန္းႀကီးကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။

 

(ကလိ)လကၠားေဈး တည္ေဆာက္ေရးစီမံကိန္းအတြင္း၌ ပြဲ႐ုံလုပ္ငန္းမ်ား၊ လယ္ယာထြက္ကုန္ ပစၥည္းေရာင္းဝယ္ျခင္းလုပ္ငန္းမ်ား၊ လယ္ယာသုံးစက္ကိရိယာႏွင့္ လုပ္ငန္းသုံးပစၥည္းအေရာင္းဆိုင္မ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ပစၥည္းအေရာင္းဆိုင္မ်ား၊ ေမာ္ေတာ္ယာဥ္၊ ဆိုင္ကယ္၊ စက္ဘီးႏွင့္ အပိုပစၥည္းေရာင္းဝယ္ေရးလုပ္ငန္းမ်ား၊ လၻက္ရည္ဆိုင္ႏွင့္ စားေသာက္ဆိုင္မ်ား၊ အေဝးေျပးကားဂိတ္မ်ားႏွင့္ ကုန္တင္ကားဂိတ္မ်ား ပါဝင္မည္ျဖစ္သည္။

 

ဆိုင္ခန္းမ်ားကို (၁)ႏွစ္အတြင္း (၁၂)ႀကိမ္အရစ္က် ေငြေပးေခ်စနစ္ျဖင့္ ေရာင္းခ်သြားမည္ျဖစ္သည္။ ဆိုင္ခန္းဝယ္ယူသူမ်ားအေနျဖင့္ ဆိုင္ခန္းကို အမည္ေပါက္ပိုင္ဆိုင္ႏိုင္ၿပီး ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ထံ မွတ္ပုံတင္၍ ဆိုင္ခန္းပိုင္ဆိုင္မႈ စာအုပ္ထုတ္ေပးမည္ျဖစ္ၿပီး ဆိုင္ခန္းငွားရမ္းခ ေပးေဆာင္ရန္မလိုဘဲ ဝယ္ယူထားသည့္ ဆိုင္ခန္းအေဆာက္အအုံႏွင့္ ေျမအတြက္(၆) လတစ္ႀကိမ္ ပစၥည္းခြန္ႏွင့္ လုပ္ငန္းလုပ္ကိုင္ေဆာင္႐ြက္ျခင္းအတြက္ ႏွစ္စဥ္လုပ္ငန္းလိုင္စင္ခြန္မ်ားကို ဆိုင္ခန္းဝယ္ယူသူမွ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕သို႔ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

 

(ကလိ)လကၠားေဈး တည္ေဆာက္ေရးစီမံကိန္း ကို၂၀၂၀-၂၀၂၁ခု ဘ႑ာေရးႏွစ္တြင္ (၁၀၀)အၿပီး ေဆာင္႐ြက္ရမည္ျဖစ္ရာ ယခုအခါလုပ္ငန္းအားလုံး၏ (၅၀)ခန႔္ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။

 

<<<UNICODE>>>

 

ပဲခူးမြို့ (ကလိ)လက္ကားဈေး စီမံကိန်းသည် Grand Style Company Limitedမှ တာဝန်ယူကာ ပဲခူးမြိုနယ်စည်ပင်သာယာရေးအဖွဲ့ ပိုင်ဆိုင်သည့်မြေဧရိယာ(၁၇)ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။

 

ထိုစီမံကိန်းတွင်ဆိုင်ခန်းပေါင်း(၃၀၀)အား အကောင်အထည်ဖော် တည်ဆောက်ရောင်းချပေးသွားမည်ဖြစ်ပြီး

စီမံကိန်းပြီးစီးသွားပါက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ပေးသွားရမည်ဖြစ်သည်။

 

(ကလိ)လက္ကားဈေး တည်ဆောက်ရေးစီမံကိန်းအား ပဲခူးမြို့အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့တွင်းရှိ စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်း စုစည်းတည်ဆောက်၍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

 

ငွေကျပ်သိန်းပေါင်း ၆၇၀၀ ကျော်ခန့်ဖြင့် ရန်ကုန်တက္ကသိုလ် တက္ကသိုလ်များဓမ္မာရုံကြီးပြန်လည်ပြုပြင်မည်

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက(ကလိ)လက္ကားဈေး တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင်

ပဲခူးမြို့သည် လူဦးရေများပြားပြီး စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး စိုက်ရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီကုန်စည်စီးဆင်းရာတွင် လွယ်ကူလျှင်မြန်စေရေး၊ ယာဉ်အန္တရာယ်များကင်းရှင်းစေရေး၊ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေး ကားလမ်းမကြီးဆုံရာ နေရာတွင် ကလိလက်ကားဈေး(Whole Sale Center) တည်ဆောက်ရေးလုပ်ငန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

 

(ကလိ)လက္ကားဈေး တည်ဆောက်ရေးစီမံကိန်းအတွင်း၌ ပွဲရုံလုပ်ငန်းများ၊ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာနှင့် လုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးနှင့် အပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၊ အဝေးပြေးကားဂိတ်များနှင့် ကုန်တင်ကားဂိတ်များ ပါဝင်မည်ဖြစ်သည်။

 

ဆိုင်ခန်းများကို (၁)နှစ်အတွင်း (၁၂)ကြိမ်အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ ဆိုင်ခန်းဝယ်ယူသူများအနေဖြင့် ဆိုင်ခန်းကို အမည်ပေါက်ပိုင်ဆိုင်နိုင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှတ်ပုံတင်၍ ဆိုင်ခန်းပိုင်ဆိုင်မှု စာအုပ်ထုတ်ပေးမည်ဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခ ပေးဆောင်ရန်မလိုဘဲ ဝယ်ယူထားသည့် ဆိုင်ခန်းအဆောက်အအုံနှင့် မြေအတွက်(၆) လတစ်ကြိမ် ပစ္စည်းခွန်နှင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းအတွက် နှစ်စဉ်လုပ်ငန်းလိုင်စင်ခွန်များကို ဆိုင်ခန်းဝယ်ယူသူမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

(ကလိ)လက္ကားဈေး တည်ဆောက်ရေးစီမံကိန်း ကို၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် (၁၀၀)℅အပြီး ဆောင်ရွက်ရမည်ဖြစ်ရာ ယခုအခါလုပ်ငန်းအားလုံး၏ (၅၀℅)ခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

Myanmar Builders Guide

Read 585 times Last modified on Wednesday, 20 November 2019 17:19
Rate this item
(0 votes)