မန္တလေး ပြည်ကြီးတံခွန်၌ ကွန်ကရစ်စက်ရုံ စမ်းသပ်လည်ပတ်နေ

မန္တလေး ပြည်ကြီးတံခွန်၌ ကွန်ကရစ်စက်ရုံ စမ်းသပ်လည်ပတ်နေ google

မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်၌ ကွန်ကရစ်စက်ရုံ စမ်းသပ်လည်ပတ်မှုကို စက်တင်ဘာ ၆ ရက်ကပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ထိုနေရာသို့ မန္တလေးမြို့တော်ဝန် ဦးရဲလွင်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်များအပါအဝင် အဆောက်အအုံနှင့်ကုန်ရုံများဌာန ဌာနမှုတို့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

 

အဆိုပါစက်ရုံမှာ ယခုအခါ တစ်မီတာအရှည် ကွန်ကရစ်ပေါင်အခု ၂၀၀ကျော်နေ့စဉ်ထုတ်လုပ်နေပြီး နောင်တွင်အခု ၃၀၀ ကျော်ထုတ်လုပ်သွားနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

 

<< မှန်တံခါးနှင့် အလူမီနီယံများအကြောင်း သိကောင်းစရာ >>

 

ပုံစံခွက်အရေအတွက် ၁၄၄ ခုသာရှိသေးပြီး ယခုဘတ်ဂျတ်နှစ်တွင် တစ်ပေ၊တစ်ပေခွဲ၊နှစ်ပေနှင့်နှစ်ပေခွဲ ကွန်ကရစ် ၆၅,၇၀၀လျာထား ထားကြောင်း၊ လက်ကျန် ပေ၂၆,၀၀၀ ကို ယခုလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

လာမည့်နှစ်တွင် မြောင်းဖုံး၊ပလက်ဖောင်းနှင့်ကတ်တုံးများထုတ်သွားမှာဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်ဦးရဲလွင်က ပြောထားသည်။ ၁၀ တန်ဝန်အထိမနိုင်သည့် Gantry crane နှစ်ခုပါပြီး တစ်နာရီကို ကုဗမီတာ ၁၂၀ ထုတ်လုပ်နိုင်ကြောင်း၊ နောင်တွင် ၁၀ ပေ ၁၂ ပေ အရွယ် ကွန်ကရစ်ပေါင်ကြီးများပါ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း၊ADB ချေးငွေနဲ့ ရွှေတစ် ချောင်းမြောင်းကို ကွန်ကရစ်တုံးများနှင့်အဆင့်မြှင့်တင်နိုင်ဖို့ ဆွေးနွေးနေကြောင်း ပြောထားသည်။

 

<< မန္တလေး မရမ်းခြံဆိပ်ကမ်း အဆင့် မြှင့်တင်ရေးလုပ်ငန်း >>

 

Concrete batching plant ကလည်း အလိုအလျောက် အဆင့်မြင့်ကွန်ပျူတာစနစ်ဖြစ်ခြင်းကြောင့် လိုချင်သည့် ဒီဇိုင်းပုံစံ ၆မျိုးအနက် အသင့်တော်ဆုံးကို ရွေးချယ်သုံးလို့ရကြောင်း၊တစ်နာရီကို ကုဗမီတာ ၁၂၀ ထုတ်လုပ်နိုင် မှာဖြစ်၍ Precast plant အပြင် လမ်းခင်းဖို့ ဆောက်လုပ်ဖို့အတွက်ပါ အသုံးပြုလို့ရမှာဖြစ် ကြောင်းပြောထားသည်။

 

Source: iMyanmarhouse

 

Myanmar Builders Guide

Read 2433 times
Rate this item
(0 votes)

Related items