စင်ကာပူမှာ ဆောက်လုပ်ရေးလုပ်သားတွေ ဘာကြောင့် ကိုဗစ် ကူးစက်ခံရတာလဲ

စင်ကာပူမှာ ဆောက်လုပ်ရေးလုပ်သားတွေ ဘာကြောင့်  ကိုဗစ် ကူးစက်ခံရတာလဲ

ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်တဲ့ အဆောင်တွေမှာ ကိုဗစ်ကူးစက်မှု အကြီးမားဆုံး ဖြစ်ပွားနေတာကို

စင်ကာပူအစိုးရ ကိုင်တွယ်ဖြေရှင်းပေးနေရပါတယ်။

ကျွန်းနိုင်ငံပေါ်မှာ ကူးစက်လူနာတွေ ဆတိုးပွားနေတာမှာ ရွှေ့ပြောင်းလုပ်သားတွေအကြား ကူးစက်နေတာ ဖြစ်ပြီး အများစုမှာ ဆောက်လုပ်ရေးလုပ်သားများ ဖြစ်ကြပါတယ်။

ဧပြီလ ၁ ရက်မှာ ကူးစက်လူနာ ၁၀၀၀ ဦး ရှိခဲ့ပြီး ဧပြီလ ၁၆ ရက်မှာ ကူးစက်လူနာ ၄၄၂၇ ဦီး ဖြစ်လာပါတယ်။ ၁၆၆၀ ဦးဟာ ဆောက်လုပ်ရေးလုပ်သားများ နေထိုင်ရာ အဆောင်တွေမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။


စင်ကာပူနိုင်ငံမှာအလုပ်လုပ်နေတဲ့ရွှေ့ပြောင်းအလုပ်သမားတွေကဘယ်သူတွေလဲ၊
ဘာကြောင့်ဒီလောက်များများကူးစက်ရတာလဲ။

စင်ကာပူနိုင်ငံသားများအနေဖြင့် လုပ်ကိုင်လိုခြင်း မရှိတဲ့ ဆောက်လုပ်ရေး၊ အိမ်ယာထိန်းသိမ်းရေးနှင့် ကုန်ထုတ်လုပ်ရေးစသည့် စက်မှုလုပ်ငန်းများတွင် လုပ်ခနည်းပါးသော ရွှေ့ပြောင်းအလုပ်သမား ၃၂၃,၀၀၀ လုပ်ကိုင်နေကြပါတယ်။ အဲဒီအလုပ်သမားတွေ နေထိုင်ဖို့ အဆောင်အကြီးစား ၄၃ ခု ရှိပြီး အဆောင်တစ်ခုမှာ လူ ၁၀၀၀ ကျော် နေထိုင်လျက် ရှိပါတယ်။ စက်ရုံကနေ အဆောင်အသွင်ပြောင်းထားတဲ့ အဆောင် ၁၂၀၀ ခန့်ရှိပြီး ပုံမှန်အားဖြင့် အဆောင်တစ်ခုမှာ အလုပ်သမား ၅၀ မှ ၁၀၀ အထိ နေထိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အမျိုးမျိုးတွင် လုပ်သား များ ယာယီနေထိုင်ရာနေရာ ခုရေ ၄၀ ဝန်းကျင် ရှိပါတယ်။

ရွှေ့ပြောင်းအလုပ်သမား ပထမဆုံးကူးစက်မှုဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် Seletar Aerospace Heights ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေသော အသက် ၃၉ နှစ်ရှိ ဘင်္ဂလားဒေ့ရ်ှအမျိုးသား ဖြစ်ပါတယ်။

သူက ဆေးရုံမတက်ခင် ၂၄ နာရီဈေးဝယ်စင်တာ - Mustafa Center သို့ သွားရောက်လည်ပတ်ခဲ့ပြီး The Leo အမည်ရှိ အဆောင်တွင်နေထိုင်ပါတယ်။ သူကနေတစ်ဆင့် Seletar Aerospace Heights လုပ်ငန်းခွင်နေရာမှာ ကူးစက်မှု ဖြစ်ပွားခဲ့တာ နောက်ထပ် ၅ ဦးကို ကူးစက်ခဲ့ပါတယ်။ ထပ်မံမပွားများအောင် ထိန်းသိမ်းပေးနိုင်ခဲ့တာ မတ်လကုန်အထိ ဖြစ်ပါတယ်။

