ဘုရားစင် LED မီးအပူလွန်ကဲရာမှ မီလောင်မှုကြောင့် နေအိမ်နှစ်လုံးမီးလောင်

ဘုရားစင် LED မီးအပူလွန်ကဲရာမှ မီလောင်မှုကြောင့် နေအိမ်နှစ်လုံးမီးလောင် google

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ဘုရားစင် မီးအပူလွန်ကဲရာမှ မီးလောင်မှုကြောင့် အဘွားအိုတစ်ဦး မီးဟပ်ခံရ၍ နေအိမ် နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

ပြည်မြို့နယ် ပြည်မြို့ဆင်စုရပ်ကွက် ဘုရားနီလမ်း ဦးအောင်သန်းထွဋ်နေအိမ်မှ စတင်မီးလောင်ကျွမ်းခဲ့ရာ ၎င်းနေအိမ်အပေါ်ထပ်နှင့်ကပ်လျက်ရှိ ဦးနိုင်စိုးနေအိမ်အပေါ်ထပ်ကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

 

အဆိုပါဖြစ်ရပ်တွင် မီးအားက ပြင်းထန်သော်လည်း မီးငြှိမ်းသတ်ချိန်မှာ ၇ မိနစ်ခန့်သာရှိ၍ သန္ဓေမီးသတ်ကား ၅ စီး၊ အရန်မီးသတ်ကား ၁၀ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

 

>>>မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာမှ ရောင်းချပေးမည့် တိုက်ခန်း ၅၇၄ ခန်းအတွက် အိမ်ခန်းလျှောက်လွှာ ဝယ်ယူသူ ၆၀၀၀ ကျော်ရှိ<<<

 

 

'' မီးငြှိမ်းသတ်ချိန် ၇ မိနစ်လောက်ပဲကြာပေမဲ့ မီးအားပြင်းတယ်။ ကျွန်တော်တို့ဆီက ကားအား၊ လူအားလည်းကောင်းတယ်။ တကယ်လို့သာ ကျွန်တော်တို့ လက်ဦးမှုနဲ့ လွမ်းခြုံမှုသာမရရင် ဒီတစ်ဘလောက်လုံးကုန်မှာ '' ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်က ပြောကြားသည်။

 

 

သစ်သားထုတ်ကုန်ပစ္စည်းများ လုပ်ငန်းပေါင်း ၃၃၂ ခုကို ရှာရန်နှိပ်ပါ

 

 

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင် ဦးအောင်သန်းထွဋ်အား ပြည်မြို့မ ရဲစခန်းတွင် (ပ) ၂၀၇/ ၂၀၂၀၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

Ref: daily eleven

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 

Ref: daily eleven

Read 2296 times Last modified on Monday, 17 February 2020 09:14
Rate this item
(0 votes)
Tagged under