တန်ဖိုးနည်း၊ တန်ဖိုးမျှ အိမ်ရာစီမံကိန်းဆောက်လုပ်ရန် အဆိုပြုလွှာခေါ်ယူ

တန်ဖိုးနည်း၊ တန်ဖိုးမျှ အိမ်ရာစီမံကိန်းဆောက်လုပ်ရန် အဆိုပြုလွှာခေါ်ယူ google

ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေဧကများပေါ်တွင် တန်ဖိုးနည်း၊ တန်ဖိုးမျှအိမ်ရာများ ဆောက်လုပ်ရန် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိသည်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီက တစ်ဦးတည်းပိုင် မြေကွက်များ (သို့) ပူးတွဲပိုင်မြေကွက်များတွင် တန်ဖိုးနည်း၊တန်ဖိုးမျှ အိမ်ရစီမံကိန်းများဆောက်လုပ်ရန် ပြည်တွင်းတိုင်းရင်းသားပိုင်ကုမ္ပဏီများကို EOIအဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ထားသည်။

 

 

တန်ဖိုးနည်း၊ တန်ဖိုးမျှအိမ်ရာများ ဆောက်လုပ်ရန် မြေကွက်များသတ်မှတ်ထားမှုမှာ ရွှေပြည်သာမြို့နယ်အတွင်းရှိ မြေတိုင်းအမှတ် (၉+၁၀) ရှိမြေဧက ၁ဝ ဧကခန့်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ မြေတိုင်းအမှတ် ၁၄၅ ရှိ မြေဧရီယာ ၈.၈၅၆ ဧကခန့်နှင့် မြေ ၁၀ ဧကနှင့် အထက်မြေကွက်များ တစ်ဦးတည်းပိုင် (သို့) ပူးတွဲပိုင် (သို့) အစိုးရပိုင်မြေကွက်များပေါ်တွင် ဆောက်လုပ်ရန် အဆိုပြုလွှာများ ခေါ်ယူခြင်းဖြစ်သည်။

 

 

>>>အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော် ဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း ၃ ခု ခွင့်ပြု<<<

 

 

EOI အဆိုပြုလွှာများကို မတ်လ ၃ ရက်မှ စတင်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဆယ်ထပ်ရုံး၊ အင်ဂျင်နီယာဌာန ၈ လွှာတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

 

ယင်းအဆိုပြုလွှာများကို မတ်လ ၃၁ ရက်နောက်ဆုံးထားကာ တင်သွင်းရမည်ဖြစ်ပြီး ယင်းသတ်မှတ်ရက်ကျော်လွန်မှ တင်ပြလာသည့် အဆိုပြုလွှာများကို လက်ခံမည်မဟုတ်ပေ။

 

 

အသံထိန်းနှင့် အပူအအေးကာပစ္စည်း လုပ်ငန်းပေါင်း ၄ ခုကို ရှာရန်နှိပ်ပါ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အိမ်ရာလိုအပ်ချက်များပြားလာခြင်းကြောင့် အစိုးရအနေဖြင့် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အိမ်ရာလိုအပ်ချက်ကို လျော့ချနိုင်ရန်နှင့် ပြည်တွင်းအိမ်ခြံမြေဈေးကွက် ပိုမိုကောင်းလာစေရန် ကြိုးပမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လူထုတွေ့ဆုံပွဲများ၌ ပြောကြားခဲ့သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

တန္ဖုိးနည္း၊ တန္ဖုိးမွ် အိမ္ရာစီမံကိန္းေဆာက္လုပ္ရန္ အဆုိ္ျပဳလႊာေခၚယူ

 

 

ရန္ကုန္တုိင္းေဒသၾကီးအစုိးရက စီမံခန္႕ခြဲပုိင္ခြင့္ရွိသည့္ ေျမဧကမ်ားေပၚတြင္ တန္ဖုိးနည္း၊ တန္ဖုိးမွ်အိမ္ရာမ်ား ေဆာက္လုပ္ရန္ အဆုိျပဳလႊာမ်ား ေခၚယူလ်က္ရွိသည္။