အုံနဲ့ကျင်းနဲ့ ကူးစက်တဲ့ အစုအဖွဲ့ကူးစက်မှုကို မတ်လ ၃၀ ရက်မှာ တွေ့ကြရတယ်။ S11 အဆောင်မှာ ၅ ဦး ကူးစက်ခံရတာ တွေ့ကြရတယ်။ အဲဒီနောက်ပိုင်း လုပ်သားတွေနေထိုင်တဲ့ အဆောင်တွေမှာ ကူးစက်မှုတွေ အရမ်းများပြားလာခဲ့ပါတယ်။ ၂၆၉၈ ဦးအထိ ရောက်လာတယ်။ စင်ကာပူမှာ ဖြစ်ပွားတဲ့ ကူးစက်မှု စုစုပေါင်းရဲ့ ၆၀% ဖြစ်ပါတယ်။ အဲဒီအထဲမှာ ၉၇၉ ဦးက S11 အဆောင်မှာ နေထိုင်ဲကြသူတွေ ဖြစ်ပါတယ်။

The S11 dormitory: inside Singapore's biggest coronavirus cluster ...

အခန်းကျဉ်းတွေထဲ အတူနေ အတူချက်ပြုတ်စားသောက်၊ အနားယူကြတော့လည်း အတူတူ ဖြစ်နေတာမို့ ကူးစက်ကုန်တာ မဆန်းဘူးလို့ ဆိုရပါမယ်။ ၂၄ နာရီဈေးဝယ်စင်တာ - Mustafa Center ဟာ သူတို့ သွားရောက်နေကျနေရာဖြစ်လို့ ဗိုင်းရပ်စ် ဖြန့်ဖြူးရေး ဗဟိုချက် ဖြစ်နေပါတယ်၊

သူတို့က အိမ်ကို ငွေပြန်ပို့နိုင်ဖို့ ချွေတာကြရတယ်။ အခန်းတစ်ခန်းမှာ လူ ၁၂ ဦးမှ ၂၀ ဦးအထိ စုနေကြပြီး အခန်းငှားရမ်းခ သက်သာအောင် လုပ်ကြရတယ်။ စုပြီး ချက်စားကြတော့ ကုန်ကျစရိတ် သက်သာတယ်။ အခန်းတွေက လေ)င်လေထွက် မကောင်းဘူး။ ရေချိုးခန်း အိမ်သာကိုလည်း လူအများကြီး အတူတူ မျှသုံးကြရတယ်။ ဒီတော့ တစ်ယောက်ယောက် ကူးခံရပြီဆိုရင် ကျန်တဲ့သူတွေဆီကု ကူးစက်ကုန်တယ်။

 

 

 

 

106 new Covid-19 cases in Singapore, 39 linked to known clusters ...

 သူတို့ကို အလုပ်ခွင်ပို့တဲ့အခါ ထရပ်ကားပေါ်မှာ စုပြုံလိုက်ပါကြရတယ်။ အလုပ်မဆင်းရင် လုပ်ခဖြတ်တဲ့ ကုမ္ပဏီတွေလည်း ရှိတာမို့ ဖျားနာနေလည်း အလုပ်ဆင်းကြရတယ်လို့ အမြတ်အစွန်း မရှာတဲ့ အဖွဲ့ Transient Workers Count Too (TWC2) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။

lockdown ချပြီးချိန်မှာတော့ အာဏာပိုင်တွေက အလုပ်မဆင်းရပေမဲ့ လုပ်ခ အပြည့်ရစေရမယ်လို့ အာမခံချက် ပေးတယ်။ မရခဲ့ရင် တိုင်ကြားဖို့လည်း တိုက်တွန်းတယ်။

 

ဝန်ကြီးချုပ် Lee Hsien Loong က ရွှေ့ပြောင်းလုပ်သားတွေ နေရေးထိုင်ရေး၊ ကျန်းမာရေး၊ လုပ်ခရရှိရေး စတောတွေအတွက် စင်ကာပူအစိုးရမှ တာဝန်ယူဆောင်ရွက်နေကြောင်း မိန့်ခွန်းတစ်ခုမှာ ထည့်သွင်းပြောကြားခဲ့တယ်။


