မန္တလေးတိုင်းဒေသကြီးရှိ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ် ရောင်းချပေးမည်

မန္တလေးတိုင်းဒေသကြီးရှိ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ် ရောင်းချပေးမည် google

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာတိုက်ခန်းများကို ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ RC လေးခန်းတွဲ ခြောက်ထပ် အဆောက်အအုံ အိမ်ခန်းတစ်ခန်းလျှင် ၆၆၁ စတုရန်းပေရှိ အခန်းပေါင်း ၅၇၄ ခန်းတို့ကို မန္တလေးခြောက်မြို့နယ် အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ပြည်သူများအားရောင်းချပေးမည်ဖြစ်သည်။

 

 

အိမ်ခန်းလျှောက်လွှာများကို ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ လျှောက်လွှာများ ရောင်းချပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၈ ရက်အထိပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။

 

 

>>>ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (AllP) ကျေးလက်လမ်းနှင့် တံတားတည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ<<<

 

 

လျှောက်လွှာ တင်သွင်းထားသူများကို မတ် ၆ ရက်မှ ၉ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးဝင်းရှိ ဓမ္မာရုံ၌ QR Coad ပါဝင်သော မဲလက်မှတ် နံပါတ်များ ထုတ်ပေးမည်ဖြစ်သည်။

 

 

မန္တလေးမြို့တော်ခန်းမ၌ ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက် နံနက် ၉ နာရီတွင် ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ်ရောင်းချပေးမည် ဖြစ်ပြီး တိုက်ခန်းမဲပေါက်သူများအနေဖြင့် တိုက်ခန်းဖိုးအာမခံ စပေါ်ငွေကျပ်သိန်း ၂ဝ ကို မတ် ၁ဝ ရက်မှ ဧပြီ ၂ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီရုံး ဆင်ဝင်အောက်၌ ဖွင့်လှစ်ထားသော ရတနာပုံဘဏ်ကောင်တာတွင် ပေးသွင်းရမည်ဖြစ်သည်။

 

 

ရေပိုက်တပ်ဆင်ခြင်းနှင့် ပြုပြင်ရေးလုပ်ငန်းများ ၁၁ ခုကို ရှာရန်နှိပ်ပါ

 

 

၂၀၂၀ ခုနှစ် ဧပြီ ၃ ရက် နံနက် ၉ နာရီတွင် မြို့တော်ခန်းမ၌ တိုက်ခန်း နံပါတ်များ ကိုယ်တိုင်မဲနှိုက်ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

 

 

Source: Myawady

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

မႏၱေလးတိုင္းေဒသႀကီးရွိ ျမရည္နႏၵာ တန္ဖိုးမွ်တအိမ္ရာတုိက္ခန္းမ်ား ပြင့္လင္းျမင္သာစြာ မဲႏိႈက္ေရြးခ်ယ္ ေရာင္းခ်ေပးမည္

 

 

မႏၲေလးတုိင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာရပ္ကြက္ရွိ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၿပီးစီးသည့္ ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာတိုက္ခန္းမ်ားကို ပြင့္လင္းျမင္သာစြာ မဲႏႈိက္ေရြးခ်ယ္ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။

 

 

ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာ RC ေလးခန္းတြဲ ေျခာက္ထပ္ အေဆာက္အအုံ အိမ္ခန္းတစ္ခန္းလွ်င္ ၆၆၁ စတုရန္းေပရွိ အခန္းေပါင္း ၅၇၄ ခန္းတို႔ကို မႏၲေလးေျခာက္ၿမိဳ႕နယ္ အတြင္း တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ အၿငိမ္းစားဝန္ထမ္းမ်ား၊ ကုမၸဏီဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားအားေရာင္းခ်ေပးမည္ျဖစ္သည္။

 

 

အိမ္ခန္းေလွ်ာက္လႊာမ်ားကို ဇန္နဝါရီ ၂၇ ရက္မွ ေဖေဖာ္ဝါရီ ၇ ရက္အထိ ေလွ်ာက္လႊာမ်ား ေရာင္းခ်ေပးခဲ့ၿပီး ေဖေဖာ္ဝါရီ ၁၇ ရက္မွ ၂၈ ရက္အထိျပန္လည္ လက္ခံခဲ့ေၾကာင္း သိရသည္။

 

 

ေလွ်ာက္လႊာ တင္သြင္းထားသူမ်ားကို မတ္ ၆ ရက္မွ ၉ ရက္အထိ နံနက္ ၉ နာရီခြဲမွ ညေန ၄ နာရီခြဲအတြင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ႐ုံးဝင္းရွိ ဓမၼာ႐ုံ၌ QR Coad ပါဝင္ေသာ မဲလက္မွတ္ နံပါတ္မ်ား ထုတ္ေပးမည္ျဖစ္သည္။

 

 

မႏၲေလးၿမိဳ႕ေတာ္ခန္းမ၌ ၂၀၂၀ ခုႏွစ္ မတ္လ ၁၀ ရက္ နံနက္ ၉ နာရီတြင္ ပြင့္လင္းျမင္သာစြာ မဲႏႈိက္ေရြးခ်ယ္ေရာင္းခ်ေပးမည္ ျဖစ္ၿပီး တိုက္ခန္းမဲေပါက္သူမ်ားအေနျဖင့္ တိုက္ခန္းဖိုးအာမခံ စေပၚေငြက်ပ္သိန္း ၂ဝ ကို မတ္ ၁ဝ ရက္မွ ဧၿပီ ၂ ရက္အထိ နံနက္ ၉ နာရီခြဲမွ ညေန ၄ နာရီခြဲအထိ မႏၲေလးၿမိဳ႕ စည္ပင္သာယာေရး ေကာ္မတီ႐ုံး ဆင္ဝင္ေအာက္၌ ဖြင့္လွစ္ထားေသာ ရတနာပုံဘဏ္ေကာင္တာတြင္ ေပးသြင္းရမည္ျဖစ္သည္။

 

 

၂၀၂၀ ခုနွစ္ ဧၿပီ ၃ ရက္ နံနက္ ၉ နာရီတြင္ ၿမိဳ႕ေတာ္ခန္းမ၌ တိုက္ခန္း နံပါတ္မ်ား ကိုယ္တိုင္မဲႏႈိက္ေရြးခ်ယ္ရမည္ျဖစ္ေၾကာင္း သိရသည္။

 

 

Source: Myawady

Read 598 times
Rate this item
(0 votes)
Tagged under

Related items