ထိုင်း-မြန်မာနယ်စပ်တံခါးများ ဖွင့်ပေးနိုင်ပါက ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍပိုမိုအားကောင်းလာမည်

ထိုင်း-မြန်မာနယ်စပ်တံခါးများ ဖွင့်ပေးနိုင်ပါက ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍပိုမိုအားကောင်းလာမည် google

ထိုင်း-မြန်မာနှစ်နိုင်ငံ ထိစပ်နေသည့်နယ်စပ်တံခါးများကိုသာ ဖွင့်ပေးနိုင်မည်ဆိုပါက ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ် H.E.MrsSuphatraSrimaitreephithakကပြောပါတယ်။

 

မြန်မာနိုင်ငံမှာ လည်ပတ်စရာနေရာအများကြီးရှိပါတယ်။ အားနည်းချက်ကတော့ အမှိုက်တွေသေချာမစွန့်ပစ်မှု၊ ဟိုတယ်တွေသေချာမစီမံမှုတွေ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံနယ်နိမိတ်ကလည်း ကီလိုမီတာ ၂၄၀၀ ထိ ထိစပ်နေ ပါတယ်။ ထိုင်းနိုင်ငံကနေမြန်မာပြည်ကိုလာလည်ချင်တဲ့နေရာတွေအများကြီးရှိပါတယ်။ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးနဲ့ နယ်နိမိတ်ထိစပ်နေတာကြောင့် နယ်စပ်တံခါးတွေ ဖွင့်ပေးဖို့လိုပါတယ်ဟု မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအ မတ် H.E.Mrs Suphatra Srimaitreephithak ကပြောပါတယ်။

 

Screenshot from 2019 09 04 16 49 53

 

<< ရန်ကုန်-မန္တလေးကို အချိန်တိုအတွင်းသွားနိုင်ရန် ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှု စတင်မည် >>

 

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ အောင်မြင်နေသည့်အတွက်နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ထားဝယ်နှင့် ကန်ချနာပူရီမြို့တော်ကို မောင်နှမမြို့တော်အဖြစ် သတ်မှတ်ရန် ပြင်ဆင်ထားပါတယ်။

 

အဲဒီကိုလာတဲ့ ခရီးသွားဧည့်သည်တွေ ဒီဘက်ကိုသာ တစ်ဝက်လောက်ဝင်ခဲ့မယ်ဆိုရင် ခရီးသွားကဏ္ဍအတွက် တော်တော်လေး ကောင်းသွားမှာပါဟု တနင်္သာရီတိုင်းဒေသကြီး၊ ကုန်သည်စက်မှုအသင်းမှ ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင် ကပြောပါတယ်။

 

<< အီတလီကုမ္ပဏီက ကော့သောင်းတွင် ဟိုတယ်စီမံကိန်းတစ်ခု ရင်းနှီးမြှုပ်နှံ >>

 

ယင်းအပြင် ထားဝယ်-ထီးခီးလမ်းပိုင်း အကောင်အထည်ဆောင်ရွက်ပြီးစီပါက ကုန်သွယ်ရေးကဏ္ဍအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

 

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များက တာချီလိတ်နယ်စပ် ၀င်ပေါက်၊ ထွက်ပေါက်မှတစ်ဆင့်နေ့ချင်းပြန်ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ၀မ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံပဒေါင်ကျေးရွာ၊နဂါးနှစ်ကောင်ဆရာတော်ကျောင်း၊ကွမ်ရင်မယ်တော်နှင့် တရုတ် ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်မှုများရှိ​ကြောင်းသိရပါတယ်။

 

<< Sign Board (ဆိုင်းဘုတ်) (252) >>

 

ညအိပ်ခရီးစဉ်မဖြစ်​ မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော် ရာစေတီ၊ ဈေးတန်းကြီးဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်၊ ကျိုင်းတုံမြို့အ၀င်ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရား ကျောင်း၊ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ၀ပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ် ပင်တောင်၊ ကမ္ဘာအေးစေတီ၊စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန်စသည့် အထင်ကရနေ ရာများသို့ သွားရောက် လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှလေကြောင်းဖြင့်တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ် များအား ၀င်ရောက်လည်ပတ်ခြင်းဖြစ်​ပါတယ်။

 

Myanmar Builders Guide

Read 575 times
Rate this item
(0 votes)

Related items