ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံဖြိုးရေးစီမံကိန်းအတွက် Developer အဖြစ် သီလဝါအများပိုင်ကုမ္ပဏီ (MTSH) လုပ်ကိုင်ခွင့်ရ

ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံဖြိုးရေးစီမံကိန်းအတွက် Developer အဖြစ် သီလဝါအများပိုင်ကုမ္ပဏီ (MTSH) လုပ်ကိုင်ခွင့်ရ google

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်အတွင်းရှိ မြေ ၁၇ ဧကကျယ်ဝန်းသည့် ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကို သီလဝါအများပိုင်ကုမ္ပဏီ (MTSH) ကို Preferred Developer အဖြစ် လုပ်ကိုင်ခွင့်ရရှိကြောင်း သိရသည်။

 

MTSH ကုမ္ပဏီက တင်ဒါယှဉ်ပြိုင်သည့်အဆင့်တွင် သီလဝါအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အကြီးစားမြို့ပြနှင့် အိမ်ရာစီမံကိန်းများကို လုပ်ငန်းအတွေ့အကြုံများနှင့် ဘဏ္ဍာရေးဆိုင်ရာတောင့်တင်းခြင်းတို့ကြောင့် ကောင်းမွန်သော အကဲဖြတ်မှုများကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

 

 

အဆိုပါစီမံကိန်းကို ငွေကျပ် ၁၇၈ ဘီလီယံ အကုန်ကျခံတည်ဆောက်မည်ဖြစ်ပြီး ကြို့ကုန်းအိမ်ရာအတွင်းနေထိုင်သူများ ပြန်လည်နေရာချထားရေး အဆောက်အဦးများဆောက်လုပ်ရန်တန်ဖိုးသင့်၊ တန်ဖိုးမျှ အိမ်ရာများ၊ Shopping Mall၊ Shop House များ၊ ကျောင်းနှင့် ဆေးရုံတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

 

>>>လာဘ်ပေးလာဘ်ယူများ လျော့နည်းပပျောက်သွားစေရန် အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်များ Online မှ တစ်ဆင့် လျှောက်ထားနိုင်<<<

 

 

စီမံကိန်းအဆိုပြုလွှာနှင့် တင်ဒါလုပ်ငန်းများ စိစစ်ရွေးချယ်ခြင်းကို Yangon Metropolitan Development အများပိုင်ကုမ္ပဏီက ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ရန်ကုန်အစိုးရက ပြည်သူ့အိမ်ရာများကို အဆင့်မြှင့်တင်တည်ဆောက်ရေးစီမံကိန်းအနက် တစ်ခုဖြစ်သည်။

 

 

MTSH ကုမ္ပဏီအနေဖြင့်ကြို့ကုန်းအိမ်ရာစီမံကိန်းကို စတင်လုပ်ကိုင်ရန်အတွက် လိုအပ်သည့် သက်ဆိုင်ရာအာဏာပိုင်များနှင့် စာချုပ်ချုပ်ဆိုရန်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိရန်နှင့် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း သိရသည်။

 

 

သီးခြားအဖွဲ့မှစစ်ဆေးခြင်း လုပ်ငန်းပေါင်း ၁၄ ခုကို ရှာရန်နှိပ်ပါ

 

 

သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် MTSH ကုမ္ပဏီက မြန်မာဘက်မှ ပါဝင်ဆောင်ရွက်သည့် ကုမ္ပဏီဖြစ်ပြီး အများပြည်သူရှယ်ယာ ၁၇,၀၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 

ႀကိဳ႕ကုန္းအိမ္ရာ ျပန္လည္ဖြံၿဖိဳးေရးစီမံကိန္းအတြက္ Developer အျဖစ္ သီလဝါအမ်ားပိုင္ကုမၸဏီ (MTSH) လုပ္ကိုင္ခြင့္ရ

 

 

ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္အတြင္းရွိ ေျမ ၁၇ ဧကက်ယ္ဝန္းသည့္ ၾကိဳ႕ကုန္းအိမ္ရာ ျပန္လည္ဖြံ႕ၿဖိဳးေရးစီမံကိန္းကို သီလဝါအမ်ားပိုင္ကုမၸဏီ (MTSH) ကို Preferred Developer အျဖစ္ လုပ္ကိုင္ခြင့္ရရွိေၾကာင္း သိရသည္။

 

 

MTSH ကုမၸဏီက တင္ဒါယွဥ္ၿပိဳင္သည့္အဆင့္တြင္ သီလဝါအထူးစီးပြားေရးဇုန္တြင္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့သည့္ အႀကီးစားၿမိဳ႕ျပႏွင့္ အိမ္ရာစီမံကိန္းမ်ားကို လုပ္ငန္းအေတြ႕အၾကံဳမ်ားႏွင့္ ဘ႑ာေရးဆိုင္ရာေတာင့္တင္းျခင္းတို႔ေၾကာင့္ ေကာင္းမြန္ေသာ အကဲျဖတ္မႈမ်ားကို ရရွိခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

 

 

အဆိုပါစီမံကိန္းကို ေငြက်ပ္ ၁၇၈ ဘီလီယံ အကုန္က်ခံတည္ေဆာက္မည္ျဖစ္ၿပီး ၾကိဳ႕ကုန္းအိမ္ရာအတြင္းေနထိုင္သူမ်ား ျပန္လည္ေနရာခ်ထားေရး အေဆာက္အဦးမ်ားေဆာက္လုပ္ရန္တန္ဖိုးသင့္၊ တန္ဖိုးမွ် အိမ္ရာမ်ား၊ Shopping Mall၊ Shop House မ်ား၊ ေက်ာင္းႏွင့္ ေဆးရံုတို႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

စီမံကိန္းအဆိုျပဳလႊာႏွင့္ တင္ဒါလုပ္ငန္းမ်ား စိစစ္ေ႐ြးခ်ယ္ျခင္းကို Yangon Metropolitan Development အမ်ားပိုင္ကုမၸဏီက ေဆာင္႐ြက္ခဲ့ၿပီး ရန္ကုန္တိုင္းအစိုးရႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္သည့္ ရန္ကုန္အစိုးရက ျပည္သူ႔အိမ္ရာမ်ားကို အဆင့္ျမႇင့္တင္တည္ေဆာက္ေရးစီမံကိန္းအနက္ တစ္ခုျဖစ္သည္။

 

 

MTSH ကုမၸဏီအေနျဖင့္ႀကိဳ႕ကုန္းအိမ္ရာစီမံကိန္းကို စတင္လုပ္ကိုင္ရန္အတြက္ လိုအပ္သည့္ သက္ဆိုင္ရာအာဏာပိုင္မ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုရန္၊ ျမန္မာႏိုင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္၏ ခြင့္ျပဳခ်က္ရရွိရန္ႏွင့္ လိုအပ္သည့္ လုပ္ထံုးလုပ္နည္းမ်ားကို ဆက္လက္ေဆာင္ရြက္ရဦးမည္ျဖစ္ေၾကာင္း သိရသည္။

 

 

သီလဝါအထူးစီးပြားေရးဇုန္ အေကာင္အထည္ေဖာ္ရာတြင္ MTSH ကုမၸဏီက ျမန္မာဘက္မွ ပါဝင္ေဆာင္႐ြက္သည့္ ကုမၸဏီျဖစ္ၿပီး အမ်ားျပည္သူရွယ္ယာ ၁၇,၀၀၀ ေက်ာ္ပါဝင္ေၾကာင္း သိရသည္။

 

Read 1503 times
Rate this item
(0 votes)
Tagged under