အမြန်ဆောက်လူနေဆောင်များ စင်ကာပူတွင် တည်ဆောက်လျက်ရှိ

အမြန်ဆောက်လူနေဆောင်များ စင်ကာပူတွင် တည်ဆောက်လျက်ရှိ

အမြန်ဆောက်လူနေဆောင် ( Quick Build Dormitory -QBD) များ တည်ဆောက်ခြင်းကို Choa Chu Kang ရိပ်သာလမ်းဘေးရှိ

မြေကွက်လပ်များတွင် တည်ဆောက်နေသည်။

နှစ်နှစ်မှသုံးနှစ်အထိ ခံမည့် ယာယီအဆောက်အအုံ ၈ ခုသည် ယခုနှစ်အကုန်တွင် Covid-19 ကင်းရှင်းသော ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ရန် အသင့်ဖြစ်လိမ့်မည်။
ဤ QBD များသည် နောက်နောင် ဆောက်လုပ်ပေးမည့် လူနေဆောင်များအတွက် ရှေ့ပြေး စမ်းသပ်ချက် ဖြစ်သည်။

နေထိုင်သူများသည် ၎င်းတို့အကြားအနည်းဆုံး ၁ မီတာအကွာအဝေးရှိစေရန် အခန်းတစ်ခန်းလျှင် တစ်ယောက်အိပ် ကုတင် ၁၀ ခုအထိသာ ထားရှိမည်။ လက်ရှိ လူနေဆောင် အဟောင်းများကဲ့သို့ နှစ်ထပ်ကုတင်များ အသုံးပြုခွင့် မပေးထားချေ။ ရေချိုခန်းအိမ်သာတို့ကိုလည်း တစ်ခန်းလျှင် သုံးစွဲသူ ၅ ဦးထက် မပိုရအောင် လုံလုံလောက်လောက် ထည့်သွင်းတည်ဆောက်ပေးထားသည်။
စင်ကာပူတွင် COVID-19 လူနာများ၏ ၉၄ ရာခိုင်နှုန်းသည် ရွှေ့ပြောင်းလုပ်သားများ နေထိုင်ကြသည့် အဆောင်များမှာ ကူးစက်ခြင်း ဖြစ်သဖြင့် လူများ ကျပ်သိပ်နေထိုင်သည့် အဆောင်များအစား ယခုလို လူနေဆောင် အသစ်များ အလျင်အမြန် တည်ဆောက်ပေးနေခြင်း ဖြစ်သည်။
ရွှေ့ပြောင်းလုပ်သား နှစ်သောင်းခွဲကို နေရာချထားပေးမည် ဖြစ်သည်။

straitstimes

 

အျမန္ေဆာက္လူေနေဆာင္မ်ား စင္ကာပူတြင္ တည္ေဆာက္လ်က္ရွိ

အျမန္ေဆာက္လူေနေဆာင္ ( Quick Build Dormitory -QBD) မ်ား တည္ေဆာက္ျခင္းကို Choa Chu Kang ရိပ္သာလမ္းေဘးရွိ ေျမကြက္လပ္မ်ားတြင္ တည္ေဆာက္ေနသည္။
ႏွစ္ႏွစ္မွသုံးႏွစ္အထိ ခံမည့္ ယာယီအေဆာက္အအုံ ၈ ခုသည္ ယခုႏွစ္အကုန္တြင္ Covid-19 ကင္းရွင္းေသာ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ေနထိုင္ရန္ အသင့္ျဖစ္လိမ့္မည္။
ဤ QBD မ်ားသည္ ေနာက္ေနာင္ ေဆာက္လုပ္ေပးမည့္ လူေနေဆာင္မ်ားအတြက္ ေရွ႕ေျပး စမ္းသပ္ခ်က္ ျဖစ္သည္။

ေနထိုင္သူမ်ားသည္ ၎တို႔အၾကားအနည္းဆုံး ၁ မီတာအကြာအေဝးရွိေစရန္ အခန္းတစ္ခန္းလွ်င္ တစ္ေယာက္အိပ္ ကုတင္ ၁၀ ခုအထိသာ ထားရွိမည္။ လက္ရွိ လူေနေဆာင္ အေဟာင္းမ်ားကဲ့သို႔ ႏွစ္ထပ္ကုတင္မ်ား အသုံးျပဳခြင့္ မေပးထားေခ်။ ေရခ်ိဳခန္းအိမ္သာတို႔ကိုလည္း တစ္ခန္းလွ်င္ သုံးစြဲသူ ၅ ဦးထက္ မပိုရေအာင္ လုံလုံေလာက္ေလာက္ ထည့္သြင္းတည္ေဆာက္ေပးထားသည္။
စင္ကာပူတြင္ COVID-19 လူနာမ်ား၏ ၉၄ ရာခိုင္ႏႈန္းသည္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား ေနထိုင္ၾကသည့္ အေဆာင္မ်ားမွာ ကူးစက္ျခင္း ျဖစ္သျဖင့္ လူမ်ား က်ပ္သိပ္ေနထိုင္သည့္ အေဆာင္မ်ားအစား ယခုလို လူေနေဆာင္ အသစ္မ်ား အလ်င္အျမန္ တည္ေဆာက္ေပးေနျခင္း ျဖစ္သည္။
ေ႐ႊ႕ေျပာင္းလုပ္သား ႏွစ္ေသာင္းခြဲကို ေနရာခ်ထားေပးမည္ ျဖစ္သည္။

straitstimes

Read 1279 times
Rate this item
(0 votes)