ဝါကျွတ်ကာလ ရန်ကုန်အိမ်ခြံမြေအငှားဈေးကွက် အခြေအနေ

ဝါကျွတ်ကာလ ရန်ကုန်အိမ်ခြံမြေအငှားဈေးကွက် အခြေအနေ

ဝါကျွတ်ကာလ ရန်ကုန်အိမ်ခြံမြေအငှားဈေးကွက် အေးစက်နေဆဲပင်ဖြစ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင်များထံမှ သိရသည်။ လက်ရှိ ကိုဗစ်ရောဂါဖြစ်စဉ်ဖြစ်ရပ် များကြောင့် ရန်ကုန်မြို့အိမ်ခြံမြေလုပ်ငန်းများအနေနှင့် အရောင်းဈေးကွက်ထက် အငှားဈေးကွက်ကိုသာ အားထားလှုပ်ရှားနေခဲ့ကြရသည်။ ရန်ကုန်မြို့ အိမ်ခြံမြေအငှားဈေးကွက်အနေနှင့် ပုံမှန်အချိန်အခါများတွင် အိမ်ပြောင်း အိမ်ရွှေ့များပြားလေ့ရှိသည့် ဝါဝင်ချိန်နီးကာလာချိန်နှင့် ဝါထွက်ကာလများကို အားထားလှုပ်ရှား ဆောင်ရွက်လေ့ရှိကြသည်။

အထူးသဖြင့် ထိုကဲ့သို့ ဝါဝင်၊ ဝါထွက်အချိန်ကာလများတွင် ရန်ကုန်မြို့၏ဆင်ခြေဖုံးရပ်ကွက် ဒေသများဖြစ်သည့် ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်များ၊ လှိုင်သာယာ၊ ရွှေပြည်သာ စသည့်မြို့နယ်များတွင် အိမ်ခြံမြေအငှားဈေးကွက် သွက်လက်လှုပ်ရှားနေလေ့ရှိသည်။ အဆိုပါမြို့နယ်အိမ်ခြံမြေဈေးကွက်များတွင် အိမ်ရာစီမံကိန်းတိုက်ခန်းများတွင် အထပ်မြင့်အနေအထားအရ တစ်လ လျှင် အခန်းငှားခငွေကျပ် ၇၀ဝ၀ဝ ကျပ်မှ ၁၂၀ဝ၀ဝ ကျပ်အထိသာရှိနေပြီး ရပ်ကွက်နေအိမ်အခန်းငှားရမ်းခ များမှာ တစ်လလျှင် ငွေကျပ်ခုနစ်သောင်း၊ ရှစ်သောင်းခန့်သာရှိနေသဖြင့် ငှားရမ်းနေထိုင်သူများပြားကာ အိမ်ခြံမြေအငှားဈေးကွက် သွက်လက်လှုပ်ရှားနေခြင်းဖြစ်သည်။

သို့သော် ယခုအခါကိုဗစ်ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် အိမ်ပြောင်းရွှေ့သူမရှိသလောက် ဖြစ်နေ သဖြင့် ဝါထွက်ကာလဖြစ်နေသော်လည်း ဈေးကွက်အေးစက်နေခြင်းဖြစ်သည်ဟုပြောသည်။ ထို့ကြောင့် ယခင်က အိမ်းငှားရမ်းခ၊ အခန်းငှားရမ်းခများအတွက် ငှားရမ်းသူမှခြောက်လစာကြိုတင်ပေး ငှားရမ်းနေရ သော်လည်း ယခုအခါ သုံးလစာ၊ နှစ်လစာနှင့် တစ်လချင်းပေးချေသည့်စနစ်များနှင့်ပင် ငှားရမ်းမှုများရှိလာခဲ့ သည်။

ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်ဒေသများတွင် အိမ်ခြံမြေအငှားဈေးကွက်အေးစက်နေသော်လည်း ငှားရမ်းခဈေးနှုန်းများမှာမူ ကျဆင်းလာခဲ့ခြင်းမရှိဘဲ ရန်ကုန်မြို့နှင့်နီးစပ်သည့် မြို့နယ်ဒေသ များမှ ကွန်ဒိုတိုက်ခန်းများနှင့် လုံးချင်းအိမ်ရာငှားရမ်းမှုနှုန်းထားများမှာလည်း နိုင်ငံခြားသားနှင့်ကုမ္ပဏီ များမှ ငှားရမ်းမှုမရှိသဖြင့် ဈေးနှုန်းများကျဆင်းနေခဲ့သည်။ လက်ရှိတွင်ပိတ်ထားရသည့် အခန်းများ၊ များပြားနေသဖြင့် တချို့အိမ်ရှင်များမှာ ၂၅ ရာခိုင်နှုန်းအထိ ဈေးလျှော့ငှားရမ်းမှုများပင်ရှိနေကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များက ပြောသည်။

ထို့ကြောင့် ယခုအခါရန်ကုန်မြို့၏ အိမ်ခြံမြေအငှားဈေးကွက်တွင် အခန်းငှားလိုသူများအနေနှင့် စိတ်ကြိုက်အခန်းများကို ရွေးချယ်ငှားရမ်းနိုင်သည့်အခြေအနေအခွင့်အရေးများရှိနေသည်ဟုပြောသည်။ ထို့ကြောင့် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်၏ အရောင်းဈေးကွက်ရော၊ အငှားဈေးကွက်များပါ ကိုဗစ်အလွန် ကာလမှ ပြန်လည်ကောင်းမွန်လာနိုင်မည်ဟု ခန့်မှန်းနေကြောင်း သိရသည်။

myotaw.news/

 

Read 202 times
Rate this item
(0 votes)