မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း (၁၈၀၀)ရောင်းချပေးနိုင်ခဲ့

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း (၁၈၀၀)ရောင်းချပေးနိုင်ခဲ့

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်းမှ (၃)နှစ်တာကာလအတွင်းတိုက်ခန်းပေါင်း (၁၈၀၀)ရောင်းချပေးနိုင်ခဲ့သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်ထားသော မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ ၂၀၁၈ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ် အထိ(၃)နှစ်တာကာလအတွင်း တိုက်ခန်းပေါင်း(၁၈၀၀) အား နိုင်ငံဝန်ထမ်းများ၊အငြိမ်းစားဝန်ထမ်းများ၊ပုဂ္ဂလိကဝန်ထမ်းနှင့်ပြည်သူများအား ရောင်းချပေးနိုင်ခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာန မှ သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်း မှ တိုက်ခန်း များ ဆောက်လုပ်ကာ
၂၀၁၈ ခုနှစ်တွင် တိုက်(၂၁)လုံးမှ တိုက်ခန်း(၆၇၂)ခန်း၊
၂၀၁၉ ခုနှစ်တွင် တိုက်(၁၉)လုံး မှ တိုက်ခန်း(၅၄၂)ခန်းနှင့်
၂၀၂၀ ပြည်နှစ်တွင် တိုက်(၂၁)မှ တိုက်ခန်းပေါင်း(၅၈၆) ခန်း
စုစုပေါင်း တိုက်ခန်း(၁၈၀၀)လုံး ရောင်းချပေးခဲ့ကြောင်း သိရသည်။

တိုက်ခန်းများကို ပွင့်လင်းမြင်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး တိုက်ခန်းနေရာများအား မဲစနစ်ဖြင့် နေရာချထားပေးခဲ့ကြောင်း၊ ၂၀၂၀ပြည့်နှစ်တွင် တတိယအကြိမ် မြောက် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဆောက်လုပ် ပြီးစီးသော တိုက်ခန်းများကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် ထပ်မံရောင်းချပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာန မှ ဌာနခွဲမှူး ဦးစိုးမင်းသိန်း က ပြောကြားသည်။
တိုက်ခန်းဈေးနှုန်းများအနေဖြင့်
ကုန်သွယ်ခွန်(၃)ရာခိုင်နှုန်းအပါအဝင်
မြေညီထပ် တစ်ခန်းလျှင် ငွေကျပ်(၂၈၈.၄)သိန်း၊
ပထမ ထပ်တစ်ခန်း လျှင်(၂၅၇.၅)သိန်း၊
ဒုတိယထပ်တစ်ခန်း လျှင်(၂၃၁.၇၅)သိန်း၊
တတိယထပ်တစ်ခန်းလျှင်(၂၁၁.၁၅)သိန်း၊
စတုတ္ထထပ် တစ်ခန်း လျှင်(၁၉၅.၇)သိန်းနှင့်
အပေါ်ဆုံးထပ် တစ်ခန်းလျှင် ငွေကျပ်(၁၈၀.၂၅)သိန်း
ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ၂၀၁၆ ခုနှစ် တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး
၆၆၁ စတုရန်းပေရှိ တိုက်ခန်းပေါင်း(၃၃၆၀)
ဆောက်လုပ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းများမှ ဆောက်လုပ်ပြီးခဲ့သော တိုက်ခန်းများကို ၂၀၁၈ ခုနှစ် တွင် နိုင်ငံ့ဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများအားစတင်ရောင်းချပေးခဲ့ပြီး ယခုနှစ်တွင် ပုဂ္ဂလိဝန်ထမ်းနှင့် ပြည်သူများအပါအဝင် တိုက်ခန်းပေါင်း(၁၈၀၀) အားရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

 

