ပဲခူးတိုင်း အိမ်ရာစီမံကိန်းနှစ်ခု ဆောင်ရွက်ရန် တင်ပြ

ပဲခူးတိုင်း အိမ်ရာစီမံကိန်းနှစ်ခု ဆောင်ရွက်ရန် တင်ပြ google

ပဲခူးတိုင်းဒေသကြီးအတွင်း Golden Zenith Co.,Ltd မှ ဆောင်ရွက်မည့် တန်ဖိုးသင့်အိမ်ရာစီမံကိန်းနှင့် Myanmar Top Business Group မှ ဆောင်ရွက်မည့် အေးချမ်းသာယာ ပြည်သူ့အိမ်ရာစီမံကိန်းတို့ကို ဆောင်ရွက်ရန် တင်ပြထားကြောင်း သိရသည်။

 

'' လူဦးရေတိုးပွားလာတာသည်နှင့်အမျှ မြို့ပြအိမ်ရာတစ်ခု ဖြစ်စေဖို့ လမ်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ဝန်ဆောင်မှုပေးနိုင်မည့် အစိုးရဌာနဆိုင်ရာ အဆောက်အအုံတွေ ပြည်သူတွေအတွက် အပန်းဖြေရန် နေရာတွေ ပါဝင်ရမှာ ဖြစ်ပါတယ် '' ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။

 

 

အဆိုပါစီမံကိန်းနှစ်ခုမှ ပြည်မြို့နယ်တွင် ဆောင်ရွက်မည့် တန်ဖိုးသင့်အိမ်ရာစီမံကိန်းကို ငါးနှစ် အရစ်ကျစနစ်ဖြင့် ဘဏ်နှင့်ချိတ်ဆက်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Read More >>>ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) အား ယနေ့စတင် ပိတ်မည်

 

 

Myanmar Top Business Group မှ ဆောင်ရွက်မည့် အေးချမ်းသာယာ ပြည်သူ့အိမ်ရာစီမံကိန်းတွင် အပန်းဖြေဥယျာဉ် တစ်ခုနှင့် စက်မှုဇုန်တို့ ပါဝင်မည်ဖြစ်သည်။

 

 

>>>ရေကူးကန် လုပ်ငန်းပေါင်း ၄၃ ခုကို ရှာရန်နှိပ်ပါ<<<

 

 

ပဲခူးတိုင်းတွင် မြို့ပြအိမ်ရာများနှင့်ပတ်သက်၍ တိုင်းဒေသကြီးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ဖွဲ့စည်းထားရှိပြီး မြို့ပြတစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်းသည် အလုပ်အကိုင်အခွင့်လမ်းများစွာ ပေါ်ပေါက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


Read 1311 times Last modified on Tuesday, 24 March 2020 18:06
Rate this item
(1 Vote)
Tagged under