စင်ကာပူမှာ ပြည်ပဆောက်လုပ်ရေးလုပ်သားများ အပြင်ထွက်ခွင့် စတင်ခွင့်ပြု

စင်ကာပူမှာ ပြည်ပဆောက်လုပ်ရေးလုပ်သားများ အပြင်ထွက်ခွင့် စတင်ခွင့်ပြု

စင်ကာပူတွင် နေထိုင်လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသား ဆောက်လုပ်‌ရေးလုပ်သားများတွေထဲမှာ

လုပ်သားတွေ စုပြီး နေထိုင်ကြတဲ့ အဆောင်တွေကလွဲရင် ကျန်တဲ့နေရာမှာ နေထိုင်ကြသူတွေ ပြင်ပသို့ ထွက်ခွင့် စတင်ခွင့်ပြုလိုက်ပါတယ်။ ကျန်တဲ့ စင်ကာပူမှာ နေထိုင်နေကြသူတွေလိုပဲ နိုင်ငံခြားသား ဆောက်လုပ်ရေးအလုပ်သမားတွေဟာ သတ်မှတ်ထားတဲ့ရည်ရွယ်ချက်များအတွက်သာထွက်ခွာနိုင်ပါတယ်။ Housing Board အိမ်ရာတိုက်ခန်းတွေ၊ ကိုယ်ပိုင်အိမ်ရာတိုက်ခန်းတွေနဲ့

shophouses တွေမှာ နေထိုင်ကြသူတွေကို ဆိုလိုပါတယ်။
အဆောင်တွေမှာ နေထိုင်ကြသူ ၈၅ ၀၀၀ ဝန်းကျင်ကတော့ stay-home အဆုံးသတ်ဖို့ ဇွန်လ ၁ ရက်အထိ စောင့်ရဦးမှာ ဖြစ်ပါတယ်။ အဆောင်အခန်းငှားစားဖို့ တည်ဆောက်ထားတဲ့ အဆောင်တွေ၊ စက်ရုံကို အိပ်ဆောင်အဖြစ် ပြောင်းထားတဲ့ အဆောင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှ ယာယီအားဖြင့် ဆောက်လုပ်ပေးထားတဲ့ လုပ်သားအိမ်ခန်းတွေမှာ နေထိုင်ကြသူတွေကို ဆိုလိုပါတယ်။
အပြင်ထွက်ခွင့်အတွက် သတ်မှတ်ထားတဲ့ရည်ရွယ်ချက်များမှာ စားစရာဝယ်ရန်၊ ချက်ပြုတ်စရာ ဝယ်ရန်၊ အရေးပေါ် ဆေးကုသမှု ခံယူရန်တို့ အကျုံးဝင်ပါတယ်။
စည်းကမ်းချိုးဖောက်ရင် ရရှိထားတဲ့ work permits, S passes သို့မဟုတ် dependants' passes ကို ရုပ်သိမ်းမှာ ဖြစ်ပါတယ်။
အလုပ်ရှင်တွေက သူတို့ရဲ့ အလုပ်သမားတွေ နေထိုင်ရာ လိပ်စာနဲ့ မိုဘိုင်းဖုန်းနံပါတ်တို့ကို နောက်ဆုံးရ အချက်အလက်ဖြစ်အောင် လုပ်ထားဖို့ကိုလည်း သတိပေးထားပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဇွန်လ ၂ ရက်မှစ၍ တဖြည်းဖြည်းချင်း ပြန်စသွားဖို့ ရည်ရွယ်ထားတယ်။ လုပ်ငန်းခွင်ဝင်မယ့် ပြည်ပလုပ်သားတွေဟာ Covid-19 ဆေးစစ်မှုကို အရင်ခံယူရမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ မလုပ်မဖြစ်တဲ့ အလုပ်တွေကိုပဲ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍမှာ ခွင့်ပြုထားပြီး ကဏ္ဍတစ်ရပ်လုံးရဲ့ ၅ ရာခိုင်နှုန်း ဝန်းကျင်သာ လုပ်ကိုင်နေကြတာ ဖြစ်ပြီး ကျန်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းထားပါတယ်။

 

