မဟာဗန္ဓုလအငှားအိမ်ရာ နေထိုင်ခွင့်ရရှိသူများ မတ်လ ၁၀ ရက်အထိ ဆက်သွယ်ခြင်း မရှိပါက နေထိုင်ခွင့် ဖျက်သိမ်းမည်

မဟာဗန္ဓုလအငှားအိမ်ရာ နေထိုင်ခွင့်ရရှိသူများ မတ်လ ၁၀ ရက်အထိ ဆက်သွယ်ခြင်း မရှိပါက နေထိုင်ခွင့် ဖျက်သိမ်းမည် google

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မဟာဗန္ဓုလ အငှားအိမ်ရာ တိုက်ခန်းနေထိုင်ခွင့် ရရှိသူများသည် ဖေဖော်ဝါရီလ ၁၀ ရက်မှ မတ်လ ၁၀ ရက်နေ့အထိ နောက်ဆုံးထား လာရောက်ဆက်သွယ်ရမည်ဖြစ်ကြောင်း မဟာဗန္ဓုလ အငှားအိမ်ရာ အိမ်ခန်းနေရာစိစစ်ချထားရေးနှင့် ကြီးကြပ်မှုကော်မတီက ကြေညာထားသည်။

 

တိုက်ခန်း မဲပေါက်သူများအနေဖြင့် မဲပေါက်သည့်စာရွက်၊ မှတ်ပုံတင်မူရင်း/ မိတ္တူ (၄) စုံ၊ သန်းခေါင်းစာရင်း မူရင်း/ မိတ္တူ (၄) စုံ၊ (၄ လက်မ × ၆ လက်မ) (မတ်တပ်ရပ် ကိုယ်လုံးပုံ) ဓာတ်ပုံ (၄) ပုံနှင့်အတူ သတ်မှတ်ထားသည့်ရက်အတွင်း ဒဂုံအရှေ့စက်မှုဇုန်စီမံခန့်ခွဲရေးရုံး ကနောင်ခန်းမ၊ အမှတ် (၂)လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်သို့ ရုံးချိန်အတွင်းလာရောက် ဆက်သွယ်ရန်နှင့်

 

 

မတ်လ ၁၀ ရက်နေ့အထိ လာရောက်ဆက်သွယ်ခြင်းမရှိသော အိမ်ခန်းများကို နေထိုင်ရန် စိတ်ဝင်စားခြင်းမရှိသည်ဟု ယူဆကာ အခန်းနေထိုင်ခွင့်အား ဖျက်သိမ်းမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီက ကြေညာထားသည်။

 

 

တိုက်အမှတ် (၁၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၂၆၊ ၂၈၊ ၃၀၊ ၃၇) များတွင် မဲပေါက်၍ အငှားနေထိုင်ခွင့်ရသူများအား ၂၀၂၀ ပြည့်နှစ် မတ်လ ပထမပတ်မှစတင်၍ တိုက်ခန်းတွင် နေထိုင်ခွင့်ရမည်ဖြစ်သည်။

 

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဟာဗန္ဓုလ အငှားအိမ်ရာတွင် နေထိုင်ခွင့်ရသူများသည် အိမ်လခအဖြစ် တစ်လလျှင် ငွေကျပ် ၃၀၀၀၀ ပေးဆောင်ကာ နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

 

သန့်ရှင်းရေး လုပ်ငန်းပေါင်း ၃၃ ခုကို ရှာရန်နှိပ်ပါ

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

မဟာဗႏၶဳလအငွားအိမ္ရာ ေနထိုင္ခြင့္ရရွိသူမ်ား မတ္လ ၁၀ ရက္အထိ ဆက္သြယ္ျခင္း မရွိပါက ေနထိုင္ခြင့္ ဖ်က္သိမ္းမည္

 

 

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္ မဟာဗႏၶဳလ အငွားအိမ္ရာ တိုက္ခန္းေနထိုင္ခြင့္ ရရွိသူမ်ားသည္ ေဖေဖာ္ဝါရီလ ၁၀ ရက္မွ မတ္လ ၁၀ ရက္ေန႔အထိ ေနာက္ဆံုးထား လာေရာက္ဆက္သြယ္ရမည္ျဖစ္ေၾကာင္း မဟာဗႏၶဳလ အငွားအိမ္ရာ အိမ္ခန္းေနရာစိစစ္ခ်ထားေရးႏွင့္ ႀကီးၾကပ္မႈေကာ္မတီက ေၾကညာထားသည္။

 

 

တိုက္ခန္း မဲေပါက္သူမ်ားအေနျဖင့္ မဲေပါက္သည့္စာရြက္၊ မွတ္ပံုတင္မူရင္း/ မိတၱဴ (၄) စံု၊ သန္းေခါင္းစာရင္း မူရင္း/ မိတၱဴ (၄) စံု၊ (၄ လက္မ × ၆ လက္မ) (မတ္တပ္ရပ္ ကိုယ္လုံးပုံ) ဓာတ္ပုံ (၄) ပုံႏွင့္အတူ သတ္မွတ္ထားသည့္ရက္အတြင္း ဒဂုံအေရွ႕စက္မႈဇုန္စီမံခန႔္ခြဲေရး႐ုံး ကေနာင္ခန္းမ၊ အမွတ္ (၂)လမ္းမႀကီးႏွင့္ မဟာဗႏၶဳလလမ္းေထာင့္သို႔ ႐ုံးခ်ိန္အတြင္းလာေရာက္ ဆက္သြယ္ရန္ႏွင့္

 

 

မတ္လ ၁၀ ရက္ေန႔အထိ လာေရာက္ဆက္သြယ္ျခင္းမရွိေသာ အိမ္ခန္းမ်ားကို ေနထိုင္ရန္ စိတ္ဝင္စားျခင္းမရွိသည္ဟု ယူဆကာ အခန္းေနထိုင္ခြင့္အား ဖ်က္သိမ္းမည္ျဖစ္ေၾကာင္း အထက္ပါ ေကာ္မတီီက ေၾကညာထားသည္။

 

 

တိုက္အမွတ္ (၁၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၂၆၊ ၂၈၊ ၃၀၊ ၃၇) မ်ားတြင္ မဲေပါက္၍ အငွားေနထိုင္ခြင့္ရသူမ်ားအား ၂၀၂၀ ျပည့္ႏွစ္ မတ္လ ပထမပတ္မွစတင္၍ တိုက္ခန္းတြင္ ေနထိုင္ခြင့္ရမည္ျဖစ္သည္။

 

 

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့သည့္ မဟာဗႏၶဳလ အငွားအိမ္ရာတြင္ ေနထိုင္ခြင့္ရသူမ်ားသည္ အိမ္လခအျဖစ္ တစ္လလွ်င္ ေငြက်ပ္ ၃၀၀၀၀ ေပးေဆာင္ကာ ေနထိုင္ရမည္ျဖစ္ေၾကာင္း သိရသည္။

 

 

သန္႔ရွင္းေရး လုပ္ငန္းေပါင္း ၃၃ ခုကို ရွာရန္ႏွိပ္ပါ

 

Read 2607 times
Rate this item
(1 Vote)
Tagged under