ကိုဗစ်ကာလ ဘဏ်ချေးငွေ ဖြင့် တိုက်ခန်း ဝယ်ယူခြင်းအတွက် 30/40/50 စည်းမျဉ်း

ကိုဗစ်ကာလ ဘဏ်ချေးငွေ ဖြင့် တိုက်ခန်း ဝယ်ယူခြင်းအတွက် 30/40/50 စည်းမျဉ်း

ကိုဗစ်ကာလသည် မရေရာ မသေချာခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ အဲဒီလို အခြေအနေထဲမှာ ဘဏ်ချေးငွေ အစီအစဉ်ဖြင့် တိုက်ခန်းဝယ်ယူပြီး အရစ်ကျ ပေးဆပ်သွားခြင်းဖြင့် တိုက်ခန်းပိုင်ဆိုင်သူ အဖြစ်ကို ရောက်ရှိသွားဖို့ လုပ်ကိုင်ဆောင်ရွက်တဲ့အခါ လိုက်နာအပ်တဲ့ 30/40/50 စည်းမျဉ်း ဆိုတာ ရှိပါတယ်။

 

တကယ်တော့ ကိုဗစ်ကာလ လွန်မြောက်ပြီးတဲ့အခါမှာလည်း လိုက်နာထိုက်တဲ့ စည်းမျဉ်း ဖြစ်ပါတယ်။

 

စည်းမျဉ်း (၁) ၃၀%

၃၀/၄၀/ ၅၀ စည်းမျဉ်းရဲ့ ပထမ ၃၀ က ဘာကိုဆိုလိုသလဲဆိုတာ့ တစ်လတာ ဝင်ငွေရဲ့ ၃၀% ကို ဆိုလိုပါတယ်။ ချေးငွေရယူပြီး ဝယ်ယူလိုက်တဲ တိုက်ခန်းမှာ နေထိုင်လို့ ရတာ မှန်ပေမဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားတွေကို ငွေထုတ်ချေးတဲ့ ဘဏ်မှာ အပေါင်ပစ္စည်းအဖြစ် အပ်နှံထားရတယ်။

 

ချေးငွေအပေါ် အတိုးနဲ့ အရင်း တိုးရင်းကို လစဉ် ပေးဆပ်ရတယ်။ အဲဒီလို ပေးဆပ်ရတဲ့ တိုးရင်းပမာဏဟာ သင့်တစ်လတာ ပုံမှန် အနည်းဆုံးဝင်ငွေရဲ့ ၃၀% ထက် မကျော်သင့်ဘူး။ ဘဏ်တိုးပေးရတာ အတိုးနှုန်းကို လျော့ချပေးပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူသူတွေ ဝယ်ချင်အောင် အရောင်းမြှင့်တင်တာတွေ ကြုံရလည်း ရတုန်း ယူထားဦးမှ ဆိုပြီး ပြန်ဆပ်ရတဲ့ပမာဏက တစ်လတာ ဝင်ငွေရဲ့ ၃၀% ထက် ကျော်လွန်နေတာကို ချေးငွေရယူလိုက်တာမျိုးကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ၃၀% စည်းမျဉ်းအရ ဝယ်သင့်တဲ့ ပမာဏထက် ပိုဈေးမြင့်တဲ့ တိုက်ခန်းမျိုးကို ဝယ်ယူတာ ဖြစ်ပါတယ်။

 

အရင်းကို ဖဲ့ဆပ်နေချိန် ကျန်ရှိတဲ့ ကြွေးကျန်ရပမာဏရဲ့ ၁၀%ကို နှစ်တိုးဖြင့် ကောက်ခံတယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အတိုးပမာဏ လျော့ကျပြီး အသက်ရှူချောင်လာမယ်လို့ တွက်ပြီး လစဉ်ဝင်ငွေရဲ့ ၃၀% ထက် ကျော်လွန်ကာ ဝယ်ယူခြင်းမျိုးကို ဆင်ခြင်သင့်ပါတယ်။

 

တွက်ချက်ရန် လွယ်ကူစိမ့်သောငှာ တစ်လ ပုံမှန် အနည်းဆုံးဝင်ငွေကျပ် ငါးသိန်း (၅၀၀,၀၀၀) ရှိတယ်ဆိုပါစို့။ အိမ်ရာချေးငွေအတွက် အရစ်ကျ ပြန်ပေးဆပ်ရတဲ့ တိုးရင်းပေါင်းက လစဉ်ဝင်ငွေရဲ့ ၄၀% ရှိတယ်ဆိုရင် သုံးစွဲဖို့ငွေ ကျပ် ၃၀၀,၀၀၀ ကျန်မယ်။ လစဉ် ဝင်ငွေကျပ် ငါးသိန်း (၅၀၀,၀၀၀) ရဲ့ ၄၀% ကို သုံးပြီးသား ဖြစ်နေတဲ့အတွက် အခြေခံလိုအပ်ချက်တွေအတွက် သုံးစွဲဖို့ငွေမှာ ခြေစောင့်လက်စောင့် မကျန်တော့တဲ့အဖြစ်ကို တစ်လ မဟုတ်ရင် တစ်လမှာ ကြုံရတတ်တယ်။ တစ်လကြုံပြီး မွန်းကျပ်ထားရင် နောက်ထပ်လတွေမှာလည်း ငွေကုန်ပေါက်တွေ မမျှော်လင့်ဘဲ ရောက်ရောက်လာတတ်တယ်။ ငွေကုန်ပေါက် ကြုံရတဲ့ သဘောသဘာဝတစ်ခု ဖြစ်ပါတယ်။ 

