ဝန်ထမ်းအိမ်ခန်း မဲနှိုက်နေရာချပေး

ဝန်ထမ်းအိမ်ခန်း မဲနှိုက်နေရာချပေး

မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ၊

 

တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ချမ်းမြသာစည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၁၃)ကျောင်းဝန်းတွင် တည်ဆောက်ပြီးစီးသည့် (၄)ခန်းတွဲ (၄)ထပ်

 

အဆောက်အဦ(၃)လုံး၊ တိုက်အမှတ်(၂၃၊၂၄ နှင့်၂၅)ရှိအခန်းများတွင် နေထိုင်ခွင့်ရရှိသည့် ဝန်ထမ်းများအတွက် အိမ်ခန်းနေရာများကို နိုဝင်ဘာလ(၆)ရက်နေ့က မဲနှိုက်ချထားပေးကြောင်း သိရသည်။

 

အဆိုပါ အခန်းပေါင်း(၄၈)ခန်းကို နေရာချထားပေးရာတွင် ၎င်းကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများ၊ ပညာရေးဝန်ထမ်းများကို ပထမဦးစားပေးနေရာချထားပေးခဲ့ပြီး

 

ဒုတိယဦးစားပေးအနေဖြင့် ချမ်းမြသာစည်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများ၊ ပညာရေးဝန်ထမ်းများကို နေရာချထားပေးခဲ့ကြောင်း သိရပါသည်။

 

မန္တလေးသတင်းဌာနခွဲ

MRTV

Read 169 times
Rate this item
(0 votes)