ရွှေ့ပြောင်းအလုပ်သမားများနေထိုင်ရာအဆောင်ကိုမည်သူပိုင်ဆိုင်သနည်း။

လုပ်သားပေါင်း ၂၀၀,၀၀၀ ရှိသေ ာကြီးမားသောအဆောင် ၄၃ ခုကို ကမ်းလွန်နှင့်ပင်လယ်ရေကြောင်းကုမ္ပဏီ Keppel နှင့်အိမ်ခြံမြေကုမ္ပဏီ Cushman & Wakefield တို့က တာဝန်ယူထားတယ်။ မလေးရှားနှင့်သြစတြေးလျရှိ ကျောင်းသားများအတွက်အဆောင်များနှင့် အလုပ်သမားများအဆောင်တွေကို လုပ်ကိုင်တဲ့ Centurion လို အဆောင်သီးသန့် လုပ်ကိုင်တဲ့ လုပ်ငန်းတွေကလည်း လုပ်ကိုင်ပါတယ်။

သူတို့က အလုပ်သမားများကို တစ်လလျှင် တည်းခိုခအတွက် စင်ကာပူဒေါ်လာ ၃၀၀ မှ ၄၀၀ (အမေရိကန်ဒေါ်လာ ၂၁၀ မှအမေရိကန်ဒေါ်လာ ၂၈၀) ကို ငှားရမ်းသောဆောက်လုပ်ရေးကုမ္ပဏီများထံမှ ကောက်ခံသည်။ အလုပ်သမားများက တစ်နေ့လျှင် အစာသုံးနပ်အတွက် တစ်လလျှင်ဒေါ်လာ ၁၃၀ ခန့် ပေးရပါတယ်။
၂၀၁၅ ခုနှစ်တွင် ပိုင်ရှင် Jonathan Cheah က ဒေသခံမီဒီယာသို့ပြောကြားရာတွင် သူ၏ဒုတိယအဆောင်ဖြစ်သော Changi Lodge 2 ဟာ နှစ်စဉ် စင်ကာပူဒေါ်လာ ၁၅ သန်း ရရှိပြီး တကယ်လို့ တစ်နှစ်ပတ်လုံး လူအပြည့် ရရှိတယ်ဆိုရင် နှစ်စဉ် စင်ကာပူဒေါ်လာ ၅၅ သန်း အထိ ရနိုင်တယ်လို့ ပြောပြခဲ့ဖူးပါတယ်။

အစိုးရက နေ့စဉ် ရာဂဏန်းဖြင့် အလုပ်သမားတွေကို ဆေးစစ်ပေးနေပါတယ်။ ပိုးကူးထားတဲ့သူတွေကို သီးခြားခွဲထုတ်ပေးနေတာ ဖြစ်တဲ့အပြင် ဆေးစစ်ပြီးချိန်မှာ ကူးစက်ခံ မဟုတ်ဘူးဆိုရင်လည်း သီးခြား ခွဲထုတ်ပြီး နေထိုင်စေပါတယ်။ ဆေးမစစ်ရသေးတဲ့သူတွေနဲ့ အတူနေခွင့် မပေးဘူး။

မှတ်ပုံတင်ထားတဲ့ အဆောင် ၄၃ ခုမှာ ၁၂ ခုကို သီးခြားဇုန်များအဖြစ် သတ်မှတ်ထားတယ်။ အဲဒီဇုန်တွေမှာ နေထိုင်ကြတဲ့ အလုပ်သမားတွေဟာ ကိုယ်နေထိုင်ရာ အခန်းထဲမှာပဲ နေကြရတယ်။ စားစရာကို ပို့ပေးတယ်။ ပိုးကူးထားသူကို သိနိုင်ဖို့ ဆေးစစ်တာကို ဆောင်ရွက်နေတယ်။

ကျန်းမာတဲ့ လုပ်သား ၇၀၀၀ ဝန်းကျင်ကို စစ်တပ်စခန်းတွေ၊ ပြပွဲခန်းမကျယ်တွေ၊ ရေပေါ်ဟိုတယ်တွေ၊ လူမနေတဲ့ တိုက်တာတွေရဲ့ တိုက်ခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်စေတယ်။

ကိုးကား South China Morning Post

 zawgyi 

စင္ကာပူမွာ ေဆာက္လုပ္ေရးလုပ္သားေတြ ဘာေၾကာင့္ ကိုဗစ္ ကူးစက္ခံရတာလဲ

ေ႐ႊ႕ေျပာင္းလုပ္သားေတြ ေနထိုင္တဲ့ အေဆာင္ေတြမွာ ကိုဗစ္ကူးစက္မႈ အႀကီးမားဆုံး ျဖစ္ပြားေနတာကို စင္ကာပူအစိုးရ ကိုင္တြယ္ေျဖရွင္းေပးေနရပါတယ္။
ကြၽန္းႏိုင္ငံေပၚမွာ ကူးစက္လူနာေတြ ဆတိုးပြားေနတာမွာ ေ႐ႊ႕ေျပာင္းလုပ္သားေတြအၾကား ကူးစက္ေနတာ ျဖစ္ၿပီး အမ်ားစုမွာ ေဆာက္လုပ္ေရးလုပ္သားမ်ား ျဖစ္ၾကပါတယ္။

