ရန်ကုန်-ပုဂံ ရထားလမ်း ပြန်လည်ပြေးဆွဲတော့မည်

ရန်ကုန်-ပုဂံ ရထားလမ်း ပြန်လည်ပြေးဆွဲတော့မည် google

ရန်ကုန်-ပုဂံရထားလမ်းပိုင်းမှ ပုဂံနှင့် တောင်ဇင်းဘူတာအကြား တံတားအမှတ် BR-135 မှာ သြဂုတ် ၁၀ ရက်က မိုးသည်းထန်စွာရွာသဖြင့် ရေတိုက်စားပျက်စီးခဲ့ရာမှ သြဂုတ် ၁၈ ရက် ညနေပိုင်းတွင် တံတားပြုပြင်ပြီးစီးခဲ့သဖြင့် ပုဂံဘူတာထိ ပုံမှန်ခရီးစဉ်အတိုင်း

စတင်ပြေးဆွဲ ပြီဖြစ်ကြောင်း မြန်မာ့မီးရထား(အထက်မြန်မာပြည်)မှ သိရသည်။

 

ban

 

ရေတိုက်စားမှုကြောင့် ရထားလမ်းမိုင်တိုင် ၃၈၇/၂၂ ရှိ ပေ ၁၂၀အရှည်ရှိတံတားအမှတ် BR-135 ၏ ရေလယ် တိုင် (PR )၅ခုအနက် PR-3 နှင့် PR-4 တို့မှာ လဲကျသွားခဲ့ရာ သြဂုတ် ၁၀ ရက်ညနေပိုင်းက စ၍ဖြတ်သန်းခွင့် မပြုတော့ဘဲ ပြင်ဆင်ခဲ့ရာ ၈ ရက်ကြာမြင့်ခဲ့ပြီး ယခုအခါ နေပြည်တော်-ပခုက္ကူရထားများလည်း ပုံမှန်ပြေးဆွဲနိုင်ပြီဟု ဆိုသည်။

 

<< နောင်ချိုမြို့အနီးက ဂုတ်တွင်းတံတားအခြေအနေ >>

 

“တံတားက ရေတိုက်စားလို့ ပျက်စီးသွားတဲ့အတွက် ရထားတွေ ဖြတ်သန်းသွားလာလို့ မရတာကြောင့် ပုဂံထိ မသွားနိုင်တော့ဘဲ ရထားခရီးစဉ်ကို ကျောက်ပန်းတောင်းထိ ပြေးဆွဲပေးခဲ့တယ်။ အဲဒီနေရာမှာ ပုံမှန်ပြေးဆွဲနိုင် ဖို့ ဘေလီတံတားအစားထိုးပြုပြင်ခဲ့တယ်။ခုတော့ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနိုင်ပါပြီ”ဟု မြန်မာ့မီးရထား၊ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်)ဦးမျိုးဝင်းက ပြောသည်။

 

အလားတူ ထိုနေ့က မန္တလေး-ပုဂံလမ်းပိုင်းမှ ပုလင်းနှင့် ပုဂံအကြား တာဘောင်ပေ ၄၀ခန့်သည် ရေတိုက်စားခဲ့ သဖြင့် သြဂုတ် ၁၀ ရက်နေ့ ည ၉ နာရီ မန္တလေးမှပုဂံသို့ ထွက်ခွာမည့် ရထားအမှတ် ၁၂၀ ကို ဖျက်သိမ်းခဲ့ရကာ သြဂုတ် ၁၁ ရက်နေ့မွန်းလွဲ ၃ နာရီခန့်က လမ်းပိုင်းကောင်းမွန်ပြီဖြစ်၍ ပုံမှန်ပြေးဆွဲခဲ့သည်ဟုဆိုသည်။

 

<< မန္တလေး-မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်ပြီ>>

 

“မိုးရွာလို့ တောင်ကျရေတွေဆင်းလာတယ်။သဲချောင်းဆိုတာမျိုးက မိုးရွာချိန် တောင်ကျ ရေ ရောက်လာ တုန်း ခဏပဲ ရေရှိတယ်။ပြီးရင် ဘာရေမှ မကျန်ရစ်ဘူး။ ၁၀ ရက်နေ့လည်လောက်က မိုးရွာတာ။ပုဂံဘူတာထဲမှာလည်း ရေတွေဝင်ခဲ့တယ်။ ညနေ ၅ နာရီခွဲလောက်မှာ လမ်းတွေ ပျက် တယ်သိရပြီး ပြင်ဆင်ရေးလုပ်ငန်းတွေ စတင်ခဲ့ တယ်”ဟု ပုဂံ၊ရထားတိုင်းအမှတ်(၃) မန်နေဂျာ၊ ဦးညီညီလွင်ကပြောသည်။

 

ခရီးသည်နည်းပါးချိန်ဖြစ်ပြီး ခရီးစဉ်ဖျက်ခဲ့သည့် ရန်ကုန်-ပုဂံရထားမှ ခရီးသည် ၆၇ ဦးအား လက်မှတ်ဖိုး ငွေ ပြန်အမ်း ပေးကာ ကားသုံးစီးဖြင့် ပုဂံမှ ကျောက်ပန်းတောင်းသို့ ပို့ဆောင်ပေးခဲ့ပြီး ရန်ကုန်မှ ထွက်ခွာလာ သော ရထားများသည် ပုဂံဘူတာ ထိ မရောက်တော့ဘဲ ပြန်လှည့်ကာရန်ကုန်-ကျောက်ပန်းတောင်းဘူတာထိသာ ပြေးဆွဲပေးခဲ့သည်။

 

Source: Myanmar Times

 

Myanmar Builders Guide

Read 1995 times
Rate this item
(0 votes)

Related items