မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ၂ဝ၁၉-၂ဝ ဘ႑ာႏွစ္အတြက္ အိမ္ၿခံေျမေရာင္းဝယ္မႈလုပ္ငန္းတြင္ အခြန္စည္းၾကပ္ရန္ ရာျပတ္ႏႈန္းထားအသစ္ကို ထုတ္ျပန္ခဲ့ၿပီး ၿမိဳ႕တြင္းအိမ္ၿခံေျမေစ်းႏႈန္း တစ္ဧကလွ်င္က်ပ္သန္းေပါင္း ၁၈,ဝဝဝ ေက်ာ္အျဖစ္ သတ္မွတ္လိုက္သည္။
အိမ္ၿခံေျမေရာင္းဝယ္ရာ၌ အခြန္ေဆာင္ရာတြင္က်င့္သုံးရန္ ဧရိယာအလိုက္ သတ္မွတ္ထားေသာ အခြန္စည္းၾကပ္ရန္ ႏႈန္းထားမ်ားကို ထုတ္ျပန္လိုက္ျခင္းျဖစ္ကာ၊ ယခင္ဘ႑ာႏွစ္က အျမင့္ဆုံးႏႈန္းထားအျဖစ္ တစ္ဧကလွ်င္ က်ပ္သန္းေပါင္း ၁ဝ,၂ဝဝ သာရွိခဲ့ရာမွ ယခုႏႈန္းထားသစ္အရ က်ပ္သန္းေပါင္း ၁၈,ဝဝဝ ေက်ာ္အထိ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။
အဆိုပါ အျမင့္ဆုံးေစ်းႏႈန္းအျဖစ္ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံ အေနာက္ရပ္ကြက္ ၈၄ လမ္းေပၚ (၂၈ လမ္းႏွင့္ ၃၅ လမ္းၾကားအထိ) သတ္မွတ္လိုက္ျခင္းျဖစ္ၿပီး တစ္ဧကလွ်င္ က်ပ္သန္းေပါင္း ၁၇,၂၈ဝ မွ က်ပ္သန္းေပါင္း ၁၈,၇၂ဝ အထိ သတ္မွတ္ထားသည္။
ဒုတိယေစ်းႏႈန္းအျမင့္ဆုံးအျဖစ္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ပတ္ကုန္းဝန္းက်င္ရပ္ကြက္ အတြင္း ၇၃ လမ္းေပၚ (၂၆ လမ္းႏွင့္ လမ္း ၃ဝ ၾကား) ကို တစ္ဧကလွ်င္ က်ပ္သန္း ၁၅,ဝဝဝေက်ာ္မွ က်ပ္သန္း ၁၆,ဝဝဝ ေက်ာ္အထိ သတ္မွတ္ထားသည္။
ထို႔ျပင္ စိတၱရမဟီရပ္ကြက္အတြင္း ၂၆ လမ္းတြင္ တစ္ဧကလွ်င္ က်ပ္သန္း ၁၅,ဝဝဝ ေက်ာ္မွ က်ပ္သန္း ၁၆,ဝဝဝ ေက်ာ္အထိ သတ္မွတ္ထားသည္။
ရန္ကုန္ၿမိဳ႕၌ အေဆာက္အအုံ ေဆာက္လုပ္ခြင့္ပါမစ္ စနစ္သစ္တြင္ ေဘးအႏၲရာယ္ ျဖစ္ႏိုင္မႈ ရွိ၊ မရွိ စစ္ေဆးမည့္ ကမာၻ႔ဘဏ္၏ စနစ္ထည့္သြင္း
ယခုသတ္မွတ္ခ်က္အသစ္အရ မႏၲေလးၿမိဳ႕သစ္ဧရိယာမ်ားတြင္လည္း ႏႈန္းထားျမင့္မားသည္ကိုေတြ႕ရၿပီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္ (၁) ရပ္ကြက္အတြင္း ၆၂ လမ္းမေပၚတြင္ တစ္ဧကလွ်င္ က်ပ္ သန္းေပါင္း ၁၂,၂ဝဝ ေက်ာ္မွ ၁၂,၉ဝဝ ေက်ာ္အထိ၊ ၆၂ လမ္းမေပၚ (ငုေ႐ႊဝါလမ္းႏွင့္ မေနာ္ဟရီလမ္းၾကား) တြင္ တစ္ဧကလွ်င္ က်ပ္သန္းေပါင္း ၉,၃ဝဝ ေက်ာ္မွ က်ပ္သန္းေပါင္း ၁ဝ,ဝဝဝ ေက်ာ္အထိ သတ္မွတ္ထားသည္။
မႏၲေလးၿမိဳ႕တြင္း အျခားျမင့္မားေသာႏႈန္းထားသစ္မ်ားအျဖစ္ ၃၅ လမ္း(၇၆ လမ္းႏွင့္ ၇၈ လမ္းၾကား)တြင္ တစ္ဧကလွ်င္ က်ပ္သန္းေပါင္း ၁၂,ဝဝဝ ေက်ာ္မွ က်ပ္သန္းေပါင္း ၁၃,ဝဝဝ ေက်ာ္၊ လမ္း ၈ဝ (၂၈ လမ္းႏွင့္ လမ္း ၃ဝ ၾကား) တြင္ က်ပ္သန္းေပါင္း ၁ဝ,ဝဝဝ ေက်ာ္မွ ၁၁,ဝဝဝ ေက်ာ္၊ သိပၸံလမ္းေပၚ (၆၄ လမ္းႏွင့္ ၆၉ လမ္းၾကား) တြင္ က်ပ္သန္း ၁ဝ,ဝဝဝ ေက်ာ္မွ ၁၁,ဝဝဝ ေက်ာ္ သတ္မွတ္ထားသည္။