ဧၿပီလ ၁ ရက္မွာ ကူးစက္လူနာ ၁၀၀၀ ဦး ရွိခဲ့ၿပီး ဧၿပီလ ၁၆ ရက္မွာ ကူးစက္လူနာ ၄၄၂၇ ဦီး ျဖစ္လာပါတယ္။ ၁၆၆၀ ဦးဟာ ေဆာက္လုပ္ေရးလုပ္သားမ်ား ေနထိုင္ရာ အေဆာင္ေတြမွာ ေနထိုင္ၾကသူေတြ ျဖစ္ပါတယ္။


စင္ကာပူႏိုင္ငံမွာအလုပ္လုပ္ေနတဲ့ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကဘယ္သူေတြလဲ၊
ဘာေၾကာင့္ဒီေလာက္မ်ားမ်ားကူးစက္ရတာလဲ။

စင္ကာပူႏိုင္ငံသားမ်ားအေနျဖင့္ လုပ္ကိုင္လိုျခင္း မရွိတဲ့ ေဆာက္လုပ္ေရး၊ အိမ္ယာထိန္းသိမ္းေရးႏွင့္ ကုန္ထုတ္လုပ္ေရးစသည့္ စက္မႈလုပ္ငန္းမ်ားတြင္ လုပ္ခနည္းပါးေသာ ေ႐ႊ႕ေျပာင္းအလုပ္သမား ၃၂၃,၀၀၀ လုပ္ကိုင္ေနၾကပါတယ္။ အဲဒီအလုပ္သမားေတြ ေနထိုင္ဖို႔ အေဆာင္အႀကီးစား ၄၃ ခု ရွိၿပီး အေဆာင္တစ္ခုမွာ လူ ၁၀၀၀ ေက်ာ္ ေနထိုင္လ်က္ ရွိပါတယ္။ စက္႐ုံကေန အေဆာင္အသြင္ေျပာင္းထားတဲ့ အေဆာင္ ၁၂၀၀ ခန႔္ရွိၿပီး ပုံမွန္အားျဖင့္ အေဆာင္တစ္ခုမွာ အလုပ္သမား ၅၀ မွ ၁၀၀ အထိ ေနထိုင္ပါတယ္။ ေဆာက္လုပ္ေရးလုပ္ငန္းခြင္အမ်ိဳးမ်ိဳးတြင္ လုပ္သား မ်ား ယာယီေနထိုင္ရာေနရာ ခုေရ ၄၀ ဝန္းက်င္ ရွိပါတယ္။

ေ႐ႊ႕ေျပာင္းအလုပ္သမား ပထမဆုံးကူးစက္မႈဟာ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔တြင္ Seletar Aerospace Heights ေဆာက္လုပ္ေရးလုပ္ငန္းမွာ အလုပ္လုပ္ေနေသာ အသက္ ၃၉ ႏွစ္ရွိ ဘဂၤလားေဒ့ရ္ွအမ်ိဳးသား ျဖစ္ပါတယ္။

သူက ေဆး႐ုံမတက္ခင္ ၂၄ နာရီေဈးဝယ္စင္တာ - Mustafa Center သို႔ သြားေရာက္လည္ပတ္ခဲ့ၿပီး The Leo အမည္ရွိ အေဆာင္တြင္ေနထိုင္ပါတယ္။ သူကေနတစ္ဆင့္ Seletar Aerospace Heights လုပ္ငန္းခြင္ေနရာမွာ ကူးစက္မႈ ျဖစ္ပြားခဲ့တာ ေနာက္ထပ္ ၅ ဦးကို ကူးစက္ခဲ့ပါတယ္။ ထပ္မံမပြားမ်ားေအာင္ ထိန္းသိမ္းေပးႏိုင္ခဲ့တာ မတ္လကုန္အထိ ျဖစ္ပါတယ္။