 

 

ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တင္ဒါလက္ခံေရးႏွင့္ စိစစ္ေရး ေကာ္မတီက တစ္ဦးတည္းပုိင္ ေျမကြက္မ်ား (သုိ႔) ပူးတြဲပုိင္ေျမကြက္မ်ားတြင္ တန္ဖုိးနည္း၊တန္ဖုိးမွွ် အိမ္ရစီမံကိန္းမ်ားေဆာက္လုပ္ရန္ ျပည္တြင္းတုိင္းရင္းသားပုိင္ကုမၸဏီမ်ားကုိ EOIအဆုိျပဳလႊာမ်ား တင္သြင္းရန္ ဖိတ္ေခၚထားသည္။

 

 

တန္ဖုိးနည္း၊ တန္ဖုိးမွ်အိမ္ရာမ်ား ေဆာက္လုပ္ရန္ ေျမကြက္မ်ားသတ္မွတ္ထားမႈမွာ ေရႊျပည္သာျမိဳ႕နယ္အတြင္းရွိ ေျမတုိင္းအမွတ္ (၉+၁၀) ရွိေျမဧက ၁ဝ ဧကခန္႔၊ ဒဂုံျမိဳ႕သစ္ေတာင္ပုိင္းျမိဳ႕နယ္ရွိ ေျမတုိင္းအမွတ္ ၁၄၅ ရွိ ေျမဧရီယာ ၈.၈၅၆ ဧကခန္႕ႏွင့္ ေျမ ၁၀ ဧကႏွင့္ အထက္ေျမကြက္မ်ား တစ္ဦးတည္းပုိင္ (သုိ႔) ပူးတြဲပုိင္ (သုိ႔) အစုိးရပုိင္ေျမကြက္မ်ားေပၚတြင္ ေဆာက္လုပ္ရန္ အဆုိျပဳလႊာမ်ား ေခၚယူျခင္းျဖစ္သည္။

 

 

EOI အဆုိျပဳလႊာမ်ားကုိ မတ္လ ၃ ရက္မွ စတင္ကာ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ဆယ္ထပ္ရုံး၊ အင္ဂ်င္နီယာဌာန ၈ လႊာတြင္ ရုံးခ်ိန္အတြင္း ဝယ္ယူႏုိင္ေၾကာင္း ထုတ္ျပန္ထားသည္။

 

 

ယင္းအဆုိျပဳလႊာမ်ားကုိ မတ္လ ၃၁ ရက္ေနာက္ဆုံးထားကာ တင္သြင္းရမည္ျဖစ္ျပီး ယင္းသတ္မွတ္ရက္ေက်ာ္လြန္မွ တင္ျပလာသည့္ အဆုိျပဳလႊာမ်ားကုိ လက္ခံမည္မဟုတ္ေပ။

 

 

ရန္ကုန္တုိင္းေဒသၾကီးအတြင္းတြင္ အိမ္ရာလုိအပ္ခ်က္မ်ားျပားလာျခင္းေၾကာင့္ အစုိးရအေနျဖင့္ အိမ္ရာစီမံကိန္းမ်ားကုိ အေကာင္အထည္ေဖာ္ေဆာင္ရြက္မည္ျဖစ္ျပီး အိမ္ရာလုိအပ္ခ်က္ကုိ ေလ်ာ့ခ်ႏုိင္ရန္ႏွင့္ ျပည္တြင္းအိမ္ျခံေျမေစ်းကြက္ ပုိမုိေကာင္းလာေစရန္ ၾကိဳးပမ္းလ်က္ရွိေၾကာင္း ရန္ကုန္တုိင္းေဒသၾကီး ဝန္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းက လူထုေတြ႕ဆုံပြဲမ်ား၌ ေျပာၾကားခဲ့သည္။

 

Read 2510 times
Rate this item
(0 votes)