Real Estate & Properties

Thursday, 22 August 2019 14:17

ဂုတ်တွင်း ယာယီဘေလီတံတားတွင် ကားများ ဖြတ်သန်းသွားလာခွင့်ပြုပြီ

ရေကြီးမြေပြိုကျမှုကြောင့် လမ်းပိုင်း ပဲ့ကျသွားခဲ့သည့် မလွှဲတောင်လမ်းပိုင်း တွင် တည်ဆောက်ထားသည့် ဘေလီတံတားကို ၂၄ တန် အောက် ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။  
Tuesday, 20 August 2019 10:55

နှစ်ရက်ကြာ ရပ်နားပြီးနောက် မန္တလေး-လားရှိုးရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲ

မန္တလေး-လားရှိုး ရထားခရီးစဉ်များကို လမ်းပိုင်းလုံခြုံရေးအရ ၂ ရက်ကြာရပ်နားခဲ့ရာမှ သြဂုတ် ၁၇ ရက်နေ့မှ စတင်ကာ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲပြီဖြစ်၍ ရထားလက်မှတ်များ ရောင်းချပေးနေပြီဟု လားရှိုး ဘူတာမှ သြဂုတ် ၁၈ ရက်ကသိရသည်။  
Tuesday, 20 August 2019 10:23

ရန်ကုန်-ပုဂံ ရထားလမ်း ပြန်လည်ပြေးဆွဲတော့မည်

ရန်ကုန်-ပုဂံရထားလမ်းပိုင်းမှ ပုဂံနှင့် တောင်ဇင်းဘူတာအကြား တံတားအမှတ် BR-135 မှာ သြဂုတ် ၁၀ ရက်က မိုးသည်းထန်စွာရွာသဖြင့် ရေတိုက်စားပျက်စီးခဲ့ရာမှ သြဂုတ် ၁၈ ရက် ညနေပိုင်းတွင် တံတားပြုပြင်ပြီးစီးခဲ့သဖြင့် ပုဂံဘူတာထိ ပုံမှန်ခရီးစဉ်အတိုင်း
Friday, 16 August 2019 15:45

Excelsior Yangon ဟိုတယ်ကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်ရန်စီစဉ်နေ

ရန်ကုန်မြို့ရှိ   Excelsior  Yangon ဟိုတယ်ကို  မြို့ပြအမွေအနှစ် ထိန်းသိမ်းရေး အပြာရောင်ကမ္ပည်းပြား တပ်ဆင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ ဒေါက်တာသန့်မြင့်ဦး ၏ပြောဆိုချက်အရ သိရသည်။  
Friday, 16 August 2019 14:27

တစ်ဆင့်ခံရောင်းချ၊ ငှားရမ်းခြင်းများ ပြုလုပ်မည်ဆိုပါက City Gallery၌သာ ဆောင်ရွက်နိုင်မည်

အစိုးရမှ ရောင်းချထားသော  တန်ဖိုးနည်း တိုက်ခန်းများကို တစ်ဆင့်ခံရောင်းချခြင်းနှင့်  ငှားရမ်းခြင်းများ ပြုလုပ်မည်ဆိုပါက City Gallery၌သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ   တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။  
Friday, 16 August 2019 12:40

မန္တလေး-မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်ပြီ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသော မန္တလေး-မူဆယ် လမ်းကြောင်းသည် လက်နက်ကိုင် တိုက်ပွဲများကြောင့် သြဂုတ်လ ၁၅ ရက် မနက်ပိုင်းမှစ၍ ပိတ်သွားပြီ ဖြစ်သည်။  

Search Articles