အုံနဲ႔က်င္းနဲ႔ ကူးစက္တဲ့ အစုအဖြဲ႕ကူးစက္မႈကို မတ္လ ၃၀ ရက္မွာ ေတြ႕ၾကရတယ္။ S11 အေဆာင္မွာ ၅ ဦး ကူးစက္ခံရတာ ေတြ႕ၾကရတယ္။ အဲဒီေနာက္ပိုင္း လုပ္သားေတြေနထိုင္တဲ့ အေဆာင္ေတြမွာ ကူးစက္မႈေတြ အရမ္းမ်ားျပားလာခဲ့ပါတယ္။ ၂၆၉၈ ဦးအထိ ေရာက္လာတယ္။ စင္ကာပူမွာ ျဖစ္ပြားတဲ့ ကူးစက္မႈ စုစုေပါင္းရဲ႕ ၆၀% ျဖစ္ပါတယ္။ အဲဒီအထဲမွာ ၉၇၉ ဦးက S11 အေဆာင္မွာ ေနထိုင္ဲၾကသူေတြ ျဖစ္ပါတယ္။

အခန္းက်ဥ္းေတြထဲ အတူေန အတူခ်က္ျပဳတ္စားေသာက္၊ အနားယူၾကေတာ့လည္း အတူတူ ျဖစ္ေနတာမို႔ ကူးစက္ကုန္တာ မဆန္းဘူးလို႔ ဆိုရပါမယ္။ ၂၄ နာရီေဈးဝယ္စင္တာ - Mustafa Center ဟာ သူတို႔ သြားေရာက္ေနက်ေနရာျဖစ္လို႔ ဗိုင္းရပ္စ္ ျဖန႔္ျဖဴးေရး ဗဟိုခ်က္ ျဖစ္ေနပါတယ္၊

သူတို႔က အိမ္ကို ေငြျပန္ပို႔ႏိုင္ဖို႔ ေခြၽတာၾကရတယ္။ အခန္းတစ္ခန္းမွာ လူ ၁၂ ဦးမွ ၂၀ ဦးအထိ စုေနၾကၿပီး အခန္းငွားရမ္းခ သက္သာေအာင္ လုပ္ၾကရတယ္။ စုၿပီး ခ်က္စားၾကေတာ့ ကုန္က်စရိတ္ သက္သာတယ္။ အခန္းေတြက ေလ)င္ေလထြက္ မေကာင္းဘူး။ ေရခ်ိဳးခန္း အိမ္သာကိုလည္း လူအမ်ားႀကီး အတူတူ မွ်သုံးၾကရတယ္။ ဒီေတာ့ တစ္ေယာက္ေယာက္ ကူးခံရၿပီဆိုရင္ က်န္တဲ့သူေတြဆီကု ကူးစက္ကုန္တယ္။

 

သူတို႔ကို အလုပ္ခြင္ပို႔တဲ့အခါ ထရပ္ကားေပၚမွာ စုၿပဳံလိုက္ပါၾကရတယ္။ အလုပ္မဆင္းရင္ လုပ္ချဖတ္တဲ့ ကုမၸဏီေတြလည္း ရွိတာမို႔ ဖ်ားနာေနလည္း အလုပ္ဆင္းၾကရတယ္လို႔ အျမတ္အစြန္း မရွာတဲ့ အဖြဲ႕ Transient Workers Count Too (TWC2) ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားတယ္။

lockdown ခ်ၿပီးခ်ိန္မွာေတာ့ အာဏာပိုင္ေတြက အလုပ္မဆင္းရေပမဲ့ လုပ္ခ အျပည့္ရေစရမယ္လို႔ အာမခံခ်က္ ေပးတယ္။ မရခဲ့ရင္ တိုင္ၾကားဖို႔လည္း တိုက္တြန္းတယ္။

ဝန္ႀကီးခ်ဳပ္ Lee Hsien Loong က ေ႐ႊ႕ေျပာင္းလုပ္သားေတြ ေနေရးထိုင္ေရး၊ က်န္းမာေရး၊ လုပ္ခရရွိေရး စေတာေတြအတြက္ စင္ကာပူအစိုးရမွ တာဝန္ယူေဆာင္႐ြက္ေနေၾကာင္း မိန႔္ခြန္းတစ္ခုမွာ ထည့္သြင္းေျပာၾကားခဲ့တယ္။

zawgyi
ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားေနထိုင္ရာအေဆာင္ကိုမည္သူပိုင္ဆိုင္သနည္း။

