ဆောက်လုပ်ရေးဝန်ကြီးဌာနက နှစ် ၂ဝစီမံကိန်းဖြင့် တစ်နှစ်လျှင်တန်ဖိုးနည်း/တန်ဖိုးသင့် အိမ်ရာ(၈၀၀၀)ယူနစ် အကောင်အထည်ဖော်မည်

ဆောက်လုပ်ရေးဝန်ကြီးဌာနက နှစ် ၂ဝစီမံကိန်းဖြင့် တစ်နှစ်လျှင်တန်ဖိုးနည်း/တန်ဖိုးသင့် အိမ်ရာ(၈၀၀၀)ယူနစ် အကောင်အထည်ဖော်မည် google

 

 


ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ရာလိုအပ်ချက်များပြားခြင်းကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက နှစ် ၂ဝ စီမံကိန်းရေးဆွဲကာ

 

တစ်နှစ်လျှင်တန်ဖိုးနည်း/တန်ဖိုးသင့် အိမ်ရာ(၈၀၀၀)ယူနစ် ဆောက်လုပ်ရောင်းချပေးရန် လျာထားကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး

 

ဝန်ကြီး၊ ဒေါ်နီလာကျော်ကပြောသည်။

 


ထိုလျာထားချက်များအတိုင်း ဆောင်ရွက်ရာတွင် ဆောက်လုပ်ရာတွင် အိမ်ရာသစ်များ တည်ဆောက်ချိန် ကာလမှာ (၂)နှစ်ခန့်ကြာမြင့်ပြီး နှစ်စဉ်တည်ဆောက်ပြီးစီးသွာ

 

 

းသည့် တန်ဖိုးနည်း/တန်ဖိုးသင့်တိုက်ခန်းများကို အတိုးနှုန်းသက်သာမှုရှိသော JICA ODA Loan အစီအစဉ်ဖြင့် CHID Bank သာမကအခြားပုဂ္ဂလိက Bank

 

 

များကလည်း ODA Loan ဖြင့် အတိုးနှုန်းသက်သာစွာ အိမ်ဝယ်ချေးငွေထုတ်ချေးပေးနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

 


လက်ရှိတွင် Yangon Metropolitan Development Public Co.,ltd ကတာဝန်ယူတည်ဆောက်နေသည့် ကျူးကျော် အိမ်ရာနေပြည်သူများနေထိုင်ရန်အတွက်

 

 

ကျူးကျော်(၂၇၀၀၀)ခန့် ကို တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပေါင်း (၂၂၀၈)ခန်းကို ပြည်သူ့အိမ်ရာစီမံကိန်းများရောင်းချရေး ကော်မတီက စိစစ်ရောင်းချပေးခဲ့ပြီး ဖြစ်သည်။

 

 


တန်ဖိုးနည်းအိမ်ရာများကို အပြီးအပိုင်ရောင်းစနစ်ဖြင့်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ဝင်ငွေနည်းပါးသည့် မိသားစုများကို အိမ်ရာဝယ်ယူခွင့်ရရှိစေရန် CHID Bank မှအိမ်ဝယ်

 

 

ချေးငွေထုတ်ချေးပေးသည့်စနစ်နှင့် ချိတ်ဆက်ရောင်းချ ပေးခဲ့ခြင်းဖြစ်သည်။

 


ဘဏ်ချေးငွေအား (၁၅)နှစ်အရစ်ကျပေးဆပ်နိုင်ရန်စီစဉ်ထားရှိပြီး၊ အတိုးနှုန်း သက်သာမှုရှိစေရန် ဂျပန်နိုင်ငံအစိုးရ၏ ODA Loan ကိုဘဏ်များကချေးငွေရယူပြီး

 

 

တန်ဖိုးနည်းအိမ်ရာ ဝယ်ယူသူများကို အတိုးနှုန်း၈.၅ရာခိုင်နှုန်းဖြင့်ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း ဝန်ကြီးကဆိုသည်။

 


Yangon Metropolitan Development Public Co.,Ltd သည် ကျူးကျော်အိမ်ရာများတွင်နေထိုင်သည့် ပြည်သူများ၏လူမှုစီးပွားရေး ဘဝ မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့်

 

 

