မြို့သစ်စီမံကိန်းအတွက် လျှပ်စစ်ဖြန့် ဖြူးဖို့  ထိုင်းကုမ္ပဏီကိုရွေးချယ်ထား

မြို့သစ်စီမံကိန်းအတွက် လျှပ်စစ်ဖြန့် ဖြူးဖို့  ထိုင်းကုမ္ပဏီကိုရွေးချယ်ထား google

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လျှပ်စစ်ဖြန့်ဖြူးတဲ့ကဏ္ဍမှာလုပ်ကိုင်ဖို့ ထိုင်းနိုင်ငံအခြေစိုက် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ PTT Group ကိုရွေးချယ်ခဲ့တယ်လို့ New Yangon Development Company ရဲ့ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေကပြောပါတယ်။

 

ဒါ့အပြင် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးတဲ့ကဏ္ဍအတွက်တော့ အိန္ဒိယနိုင်ငံအခြေစိုက် IGL Consortium ကိုရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။

 

<< ဂုတ်တွင်း ယာယီဘေလီတံတားတွင် ကားများ ဖြတ်သန်းသွားလာခွင့်ပြုပြီ>>

 

ယခုရွေးချယ်လိုက်တဲ့ ကုမ္ပဏီနှစ်ခုကို စင်ကာပူအစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Infrastructure Asia (IA) အဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ စိစစ်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စိစစ်မှုတွေပြုလုပ်တဲ့နေရာမှာ မျက်နှာဆုံညီ တွေ့ဆုံဆွေးနွေးမှုတွေ၊ စီမံကိန်းတစ်ခုလုံးကို ခြုံငုံကြည့်ရှု အကဲဖြတ်မှုတွေပါဝင်တဲ့ နည်းပညာအတွေ့အကြုံ၊ နည်းပညာစွမ်းဆောင်ရည် နဲ့ ဘဏ္ဍာရေးအရခိုင်မာမှုတို့ကို အခြေခံပြီး အဆင့်ဆင့်စိစစ်အမှတ်ပေး စနစ်ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

 

<< ရန်ကုန်မြို့သစ်တည်ဆောက်ရန် NYDC ထုတ်ပြန်လိုက်သည့် မဟာဗျူဟာစီမံကိန်းပုံစံ>>

 

ဒါဟာ ယခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ်က ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ခေါ်ယူခဲ့တဲ့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ခြောက်ခုထဲက နှစ်ခုဖြစ်ပါတယ်။

 

ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းခြောက်ခုကတော့ လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးခြင်း၊ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးခြင်း၊ ဆိုက်ဘာဆက်သွယ်ရေး၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ရေဆိုးရေညစ်စီမံခန့်ခွဲမှုနဲ့ ကွန်ဗင်းရှင်းစင်တာတည်ဆောက်ဖို့တို့ဖြစ်ပါတယ်။ ဒီကဏ္ဍ ခြောက်ခုအတွက် ကုမ္ပဏီ ၄၅ ခုဆီကနေ လုပ်ငန်းဆောင်ရွက်မှုအဆိုပြုလွှာ EOI ၇၇ ခုရရှိခဲ့ပြီး ဒီထဲကမှ ကဏ္ဍ နှစ်ခုအတွက် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

<< ရန်ကုန်မြို့သစ်၏ Master Plan သည် Best Planning Project အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့>>

 

ကျန်တဲ့ ကဏ္ဍလေးခုကို ဆက်လက်ရွေးချယ်နိုင်ဖို့အတွက် စိစစ်မှုတွေ စတင်လုပ်ဆောင်နေပြီး စိစစ်မှုလုပ်ငန်းစဉ်တွေပြီးသွားတဲ့အချိန်မှာ ကြေငြာပေးသွားမှာဖြစ်တယ်လို့ ဦးသိမ်းဝေကပြောပါတယ်။

 


Source: NYDC

 

Myanmar Builders Guide

Read 5006 times
Rate this item
(0 votes)