အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများအတွက် တစ်လလျှင် ငွေကျပ် သုံးသောင်းဖြင့် အိမ်ငှားပေးမည်

အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများအတွက် တစ်လလျှင် ငွေကျပ် သုံးသောင်းဖြင့် အိမ်ငှားပေးမည်

၂၀၁၉-၂၀၂၀တွင် အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းများအတွက် တစ်လလျှင်ငွေကျပ် သုံးသောင်း နှုန်းဖြင့်

နေပြည်တော်တွင် တိုက်ခန်းအိမ်ရာများ ငှားရမ်းပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ငှားရမ်းခ အနေနဲ့ကတော့ ၅ထပ်ဖြစ်တဲ့အတွက် မြေညီထပ်ကို တစ်လလျှင် ငှားရမ်းခသုံးသောင်းနဲ့ တစ်လွှာတစ်လွှာကို တစ်ထောင်လျော့သွားမှာဖြစ်ပါတယ်။ အပေါ်ဆုံးထပ်မှာဆိုရင်တော့ ၂၆၀ဝ၀ နှုန်းနဲ့ ငှားရမ်းခကို သတ်မှတ်ကောက်ခံသွားမှာဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်ကပြောသည်။

ထိုသို့ ငှားရမ်းရာတွင် စည်းကမ်းချက်အနေဖြင့် အငြိမ်းစားများ၏ နေရာချထားရေးကော်မတီကို ဖွဲ့စည်းပြီး သတ်မှတ်ချက် (၈) ချက်ဖြင့် သတ်မှတ်ထားကြောင်း၊ ငှားရမ်းနေထိုင်ရာတွင် နေထိုင်စရာအခက်အခဲရှိသူများသာ ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။

“ငှားရမ်းခအနေနဲ့ တစ်ကြိမ်ကို ၅ နှစ် သတ်မှတ်ပြီးတော့ ငှားရမ်းခကိုလည်း ၅ နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီးတော့မှ နေရာကိုစီစဉ်ချထားပေးသွားမှာဖြစ်ပါတယ်” ဟု ဦးမင်းထိန် ကပြောသည်။

အငြိမ်းစားအငှားအိမ်ရာသည် အခန်း ၁၂ ခန်းတွင် ၅ ထပ်ပါဝင်ပြီး အခန်းပေါင်း ၃၀ဝ ရှိကြောင်း သိရသည်။ ဇွန် ၁၇ ရက် နေ့လယ်ပိုင်းတွင် အခန်းများအား မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ ကို ဘတ်ဂျက်ရှိသလောက် ထပ်မံဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မေဘယ်လ်အောင်
myotaw.news

 

အၿငိမ္းစားယူခဲ့သည့္ ဝန္ထမ္းမ်ားအတြက္ တစ္လလွ်င္ ေငြက်ပ္ သုံးေသာင္းျဖင့္ အိမ္ငွားေပးမည္

၂၀၁၉-၂၀၂၀တြင္ အၿငိမ္းစားယူခဲ့သည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ တစ္လလွ်င္ေငြက်ပ္ သုံးေသာင္း ႏႈန္းျဖင့္ ေနျပည္ေတာ္တြင္ တိုက္ခန္းအိမ္ရာမ်ား ငွားရမ္းေပးမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။

“ငွားရမ္းခ အေနနဲ႔ကေတာ့ ၅ထပ္ျဖစ္တဲ့အတြက္ ေျမညီထပ္ကို တစ္လလွ်င္ ငွားရမ္းခသုံးေသာင္းနဲ႔ တစ္လႊာတစ္လႊာကို တစ္ေထာင္ေလ်ာ့သြားမွာျဖစ္ပါတယ္။ အေပၚဆုံးထပ္မွာဆိုရင္ေတာ့ ၂၆၀ဝ၀ ႏႈန္းနဲ႔ ငွားရမ္းခကို သတ္မွတ္ေကာက္ခံသြားမွာျဖစ္ပါတယ္”ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္အိမ္ရာ ၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းထိန္ကေျပာသည္။

ထိုသို႔ ငွားရမ္းရာတြင္ စည္းကမ္းခ်က္အေနျဖင့္ အၿငိမ္းစားမ်ား၏ ေနရာခ်ထားေရးေကာ္မတီကို ဖြဲ႕စည္းၿပီး သတ္မွတ္ခ်က္ (၈) ခ်က္ျဖင့္ သတ္မွတ္ထားေၾကာင္း၊ ငွားရမ္းေနထိုင္ရာတြင္ ေနထိုင္စရာအခက္အခဲရွိသူမ်ားသာ ငွားရမ္းမည္ျဖစ္ေၾကာင္း သိရသည္။

“ငွားရမ္းခအေနနဲ႔ တစ္ႀကိမ္ကို ၅ ႏွစ္ သတ္မွတ္ၿပီးေတာ့ ငွားရမ္းခကိုလည္း ၅ ႏွစ္တစ္ႀကိမ္ ျပန္လည္သုံးသပ္ၿပီးေတာ့မွ ေနရာကိုစီစဥ္ခ်ထားေပးသြားမွာျဖစ္ပါတယ္” ဟု ဦးမင္းထိန္ ကေျပာသည္။

အၿငိမ္းစားအငွားအိမ္ရာသည္ အခန္း ၁၂ ခန္းတြင္ ၅ ထပ္ပါဝင္ၿပီး အခန္းေပါင္း ၃၀ဝ ရွိေၾကာင္း သိရသည္။ ဇြန္ ၁၇ ရက္ ေန႔လယ္ပိုင္းတြင္ အခန္းမ်ားအား မဲႏႈိက္ေ႐ြးခ်ယ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန အေနျဖင့္ အၿငိမ္းစားဝန္ထမ္းအိမ္ရာမ်ား ကို ဘတ္ဂ်က္ရွိသေလာက္ ထပ္မံေဆာက္လုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမဘယ္လ္ေအာင္
myotaw.news

Read 1060 times
Rate this item
(0 votes)