 

အဲဒါကြောင့် လစဉ်ဝင်ငွေရဲ့ ၃၀% ထက် မကျော်စေနဲ့။ ၃၀% ထက် ပိုနည်းလေကောင်းလေ ဖြစ်ပါတယ်။

 

စည်းမျဉ်း (၂) ၄၀%

၃၀/၃၀/ ၅၀ စည်းမျဉ်းရဲ့ ၄၀ က ဝယ်ယူမယ့် အိမ်ရာတန်ဖိုးရဲ့ ၄၀%ကို လက်ထဲမှာ စုပြီးဆောင်းပြီးသား ရှိနေဖို့ ဖြစ်ပါတယ်။ ၄၀% လက်ထဲ ရှိနေတာမှာ ၃၀% ကို ချက်ချင်းပေးချေလိုက်ပြီး ကျန် ၁၀%ကို ခြေစောင့်လက်စောင့် စုဆောင်းထားရမှာ ဖြစ်ပါတယ်။ ၃၀% ကို လက်ငင်းပေးချေတဲ့အတွက် တိုးရင်းပေါင်း ပြန်ဆပ်ရတဲ့ ပမာဏ လျှော့ချပေးတဲ့ အစီအစဉ် ရှိမရှိ အရင်စုံစမ်းပါ။ ရှိတယ်ဆိုမှ ချေးငွေကို ရယူပြီး တိုက်ခန်းကို ဝယ်ယူပါ။

 

ချေးငွေ ရယူတာမှာ တိုးရင်း ပြန်ဆပ်တာအပြင် ဝန်ဆောင်ခတွေ ပေးရတယ်။ ဥပမာ Service Charges အဖြစ် ချေးငွေပမာဏရဲ့ ၂ % ကို တစ်လုံးတစ်ခဲတည်း ပေးရတာမျိုး ရှိတယ်။ အဲဒါကြောင့် ၁၀%ကို ခြေစောင့်လက်စောင့်အဖြစ် ရှိထားဖို့ လိုပါတယ်။

 

တတိယစည်းမျဉ်း။ ၅၀%

ဈေးနှုန်း ဘယ်လောက်အထိ တတ်နိုင်သလဲဆိုတာကို ချင့်ချိန်တဲ့ ၅၀% ဖြစ်ပါတယ်။ တိုက်ခန်းဝယ်ဖို့ စဉ်းစားတဲ့အခါ တစ်နှစ်တာ ပုံမှန်ဝင်ငွေပမာဏရဲ့ ၅၀% တန်ဖိုးရှိတာမျိုးကိုသာ ဝယ်ယူသင့်ပါတယ်။ ဥပမာ တွက်ချက်ရန် လွယ်ကူစိမ့်သောငှာ တစ်လပုံမှန်ဝင်ငွေ ကျပ် ၅၀၀,၀၀၀ ရှိတယ်ဆိုပါစို့။ တစ်နှစ်ဝင်ငွေ ကျပ် ၆,၀၀၀,၀၀၀ ဖြစ်ပါတယ်။ ၅၀% ဖြစ်တဲ့ ကျပ် ၃,၀၀၀,၀၀၀ ထက် ပိုဈေးမြင့်တာကို မဝယ်ယူသင့်ဘူးလို့ ဆိုပါတယ်။

 

မိသားစုဝင်တွေရဲ့ ဝင်ငွေတွေ စုပေါင်းစပ်ပေါင်းလုပ်ပြီး ဝယ်တာမျိုးဆိုရင်လည်း မိသားစု ပုံမှန်လစဉ်ဝင်ငွေ စုစုပေါင်းရဲ့ ထက်ဝက်ပမာဏထက် မပိုတဲ့ ဈေးနှုန်းကိုသာ ဝယ်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းကို ကျော်လွန်ပြီး ဝယ်ယူလိုက်တယ်ဆိုရင် စည်းမျဉ်းထဲ ဘောင်ဝင်မယ့် လစဉ်ပုံမှန် ဝင်ငွေပမာဏ ရရှိအောင် ရှာဖွေဖို့ လိုအပ်နေပြီလို့ မှတ်ယူရမယ်။ အပိုဖြုန်းနေတာတွေ ရှိရင် လျှော့ချရမယ်။ 

 

ရေရှည်အတွက်ဆိုရင်တော့ ပိုင်ဆိုင်မှု လက်ဝယ်ရမရဆိုတာ အရေးကြီးပါတယ်။ ပိုင်ဆိုင်မှု လက်ဝယ် ရရှိတာ ခိုင်မာလို့ တိုက်ခန်းတစ်ခု အိမ်တစ်လုံးကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူလိုက်တာ ဖြစ်ပြီး အိမ်ရှင်ကိုယ်တိုင်က နေထိုင်မှာ မဟုတ်ဘူးဆိုရင် အငှားချဖို့ စီစဉ်ပြီး ငွေရပေါက်ရလမ်း ရှာကြံရမှာ ဖြစ်ပါတယ်။ ၆ လခစာ ငှားရမ်းခ ရရှိတာမှာ ၁ လခကို ပွဲခပေးရတာ တကယ်တော့ နစ်နာပါတယ်။ တကယ်လို့ နေရာက အဆင်ပြေတယ်ဆိုရင် အခန်းကျဉ်းကျဉ်းတွေ ဖွဲ့ပြီး အဆောင်ခန်း ငှားစားတာမျိုး လုပ်ကြပါတယ်။

Read 596 times
Rate this item
(0 votes)