မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူများအား တိုက်ခန်းနေရာများ မဲနှိုက်ချထား

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူများအား တိုက်ခန်းနေရာများ မဲနှိုက်ချထား

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်သည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူများကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ရှိ မြို့တော်ခန်းမတွင် တိုက်ခန်းနေရာများ မဲနှိုက်ချထားပေးခဲ့သည်။

 

မဲနှိုက်ရာတွင် အုပ်စု(A) နိုင်ငံ့ဝန်ထမ်း (၃၁၅)ဦး၊ အုပ်စု(D) ကုမ္ပဏီဝန်ထမ်း (၃၅)ဦး စုစုပေါင်း (၃၅၀)ဦးအား မဲနှိုက်နေရာချထားပေးခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် အုပ်စု(B) အငြိမ်းစားဝန်ထမ်း (၆၉)ဦး၊ အုပ်စု(C) ပြည်သူ (၇၄)ဦး စုစုပေါင်း (၁၄၃)ဦးအား ဆက်လက်မဲနှိုက်နေရာ ချထားပေးသွားမည်ဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြရည်နန္ဒာ တန်ဖိုးမျှအိမ်ရာစီမံကိန်းတွင် တိုက်ခန်း (၁)ခန်းလျှင် ၆၆၁ စတုရန်းပေရှိ၍ မြေညီထပ် ၂၈၈ ဒသမ ၄ သိန်း၊ ပထမထပ် ၂၅၇ ဒသမ ၅ သိန်း၊ ဒုတိယထပ် ၂၃၁ ဒသမ ၇၅ သိန်း၊ တတိယထပ် ၂၁၁ ဒသမ ၁၅ သိန်း၊ စတုတ္ထထပ် ၁၉၅ ဒသမ ၇ သိန်း၊ ပဥ္စမထပ် ၁၈၀ ဒသမ ၂၅ သိန်းဖြစ်ပြီး အဆိုပါတန်ဖိုးများမှာ ကုန်သွယ်လုပ်ငန်းခွန် (၃)ရာခိုင်နှုန်း ပါဝင်ပြီး မြေတန်ဖိုး ထည့်သွင်းတွက်ချက်ထားခြင်းမရှိဘဲ တိုက်ခန်းတန်ဖိုးဖြင့်သာ ရောင်းချခြင်းဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနခွဲမှူး ဦးစိုးမင်းသိန်းထံမှ သိရသည်။

 

MDN

Read 232 times
Rate this item
(0 votes)