စင္ကာပူမွာ ျပည္ပေဆာက္လုပ္ေရးလုပ္သားမ်ား အျပင္ထြက္ခြင့္ စတင္ခြင့္ျပဳ

စင္ကာပူတြင္ ေနထိုင္လုပ္ကိုင္လ်က္ရွိေသာ ႏိုင္ငံျခားသား ေဆာက္လုပ္‌ေရးလုပ္သားမ်ားေတြထဲမွာ လုပ္သားေတြ စုၿပီး ေနထိုင္ၾကတဲ့ အေဆာင္ေတြကလြဲရင္ က်န္တဲ့ေနရာမွာ ေနထိုင္ၾကသူေတြ ျပင္ပသို႔ ထြက္ခြင့္ စတင္ခြင့္ျပဳလိုက္ပါတယ္။ က်န္တဲ့ စင္ကာပူမွာ ေနထိုင္ေနၾကသူေတြလိုပဲ ႏိုင္ငံျခားသား ေဆာက္လုပ္ေရးအလုပ္သမားေတြဟာ သတ္မွတ္ထားတဲ့ရည္႐ြယ္ခ်က္မ်ားအတြက္သာထြက္ခြာႏိုင္ပါတယ္။ Housing Board အိမ္ရာတိုက္ခန္းေတြ၊ ကိုယ္ပိုင္အိမ္ရာတိုက္ခန္းေတြနဲ႔
shophouses ေတြမွာ ေနထိုင္ၾကသူေတြကို ဆိုလိုပါတယ္။
အေဆာင္ေတြမွာ ေနထိုင္ၾကသူ ၈၅ ၀၀၀ ဝန္းက်င္ကေတာ့ stay-home အဆုံးသတ္ဖို႔ ဇြန္လ ၁ ရက္အထိ ေစာင့္ရဦးမွာ ျဖစ္ပါတယ္။ အေဆာင္အခန္းငွားစားဖို႔ တည္ေဆာက္ထားတဲ့ အေဆာင္ေတြ၊ စက္႐ုံကို အိပ္ေဆာင္အျဖစ္ ေျပာင္းထားတဲ့ အေဆာင္ေတြ၊ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ထဲမွ ယာယီအားျဖင့္ ေဆာက္လုပ္ေပးထားတဲ့ လုပ္သားအိမ္ခန္းေတြမွာ ေနထိုင္ၾကသူေတြကို ဆိုလိုပါတယ္။
အျပင္ထြက္ခြင့္အတြက္ သတ္မွတ္ထားတဲ့ရည္႐ြယ္ခ်က္မ်ားမွာ စားစရာဝယ္ရန္၊ ခ်က္ျပဳတ္စရာ ဝယ္ရန္၊ အေရးေပၚ ေဆးကုသမႈ ခံယူရန္တို႔ အက်ဳံးဝင္ပါတယ္။
စည္းကမ္းခ်ိဳးေဖာက္ရင္ ရရွိထားတဲ့ work permits, S passes သို႔မဟုတ္ dependants' passes ကို ႐ုပ္သိမ္းမွာ ျဖစ္ပါတယ္။
အလုပ္ရွင္ေတြက သူတို႔ရဲ႕ အလုပ္သမားေတြ ေနထိုင္ရာ လိပ္စာနဲ႔ မိုဘိုင္းဖုန္းနံပါတ္တို႔ကို ေနာက္ဆုံးရ အခ်က္အလက္ျဖစ္ေအာင္ လုပ္ထားဖို႔ကိုလည္း သတိေပးထားပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္းေတြကို ဇြန္လ ၂ ရက္မွစ၍ တျဖည္းျဖည္းခ်င္း ျပန္စသြားဖို႔ ရည္႐ြယ္ထားတယ္။ လုပ္ငန္းခြင္ဝင္မယ့္ ျပည္ပလုပ္သားေတြဟာ Covid-19 ေဆးစစ္မႈကို အရင္ခံယူရမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာ မလုပ္မျဖစ္တဲ့ အလုပ္ေတြကိုပဲ ေဆာက္လုပ္ေရးလုပ္ငန္းက႑မွာ ခြင့္ျပဳထားၿပီး က႑တစ္ရပ္လုံးရဲ႕ ၅ ရာခိုင္ႏႈန္း ဝန္းက်င္သာ လုပ္ကိုင္ေနၾကတာ ျဖစ္ၿပီး က်န္တဲ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြ အားလုံး ရပ္ဆိုင္းထားပါတယ္။

Read 585 times
Rate this item
(0 votes)