''လတ္တေလာ အိမ္ၿခံေျမအေရာင္းအဝယ္ကေတာ့ တကယ္ေနထိုင္ဖို႔လိုအပ္လို႔ ဝယ္တဲ့သူေတြေလာက္ပဲ အေရာင္းအဝယ္ျဖစ္ပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈအေနနဲ႔ မဝယ္ၾကဘူး။ တန္ဖိုးျမင့္တာေတြလည္း အေရာင္းအဝယ္ပါးပါတယ္။ ရာျပတ္ႏႈန္းထားေတြက တန္ဖိုးျမင့္ရင္ အခြန္ေဆာင္ၿပီး နာမည္ေပါက္ေျပာင္းဖို႔ ပိုလက္တြန္႔ၾကမယ္လို႔ ထင္တယ္''ဟု အိမ္ၿခံေျမအက်ိဳးေဆာင္ ဦးေအာင္ဝင္းက ေျပာၾကားခဲ့သည္။
ရန္ကုန္မိုးပ်ံလမ္းစီမံကိန္း တင္ဒါေ႐ြးခ်ယ္မႈ ေနာက္ဆုတ္
လက္ရွိ ၂ဝ၁၉ ခုႏွစ္ အခြန္အေကာက္ဥပေဒအရ တစ္က်ပ္မွ က်ပ္သိန္း ၁,ဝဝဝ အထိသုံးရာခိုင္ႏႈန္း၊ က်ပ္သိန္း ၁,ဝဝဝ မွ က်ပ္သိန္း ၃,ဝဝဝ အထိ ငါးရာခိုင္ႏႈန္း၊
က်ပ္သိန္း ၃,ဝဝဝ မွ က်ပ္သိန္း ၃ဝ,ဝဝဝ အထိ ၁ဝ ရာခိုင္ႏႈန္း၊
က်ပ္သိန္း ၃ဝ,ဝဝဝ အထက္ကို ၃ဝ ရာခိုင္ႏႈန္းသတ္မွတ္ထားရာ ယခင္က သတ္မွတ္ခ်က္ထက္ေလ်ာ့က်ခဲ့သည္။
ယခင္က စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြခြန္မ်ားအေပၚ အခြန္ေကာက္ခံရာတြင္ တစ္က်ပ္မွ က်ပ္သိန္း ၃ဝဝ အထိ ၁၅ ရာခိုင္ႏႈန္း၊
က်ပ္သိန္း ၃ဝဝ မွ က်ပ္သိန္း ၁,ဝဝဝ အထိ ၂ဝ ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၁,ဝဝဝႏွင့္ အထက္ကို ၃ဝ ရာခိုင္ႏႈန္း သတ္မွတ္ ခဲ့ေၾကာင္းသိရွိရသည္။
<<<UNICODE>>>
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းတွင် အခွန်စည်းကြပ်ရန် ရာပြတ်နှုန်းထားအသစ်ကို ထုတ်ပြန်ခဲ့ပြီး မြို့တွင်းအိမ်ခြံမြေဈေးနှုန်း တစ်ဧကလျှင်ကျပ်သန်းပေါင်း ၁၈,ဝဝဝ ကျော်အဖြစ် သတ်မှတ်လိုက်သည်။
အိမ်ခြံမြေရောင်းဝယ်ရာ၌ အခွန်ဆောင်ရာတွင်ကျင့်သုံးရန် ဧရိယာအလိုက် သတ်မှတ်ထားသော အခွန်စည်းကြပ်ရန် နှုန်းထားများကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ၊ ယခင်ဘဏ္ဍာနှစ်က အမြင့်ဆုံးနှုန်းထားအဖြစ် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁ဝ,၂ဝဝ သာရှိခဲ့ရာမှ ယခုနှုန်းထားသစ်အရ ကျပ်သန်းပေါင်း ၁၈,ဝဝဝ ကျော်အထိ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမြင့်ဆုံးဈေးနှုန်းအဖြစ် မန္တလေးမြို့ ချမ်းအေးသာစံ အနောက်ရပ်ကွက် ၈၄ လမ်းပေါ် (၂၈ လမ်းနှင့် ၃၅ လမ်းကြားအထိ) သတ်မှတ်လိုက်ခြင်းဖြစ်ပြီး တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁၇,၂၈ဝ မှ ကျပ်သန်းပေါင်း ၁၈,၇၂ဝ အထိ သတ်မှတ်ထားသည်။
ဘုရင့္ေနာင္တံတားအမွတ္(၁)ကုိ ႏုိဝင္ဘာ ၃ဝရက္တြင္ ျဖတ္သန္းခြင့္ျပဳမည္
ဒုတိယဈေးနှုန်းအမြင့်ဆုံးအဖြစ် ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက် အတွင်း ၇၃ လမ်းပေါ် (၂၆ လမ်းနှင့် လမ်း ၃ဝ ကြား) ကို တစ်ဧကလျှင် ကျပ်သန်း ၁၅,ဝဝဝကျော်မှ ကျပ်သန်း ၁၆,ဝဝဝ ကျော်အထိ သတ်မှတ်ထားသည်။