လုပ္သားေပါင္း ၂၀၀,၀၀၀ ရွိေသ ာႀကီးမားေသာအေဆာင္ ၄၃ ခုကို ကမ္းလြန္ႏွင့္ပင္လယ္ေရေၾကာင္းကုမၸဏီ Keppel ႏွင့္အိမ္ၿခံေျမကုမၸဏီ Cushman & Wakefield တို႔က တာဝန္ယူထားတယ္။ မေလးရွားႏွင့္ၾသစေၾတးလ်ရွိ ေက်ာင္းသားမ်ားအတြက္အေဆာင္မ်ားႏွင့္ အလုပ္သမားမ်ားအေဆာင္ေတြကို လုပ္ကိုင္တဲ့ Centurion လို အေဆာင္သီးသန႔္ လုပ္ကိုင္တဲ့ လုပ္ငန္းေတြကလည္း လုပ္ကိုင္ပါတယ္။

သူတို႔က အလုပ္သမားမ်ားကို တစ္လလွ်င္ တည္းခိုခအတြက္ စင္ကာပူေဒၚလာ ၃၀၀ မွ ၄၀၀ (အေမရိကန္ေဒၚလာ ၂၁၀ မွအေမရိကန္ေဒၚလာ ၂၈၀) ကို ငွားရမ္းေသာေဆာက္လုပ္ေရးကုမၸဏီမ်ားထံမွ ေကာက္ခံသည္။ အလုပ္သမားမ်ားက တစ္ေန႔လွ်င္ အစာသုံးနပ္အတြက္ တစ္လလွ်င္ေဒၚလာ ၁၃၀ ခန႔္ ေပးရပါတယ္။
၂၀၁၅ ခုႏွစ္တြင္ ပိုင္ရွင္ Jonathan Cheah က ေဒသခံမီဒီယာသို႔ေျပာၾကားရာတြင္ သူ၏ဒုတိယအေဆာင္ျဖစ္ေသာ Changi Lodge 2 ဟာ ႏွစ္စဥ္ စင္ကာပူေဒၚလာ ၁၅ သန္း ရရွိၿပီး တကယ္လို႔ တစ္ႏွစ္ပတ္လုံး လူအျပည့္ ရရွိတယ္ဆိုရင္ ႏွစ္စဥ္ စင္ကာပူေဒၚလာ ၅၅ သန္း အထိ ရႏိုင္တယ္လို႔ ေျပာျပခဲ့ဖူးပါတယ္။

အစိုးရက ေန႔စဥ္ ရာဂဏန္းျဖင့္ အလုပ္သမားေတြကို ေဆးစစ္ေပးေနပါတယ္။ ပိုးကူးထားတဲ့သူေတြကို သီးျခားခြဲထုတ္ေပးေနတာ ျဖစ္တဲ့အျပင္ ေဆးစစ္ၿပီးခ်ိန္မွာ ကူးစက္ခံ မဟုတ္ဘူးဆိုရင္လည္း သီးျခား ခြဲထုတ္ၿပီး ေနထိုင္ေစပါတယ္။ ေဆးမစစ္ရေသးတဲ့သူေတြနဲ႔ အတူေနခြင့္ မေပးဘူး။

မွတ္ပုံတင္ထားတဲ့ အေဆာင္ ၄၃ ခုမွာ ၁၂ ခုကို သီးျခားဇုန္မ်ားအျဖစ္ သတ္မွတ္ထားတယ္။ အဲဒီဇုန္ေတြမွာ ေနထိုင္ၾကတဲ့ အလုပ္သမားေတြဟာ ကိုယ္ေနထိုင္ရာ အခန္းထဲမွာပဲ ေနၾကရတယ္။ စားစရာကို ပို႔ေပးတယ္။ ပိုးကူးထားသူကို သိႏိုင္ဖို႔ ေဆးစစ္တာကို ေဆာင္႐ြက္ေနတယ္။

က်န္းမာတဲ့ လုပ္သား ၇၀၀၀ ဝန္းက်င္ကို စစ္တပ္စခန္းေတြ၊ ျပပြဲခန္းမက်ယ္ေတြ၊ ေရေပၚဟိုတယ္ေတြ၊ လူမေနတဲ့ တိုက္တာေတြရဲ႕ တိုက္ခန္းေတြမွာ ေ႐ႊ႕ေျပာင္းေနထိုင္ေစတယ္။

Read 66584 times Last modified on Wednesday, 06 May 2020 08:11
Rate this item
(1 Vote)