ကိုဗစ် ၁၉ အလွန်တွင် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာဖို့ ရှိလား

ကိုဗစ် ၁၉ အလွန်တွင် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာဖို့ ရှိလား

မတ်လကုန်၊ ဧပြီလဆန်းမှစ၍ လတ် တလော ရပ်ဆိုင်းနေသည့် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်မှာ ကိုဗစ်၁၉ အလွန်တွင် ပြန်လည်သက်ဝင်လှုပ်ရှား လာမည်ဟု ခန့်မှန်းကြောင်း ဝါရင့်အိမ်ခြံ မြေကျွမ်းကျင်ပညာရှင် ဦးသန်းဦးက ဧပြီလ ၃၀ရက်နေ့က ပြောသည် ။

 

ကိုဗစ် ၁၉ကြောင့် ကမ္ဘာ့နိုင်ငံအသီး သီးတွင် စီးပွားပျက်ကပ်များဖြစ်ပေါ်နေသော်လည်း မြန်မာ့အိမ်ခြံမြေ ဈေးကွက် မှာ ဘဏ်တိုးနှုန်းများ ထပ်မံလျှော့ချပေး ခြင်းအပါအဝင် အကြောင်းအရာအချို့ကြောင့် ကိုဗစ် ၁၉ အလွန်တွင် ဈေးကွက် ပြန်လည်သက်ဝင်လှုပ်ရှားမည်ဟု ခန့်မှန်းကြောင်း သိရသည်

 

“အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အခွန်နှုန်း လျှော့ချပေး ထားတာရယ်၊ ဘဏ်တိုးနှုန်းတွေ ထပ်မံလျှော့ချပေးတာရယ်အပါအဝင် ပြည်တွင်း မှာက ငွေမည်းတွေရှိနေတာကြောင့် အဲဒီ ငွေမည်းတွေ က အိမ်ခြံမြေကဏ္ဍထဲ စီးဝင်လာမှာပါ” ဟု ယင်းကပြောသည်။

 

မြန်မာနိုင်ငံတော် အစိုးရ ဗဟိုဘဏ်က ဘဏ်တိုးနှုန်းများကို အပ်ငွေနှင့် ချေးငွေများအပေါ်တွင် ထပ်မံ၍အတိုးနှုန်း များ လျှော့ချပေးခဲ့ရာ ဘဏ်အပ်ငွေများ သည် ရွှေဈေးကွက်နှင့် အိမ်ခြံမြေဈေး ကွက်သို့ ပြန်လည်စီးဝင်လာမည့် အနေ အထား ဖြစ်လာကြောင်း၊ မြန်မာ့ရွှေဈေး သည်လည်း ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြန် လည် မြင့်တက်လာမည် ဖြစ်ကြောင်း၊ ဒေါ်လာဈေးများလည်း ပြန်တက်လာမည် ဖြစ်ကြောင်း သိရသည်။

 

"အိမ်ခြံမြေဈေးကွက်က ခုမေလ ဆန်းက စပြီးလှုပ်ခတ်စပြုလာပါလိမ့်မယ်။ မြေဈေး အနည်းငယ်မာသွားပါလိမ့်မယ်။ ဝယ်လို အားတိုးလာပါလိမ့်မယ်။ စက်တင်ဘာလဆန်းအထိအိမ်ခြံမြေဈေးကွက်ကောင်း နေပါလိမ့်မယ်။

 

ဒါက တခြား မူဝါဒတွေ ပြောင်းလဲမှုမရှိခဲ့ရင်ပေါ့။ ဒီလို တွေဖြစ်ဖို့အတွက်ကတော့ ကိုဗစ်၁၉ကို ပြည်တွင်း မှာမေလ ၁၅ ရက်နောက်ပိုင်း | အပြီးတိုင်ထိန်းချုပ်နိုင်ဖို့တော့လိုပါ တယ်” ဟု ယင်းက ဆက်လက်ပြောကြား သည်။ ထို့ပြင် လာမည့်စက်တင်ဘာလ ၃၀ ရက်တွင် ကုန်ဆုံးမည့် အိမ်ခြံမြေရောင်းဝယ်ခွန်နှင့် ပတ်သက်သည့်အခွန် နှုန်းထားကိုလည်း သင့်သန်းထားသို့ပြောင်းလဲထုတ် ပြန်ပေးသင့်ကြောင်း အကြံပြုပြောကြားထားသည်။

 

နှင်းနုဝေ

Read 2963 times Last modified on Tuesday, 05 May 2020 16:49
Rate this item
(0 votes)