ထို့ပြင် စိတ္တရမဟီရပ်ကွက်အတွင်း ၂၆ လမ်းတွင် တစ်ဧကလျှင် ကျပ်သန်း ၁၅,ဝဝဝ ကျော်မှ ကျပ်သန်း ၁၆,ဝဝဝ ကျော်အထိ သတ်မှတ်ထားသည်။
ယခုသတ်မှတ်ချက်အသစ်အရ မန္တလေးမြို့သစ်ဧရိယာများတွင်လည်း နှုန်းထားမြင့်မားသည်ကိုတွေ့ရပြီး ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) ရပ်ကွက်အတွင်း ၆၂ လမ်းမပေါ်တွင် တစ်ဧကလျှင် ကျပ် သန်းပေါင်း ၁၂,၂ဝဝ ကျော်မှ ၁၂,၉ဝဝ ကျော်အထိ၊ ၆၂ လမ်းမပေါ် (ငုရွှေဝါလမ်းနှင့် မနော်ဟရီလမ်းကြား) တွင် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၉,၃ဝဝ ကျော်မှ ကျပ်သန်းပေါင်း ၁ဝ,ဝဝဝ ကျော်အထိ သတ်မှတ်ထားသည်။
မန္တလေးမြို့တွင်း အခြားမြင့်မားသောနှုန်းထားသစ်များအဖြစ် ၃၅ လမ်း(၇၆ လမ်းနှင့် ၇၈ လမ်းကြား)တွင် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁၂,ဝဝဝ ကျော်မှ ကျပ်သန်းပေါင်း ၁၃,ဝဝဝ ကျော်၊ လမ်း ၈ဝ (၂၈ လမ်းနှင့် လမ်း ၃ဝ ကြား) တွင် ကျပ်သန်းပေါင်း ၁ဝ,ဝဝဝ ကျော်မှ ၁၁,ဝဝဝ ကျော်၊ သိပ္ပံလမ်းပေါ် (၆၄ လမ်းနှင့် ၆၉ လမ်းကြား) တွင် ကျပ်သန်း ၁ဝ,ဝဝဝ ကျော်မှ ၁၁,ဝဝဝ ကျော် သတ်မှတ်ထားသည်။
''လတ်တလော အိမ်ခြံမြေအရောင်းအဝယ်ကတော့ တကယ်နေထိုင်ဖို့လိုအပ်လို့ ဝယ်တဲ့သူတွေလောက်ပဲ အရောင်းအဝယ်ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ မဝယ်ကြဘူး။ တန်ဖိုးမြင့်တာတွေလည်း အရောင်းအဝယ်ပါးပါတယ်။ ရာပြတ်နှုန်းထားတွေက တန်ဖိုးမြင့်ရင် အခွန်ဆောင်ပြီး နာမည်ပေါက်ပြောင်းဖို့ ပိုလက်တွန့်ကြမယ်လို့ ထင်တယ်''ဟု အိမ်ခြံမြေအကျိုးဆောင် ဦးအောင်ဝင်းက ပြောကြားခဲ့သည်။
လက်ရှိ ၂ဝ၁၉ ခုနှစ် အခွန်အကောက်ဥပဒေအရ တစ်ကျပ်မှ ကျပ်သိန်း ၁,ဝဝဝ အထိသုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ မှ ကျပ်သိန်း ၃,ဝဝဝ အထိ ငါးရာခိုင်နှုန်း၊
ကျပ်သိန်း ၃,ဝဝဝ မှ ကျပ်သိန်း ၃ဝ,ဝဝဝ အထိ ၁ဝ ရာခိုင်နှုန်း၊
ကျပ်သိန်း ၃ဝ,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းသတ်မှတ်ထားရာ ယခင်က သတ်မှတ်ချက်ထက်လျော့ကျခဲ့သည်။
ယခင်က စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်များအပေါ် အခွန်ကောက်ခံရာတွင် တစ်ကျပ်မှ ကျပ်သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊
ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝနှင့် အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ် ခဲ့ကြောင်းသိရှိရသည်။
Source:Myanmar Times