ငွေကျပ်သိန်း ၃၀ တန် နေအိမ်အလုံး ၃၀၀ ခန့်ကို အိမ်ထောင်စုများထံ အပ်နှံ

ငွေကျပ်သိန်း ၃၀ တန် နေအိမ်အလုံး ၃၀၀ ခန့်ကို အိမ်ထောင်စုများထံ အပ်နှံ google

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူပေါင်းဆောင်ရွက်နေသည့် ငွေကျပ်သိန်း ၃၀ တန် နေအိမ်အလုံး ၃၀၀ ခန့်ကို ဒုတိယအသုတ်အဖြစ် မြို့နယ်နှစ်မြို့နယ်မှ အိမ်ထောင်စုများထံ အပ်နှံလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

'' အိမ်ရာမှာနေထိုင်တဲ့သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေကို မတ်လ ၉ ရက်က လိုအပ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒဂုံ (တောင်ပိုင်း) မြို့နယ်က အိမ်ထောင်စု ၁၇၄ စုထံ နေအိမ်တွေကို အပ်နှံခဲ့ပါတယ် '' ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က ပြောသည်။

 

 

>>>ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံဖြိုးရေးစီမံကိန်းအတွက် Developer အဖြစ် သီလဝါအများပိုင်ကုမ္ပဏီ (MTSH) လုပ်ကိုင်ခွင့်ရ<<<

 

 

ပထမအကြိမ်အဖြစ် အိမ်ခြေ ၂၆၀ ကျော်ကို ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်မှ အိမ်ထောင်စုများထံ အပ်နှံခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် အိမ်ခြေ ၁၅၀ ကျော်ကို ဒဂုံ(အရှေ့ပိုင်း) မြို့နယ် ၁၃၀ ရပ်ကွက်မှ အိမ်ထောင်စုများထံသို့လည်ကောင်း၊ အိမ်ခြေ ၁၄၇ လုံးကို ဒဂုံ(တောင်ပိုင်း) မြို့နယ် ၁၄၆ ရပ်ကွက်မှ အိမ်ထောင်စုများထံသို့ လည်းကောင်း အပ်နှံခဲ့ပြီး ငွေကျပ်သိန်း ၃၀ တန် နေအိမ်များကို လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပနှင့် ရွှေပေါက်ကံတို့၌ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

 

အလူမီနီယံ လုပ်ငန်းပေါင်း ၉၉၃ ခုကို ရှာရန်နှိပ်ပါ

 

 

Source: Myawady

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 

ေငြက်ပ္သိန္း ၃၀ တန္ ေနအိမ္အလံုး ၃၀၀ ခန္႔ကို အိမ္ေထာင္စုမ်ားထံ အပ္ႏွံ

 

 

ရန္ကုန္တိုင္းအစိုးရအဖြဲ႕ႏွင့္ ပ်ိဳေမ့အိမ္လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းတို႔ ပူေပါင္းေဆာင္ရြက္ေနသည့္ ေငြက်ပ္သိန္း ၃၀ တန္ ေနအိမ္အလံုး ၃၀၀ ခန႔္ကို ဒုတိယအသုတ္အျဖစ္ ၿမိဳ႕နယ္ႏွစ္ၿမိဳ႕နယ္မွ အိမ္ေထာင္စုမ်ားထံ အပ္ႏွံလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

 

 

'' အိမ္ရာမွာေနထိုင္တဲ့သူေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဌာနဆိုင္ရာေတြကို မတ္လ ၉ ရက္က လုိအပ္တဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒဂံု (ေတာင္ပိုင္း) ၿမိဳ႕နယ္က အိမ္ေထာင္စု ၁၇၄ စုထံ ေနအိမ္ေတြကို အပ္နွံခဲ့ပါတယ္ '' ဟု ရန္ကုန္တိုင္းအစိုးရအဖြဲ႕ႏွင့္ ပ်ိဳေမ့အိမ္လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးအသင္း ဒါရိုက္တာ ေဒၚဗန္လီဇာေအာင္က ေျပာသည္။

 

 

ပထမအၾကိမ္အျဖစ္ အိမ္ေျခ ၂၆၀ ေက်ာ္ကို ေရႊျပည္သာၿမိဳ႕နယ္ ၁၉ ရပ္ကြက္မွ အိမ္ေထာင္စုမ်ားထံ အပ္ႏွံခဲ့ၿပီးေနာက္ ဒုတိယအၾကိမ္အျဖစ္ အိမ္ေျခ ၁၅၀ ေက်ာ္ကို ဒဂံု(အေရွ႕ပိုင္း) ၿမိဳ႕နယ္ ၁၃၀ ရပ္ကြက္မွ အိမ္ေထာင္စုမ်ားထံသို႔လည္ေကာင္း၊ အိမ္ေျခ ၁၄၇ လံုးကုိ ဒဂံု(ေတာင္ပိုင္း) ၿမိဳ႕နယ္ ၁၄၆ ရပ္ကြက္မွ အိမ္ေထာင္စုမ်ားထံသို႔ လည္းေကာင္း အပ္ႏွံခဲ့ၿပီး ေငြက်ပ္သိန္း ၃၀ တန္ ေနအိမ္မ်ားကို လိႈင္သာယာ၊ ဒဂံုဆိပ္ကမ္း၊ ေျမာက္ဥကၠလာပႏွင့္ ေရႊေပါက္ကံတို႔၌ ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

Source: Myawady

Read 2142 times
Rate this item
(0 votes)
Tagged under