မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်းများကို စတုတ္ထအကြိမ်ရောင်းချပေးရန် စတင်ဆောင်ရွက်

မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်းများကို စတုတ္ထအကြိမ်ရောင်းချပေးရန် စတင်ဆောင်ရွက်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတန်ဖိုးမျှတတိုက်ခန်းများကို စတုတ္ထအကြိမ် ထပ်မံရောင်းချပေးတော့မည်ဖြစ်ရာ

ယခုတစ်ကြိမ်တွင် လျှောက်လွှာအသစ်များ မခေါ်ဘဲ တတိယအကြိမ်လျှောက်ထားသူများထဲမှ ၀ယ်ယူခွင့် မဲမပေါက်ခဲ့‌သော လျှောက်လွှာ QR code လဲလှယ်ပြီးသူ(၂၆၀၀)ကျော်ကို ပွင့်လင်းမြင်သာစွာ မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ၀ယ်ယူခွင့်မဲမပေါက်ခဲ့သူများအား ဩဂုတ်လ(၄)ရက်နေ့မှ (၇)ရက်အတွင်း QR code တွင် ပါ၀င်သည့် မဲလက်မှတ်များကို Register ပြုလုပ်စေပြီး လာမည့် ဩဂုတ်လ(၁၀)ရက်နေ့၊ မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ တိုက်ခန်းအရေအတွက်(၄၉၂)ခန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်

 

Read 628 times
Rate this item
(0 votes)
Tagged under