ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း အိမ်ရာမရှိသူများနှင့် ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် မြေနေရာရှာဖွေ

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း အိမ်ရာမရှိသူများနှင့် ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် မြေနေရာရှာဖွေ google

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အိမ်ရာမရှိသူများနှင့် ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် မြေနေရာရှာဖွေလျက်ရှိကြောင်း အဆိုပါမြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် (၁) ဦးကျော်သူအောင်၏ ပြောကြားချက်အရ သိရသည်။

 

လက်ရှိတွင် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ (၈၁) ရပ်ကွက်နှင့် (၈၂) ရပ်ကွက်ကြားရှိ ပန်းဝါလမ်းဘယ်ဘက်ခြမ်း၊ ညာဘက်လမ်းမြေနေရာများနှင့် (၁၅၁) ရပ်ကွက်မှ မြေနေရာများကို အိမ်ရာအကောင်အထည်ဖော်ရန် လျာထားကြောင်း သိရသည်။

 

 

သင်္ဘောဆေး လုပ်ငန်းပေါင်း ၅၁၉ ခုကို ရှာရန်နှိပ်ပါ

 

အဆိုပါမြေနေရာများသည် ဂရန်၊ ပါမစ် စသည့် ရောင်းချပြီးသားမြေနေရာများ မဟုတ်ဘဲ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန သို့မဟုတ် စည်ပင်သာယာရေးကောမတီမှ စီမံခန့်ခွဲမှုရှိသည့် သတ်မှတ်ထားသောနေရာများဖြစ်သည်။

 

 

''နေအိမ်တွေ တည်ဆောက်ပေးနိုင်ဖို့ တိုင်းဒေသကြီးအစိုးရနဲ့ သက်ဆိုင်ရာအင်ဂျင်နီယာတွေညှိနှိုင်းပြီး ဒီဇိုင်းရေးဆွဲနေပါတယ်။ နေအိမ်ဝယ်ယူနေထိုင်လိုသူတွေအတွက် အိမ်ထောင်စုစာရင်းကို ရပ်ကွက်အလိုက် ကောက်ယူနေပါတယ်။ တစ်ဦးကို ငွေကျပ်သိန်း ၃၀ နှုန်းနဲ့ KEB Hana Microfinance Limited က ချေးငွေတွေနဲ့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ် '' ဟု ဦးကျော်သူအောင်က ပြောသည်။

 

 

အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် တိုင်းဒေသကြီးအဖွဲ့မှ မြေနေရာပေးခြင်း၊ ရေ၊ မီး၊ လမ်း စသည့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးပြီး ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ နေထိုင်ရေး အခက်အခဲရှိသူများ၏ စာရင်းကို ကောက်ယူပြုစု၍ ငွေစုငွေချေးဖွဲ့စည်းခြင်းနှင့် ချေးငွေကို သတ်မှတ်နှုန်းထား၊ သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

 

 

Source: Myawady

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္အတြင္း အိမ္ရာမရွိသူမ်ားႏွင့္ က်ဴးေက်ာ္မ်ားအတြက္ တန္ဖိုးနည္းအိမ္ရာမ်ား တည္ေဆာက္ရန္ ေျမေနရာရွာေဖြ

 

 

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္အတြင္းရွိ အိမ္ရာမရွိသူမ်ားႏွင့္ က်ဴးေက်ာ္မ်ားအတြက္ တန္ဖိုးနည္းအိမ္ရာမ်ား တည္ေဆာက္ရန္ ေျမေနရာရွာေဖြလ်က္ရွိေၾကာင္း အဆိုပါၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ အဖြဲ႕ဝင္ (၁) ဦးေက်ာ္သူေအာင္၏ ေျပာၾကားခ်က္အရ သိရသည္။

 

 

လက္ရွိတြင္ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္အတြင္းရွိ (၈၁) ရပ္ကြက္ႏွင့္ (၈၂) ရပ္ကြက္ၾကားရွိ ပန္းဝါလမ္းဘယ္ဘက္ျခမ္း၊ ညာဘက္လမ္းေျမေနရာမ်ားႏွင့္ (၁၅၁) ရပ္ကြက္မွ ေျမေနရာမ်ားကို အိမ္ရာအေကာင္အထည္ေဖာ္ရန္ လ်ာထားေၾကာင္း သိရသည္။

 

 

အဆိုပါေျမေနရာမ်ားသည္ ဂရန္၊ ပါမစ္ စသည့္ ေရာင္းခ်ၿပီးသားေျမေနရာမ်ား မဟုတ္ဘဲ ၿမိဳ႕ျပအိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာန သို႔မဟုတ္ စည္ပင္သာယာေရးေကာမတီမွ စီမံခန္႔ခြဲမႈရွိသည့္ သတ္မွတ္ထားေသာေနရာမ်ားျဖစ္သည္။

 

 

''ေနအိမ္ေတြ တည္ေဆာက္ေပးႏိုင္ဖို႔ တိုင္းေဒသႀကီးအစိုးရနဲ႔ သက္ဆိုင္ရာအင္ဂ်င္နီယာေတြညွိႏႈိင္းၿပီး ဒီဇို္င္းေရးဆြဲေနပါတယ္။ ေနအိမ္ဝယ္ယူေနထိုင္လိုသူေတြအတြက္ အိမ္ေထာင္စုစာရင္းကို ရပ္ကြက္အလိုက္ ေကာက္ယူေနပါတယ္။ တစ္ဦးကို ေငြက်ပ္သိန္း ၃၀ ႏႈန္းနဲ႔ KEB Hana Microfinance Limited က ေခ်းေငြေတြနဲ႔ ေဆာင္ရြက္ေပးမွာျဖစ္ပါတယ္ '' ဟု ဦးေက်ာ္သူေအာင္က ေျပာသည္။

 

 

အဆိုပါစီမံကိန္းကို အေကာင္အထည္ေဖာ္ရာတြင္ တိုင္းေဒသႀကီးအဖြဲ႕မွ ေျမေနရာေပးျခင္း၊ ေရ၊ မီး၊ လမ္း စသည့္ အေျခခံအေဆာက္အအံုမ်ား ပံ့ပိုးေပးၿပီး ပ်ိဳေမ့အိမ္လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွ ေနထိုင္ေရး အခက္အခဲရွိသူမ်ား၏ စာရင္းကိုု ေကာက္ယူျပဳစု၍ ေငြစုေငြေခ်းဖြဲ႔စည္းျခင္းႏွင့္ ေခ်းေငြကို သတ္မွတ္ႏႈန္းထား၊ သတ္မွတ္ကာလအတြင္း ျပန္လည္ေပးဆပ္ရမည္ျဖစ္ေၾကာင္း သိရသည္။

 

 

Source: Myawady

 

Read 1914 times Last modified on Tuesday, 03 March 2020 10:23
Rate this item
(1 Vote)
Tagged under