ျမရည္နႏၵာ တန္ဖိုးမွ်တအိမ္ရာစီမံကိန္း တိုက္ခန္းေပါင္း (၁၈၀၀)ေရာင္းခ်ေပးႏိုင္ခဲ့

ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာစီမံကိန္းမွ (၃)ႏွစ္တာကာလအတြင္းတိုက္ခန္းေပါင္း (၁၈၀၀)ေရာင္းခ်ေပးႏိုင္ခဲ့သည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ထားေသာ ျမရည္နႏၵာ တန္ဖိုးမွ်တ အိမ္ရာစီမံကိန္းမွ ၂၀၁၈ ခုႏွစ္ မွ ၂၀၂၀ ျပည့္ႏွစ္ အထိ(၃)ႏွစ္တာကာလအတြင္း တိုက္ခန္းေပါင္း(၁၈၀၀) အား ႏိုင္ငံဝန္ထမ္းမ်ား၊အၿငိမ္းစားဝန္ထမ္းမ်ား၊ပုဂၢလိကဝန္ထမ္းႏွင့္ျပည္သူမ်ားအား ေရာင္းခ်ေပးႏိုင္ခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အေဆာက္အအုံႏွင့္ကုန္႐ုံဌာန မွ သိရသည္။
မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာစီမံကိန္း မွ တိုက္ခန္း မ်ား ေဆာက္လုပ္ကာ
၂၀၁၈ ခုႏွစ္တြင္ တိုက္(၂၁)လုံးမွ တိုက္ခန္း(၆၇၂)ခန္း၊
၂၀၁၉ ခုႏွစ္တြင္ တိုက္(၁၉)လုံး မွ တိုက္ခန္း(၅၄၂)ခန္းႏွင့္
၂၀၂၀ ျပည္ႏွစ္တြင္ တိုက္(၂၁)မွ တိုက္ခန္းေပါင္း(၅၈၆) ခန္း
စုစုေပါင္း တိုက္ခန္း(၁၈၀၀)လုံး ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။

တိုက္ခန္းမ်ားကို ပြင့္လင္းျမင္သာစြာျဖင့္ ေရာင္းခ်ေပးခဲ့ၿပီး တိုက္ခန္းေနရာမ်ားအား မဲစနစ္ျဖင့္ ေနရာခ်ထားေပးခဲ့ေၾကာင္း၊ ၂၀၂၀ျပည့္ႏွစ္တြင္ တတိယအႀကိမ္ ေျမာက္ ေရာင္းခ်ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ေဆာက္လုပ္ ၿပီးစီးေသာ တိုက္ခန္းမ်ားကိုလည္း ပြင့္လင္းျမင္သာစြာျဖင့္ ထပ္မံေရာင္းခ်ေပးႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အေဆာက္အအုံႏွင့္ကုန္႐ုံဌာန မွ ဌာနခြဲမႉး ဦးစိုးမင္းသိန္း က ေျပာၾကားသည္။
တိုက္ခန္းေဈးႏႈန္းမ်ားအေနျဖင့္
ကုန္သြယ္ခြန္(၃)ရာခိုင္ႏႈန္းအပါအဝင္
ေျမညီထပ္ တစ္ခန္းလွ်င္ ေငြက်ပ္(၂၈၈.၄)သိန္း၊
ပထမ ထပ္တစ္ခန္း လွ်င္(၂၅၇.၅)သိန္း၊
ဒုတိယထပ္တစ္ခန္း လွ်င္(၂၃၁.၇၅)သိန္း၊
တတိယထပ္တစ္ခန္းလွ်င္(၂၁၁.၁၅)သိန္း၊
စတုတၳထပ္ တစ္ခန္း လွ်င္(၁၉၅.၇)သိန္းႏွင့္
အေပၚဆုံးထပ္ တစ္ခန္းလွ်င္ ေငြက်ပ္(၁၈၀.၂၅)သိန္း
ျဖစ္ေၾကာင္း သိရသည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာစီမံကိန္းကို ၂၀၁၆ ခုႏွစ္ တြင္ စတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ၿပီး
၆၆၁ စတုရန္းေပရွိ တိုက္ခန္းေပါင္း(၃၃၆၀)
ေဆာက္လုပ္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခန္းမ်ားမွ ေဆာက္လုပ္ၿပီးခဲ့ေသာ တိုက္ခန္းမ်ားကို ၂၀၁၈ ခုႏွစ္ တြင္ ႏိုင္ငံ့ဝန္ထမ္းႏွင့္အၿငိမ္းစားဝန္ထမ္းမ်ားအားစတင္ေရာင္းခ်ေပးခဲ့ၿပီး ယခုႏွစ္တြင္ ပုဂၢလိဝန္ထမ္းႏွင့္ ျပည္သူမ်ားအပါအဝင္ တိုက္ခန္းေပါင္း(၁၈၀၀) အားေရာင္းခ်ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
သန္းေဇာ္မင္း(ျပန္/ဆက္)

Read 491 times
Rate this item
(0 votes)