မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်တွင် ဆေးလိပ်မီးကြောင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ် ၄လုံး ဆုံးရှုံး

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်တွင် ဆေးလိပ်မီးကြောင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ် ၄လုံး ဆုံးရှုံး MOI

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်း ရပ် ကွက်၊ အကွက်(၈၈)၊ ၈၈ လမ်းနှင့် ၈၉လမ်းကြား၊ ၁၆ လမ်းနှင့် ၁၇ လမ်း ကြားတွင် ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် (၄)လုံးမီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ ၈ ပေ ပတ်လည်၊ သွပ်မိုး၊ ထရံကာ၊ နှစ်ထပ်နေအိမ်တွင် နေထိုင်သော နေအိမ်ပိုင်ရှင်သည် နေအိမ်အပေါ်ထပ်၌ ဆေးလိပ်သောက်ပြီး ထရံ ဘေးထားခဲ့ရာမှ ထရံအား မီးကူးစက်ပြီး မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်းသိရသည်။

 

မီးလောင်ရာသို့ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင်(၁၅၀)ဦးတို့က အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြိမ်း သတ်ယာဉ်(၃၀) စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၅ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်းသိရသည်။

 

ကိရိယာတန်ဆာပလာ လုပ်ငန်းပေါင်း ၁၉၉ ခုကို ရှာရန်နှိပ်ပါ

 

အဆိုပါ မီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မီးပေါ့ဆစွာ သုံးစွဲသူအား သက်ဆိုင်ရာနယ်မြေ ရဲစခန်းက အမှုဖွင့်အရေး ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

Source: MOI

 

Myanmar Builders Guide

 

---Zawgyi---

 

မႏၱေလးတိုင္း ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ ေဆးလိပ္မီးေၾကာင့္ မီးေလာင္မႈျဖစ္ပြားရာ ေနအိမ္ ၄လံုး ဆံုးရႈံး

 

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မင္းတဲအီကင္း ရပ္ ကြက္၊ အကြက္(၈၈)၊ ၈၈ လမ္းႏွင့္ ၈၉လမ္းၾကား၊ ၁၆ လမ္းႏွင့္ ၁၇ လမ္း ၾကားတြင္ ယေန႔မြန္းလြဲ ၂ နာရီ ၅၀ မိနစ္အခ်ိန္ခန္႔က မီးေလာင္မႈ ျဖစ္ပြားခဲ့ရာ ေနအိမ္ (၄)လုံးမီးေလာင္ဆုံးရႈံးသြားေၾကာင္း သိရသည္။

 

အဆိုပါမီးေလာင္မႈျဖစ္စဥ္မွာ ၈ ေပ ပတ္လည္၊ သြပ္မိုး၊ ထရံကာ၊ ႏွစ္ထပ္ေနအိမ္တြင္ ေနထိုင္ေသာ ေနအိမ္ပိုင္ရွင္သည္ ေနအိမ္အေပၚထပ္၌ ေဆးလိပ္ေသာက္ၿပီး ထရံ ေဘးထားခဲ့ရာမွ ထရံအား မီးကူးစက္ၿပီး မီးစတင္ ေလာင္ကြၽမ္းျခင္း ျဖစ္ေၾကာင္းသိရသည္။

 

မီးေလာင္ရာသို႔ မႏၲေလးခ႐ိုင္မီးသတ္ဦးစီးမႉး ဦးေက်ာ္ဆန္း၊ ၿမိဳ႕နယ္ မီးသတ္ဦးစီးမႉး ဦးျမင့္ခိုင္ႏွင့္ သေႏၶမီးသတ္ တပ္ဖြဲ႕ဝင္ (၃၀)ဦး၊ အရန္ မီးသတ္တပ္ဖြဲ႕ဝင္(၁၅၀)ဦးတို႔က အုပ္ခ်ဳပ္မႈယာဥ္(၃)စီး၊ မီးၿငိမ္း သတ္ယာဥ္(၃၀) စီးတို႔ျဖင့္ မီးျငႇိမ္းသတ္ခဲ့ရာ ၃ နာရီ ၅ မိနစ္တြင္ မီးျငႇိမ္းႏိုင္ခဲ့ေၾကာင္းသိရသည္။

 

အဆိုပါ မီးေလာင္မႈေၾကာင့္လူႏွင့္တိရစာၦန္ထိခိုက္ဒဏ္ရာရရွိမႈမရွိဘဲ မီးေပါ့ဆစြာ သုံးစြဲသူအား သက္ဆိုင္ရာနယ္ေျမ ရဲစခန္းက အမႈဖြင့္အေရး ယူႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

 

 

Source: MOI

Read 252 times Last modified on Sunday, 08 March 2020 23:42
Rate this item
(0 votes)
Tagged under