လှိုင်သာယာမြို့နယ်နှင့် ဆက်စပ်နေသော ပန်းလှိုင်မြစ်တစ်ဖက်လမ်း တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကွင်းမြေဧက ၂၄၀၀ခန့်တွင် တန်ဖိုးနည်းအိမ်ရာ(၂၆၁၈၂)ယူနစ်

 

ဆောက်လုပ်ပြီး လစဉ်အရစ်ကျပေးဆပ်ရသောစနစ်ဖြင့် ကျူးကျော်အိမ်ရာနေပြည်သူများအား ဦးစီးပေးပြီးတိုက်ခန်းရောင်းချ ပေးသွားရန် စီစဉ်ထားသည်။

 


Yangon Metropolitan Development Public Co.,Ltdသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအားကိုယ်စားပြု၍ ၂၀၁၇ခုနှစ်တွင် မလေးရှားနိုင်ငံ Berjaya Land Co.,Ltdနှင့်

 

 

နားလည်မှု စာချွန်လွှာ MoUနှင့် မူဘောင်သဘောတူညီချက် frame Work Agreement လက်မှတ်ရေး ထိုးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း

 

 

(Feasibility Study) ဆောင်ရွက်ခဲ့ပြီး စီမံကိန်း မြေနေရာ ဧက ၂၄၀၀အား လယ်ယာမြေဥပဒေပုဒ်မ ၃၀(က) လျှောက်ထားရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ပါ ကြောင်း၊

 

 

ယခုအခါ ယင်းစီမံကိန်းကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြခွင့်ပြုချက်ရယူပြီး

 

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်သည်။

 


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ရောင်းချပေးနေသော တန်ဖိုးနည်းအိမ်ရာကျပ် (၆၆)သိန်းမှ ကျပ်(၁၄၅)သိန်းအတွင်း

 

 

တန်ဖိုးရှိသော တိုက်ခန်းများဝယ်ယူရန် မိသားစုဝင်ငွေသတ်မှတ်ချက်မပြည့်မီသူများ၊ အထူးသဖြင့် ကျူးကျော်အိမ်ရာများတွင် နေထိုင်သူများအတွက် နေအိမ်များကို

 

 

၁၄ပေx ၂၅ပေ အရွယ်အစားဖြင့် Community - Led Housing နည်းစနစ်အရဆောက်လုပ်နေရာ ချထားပေးသွားရန် အစီအမံများချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။

 


ပထမဦးစွာရွှေပြည်သာမြို့နယ်၊ သံဒင်း (၄၈) ရပ်ကွက်တွင် Community - Led Housing ပထမ အသုတ်(၂၆၄)လုံး ဆောက်လုပ်ပြီးစီး၍ နေရာချထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊

 

 

ဆက်လက်၍ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံ(တောင်)၊ ဒဂုံ(အရှေ့)နှင့် ရွှေပေါက်ကံတို့တွင် အိမ်ရာယူနစ်(၁၀၀၀၀)စီ၊ စုစုပေါင်းအိမ်ရာယူနစ်(၆၀၀၀၀)အထိ

 

 

ဆောင်ရွက်သွားနိုင်ရန် စီမံကိန်းရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကျပ်သိန်း(၃၀)တန်အိမ်များကို Microfinance ချေးငွေဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊

 

 

အစိုးရကမြေ နေရာပေးပြီး အစိုးရမြေအဖြစ်သာဆက်လက် သတ်မှတ်ထားပြီး နေထိုင်မည့်သူများက Microfinance အစီအစဉ်ဖြင့် ချေးငွေရယူပြီး ဆောက်လုပ်၍နေထိုင် ခြင်း

 

ဖြစ်သည်။

 

 

Myanmar Builders Guide

ေဆာက္လုပ္ေရးဝန္ၾကီးဌာနက ႏွစ္ ၂ဝစီမံကိန္းျဖင့္ တစ္ႏွစ္လွ်င္တန္ဖိုးနည္း/တန္ဖိုးသင့္ အိမ္ရာ(၈၀၀၀)ယူနစ္ အေကာင္အထည္ေဖာ္မည္

 

 


ရန္ကုန္တုိင္းေဒသၾကီးတြင္ အိမ္ရာလုိအပ္ခ်က္မ်ားျပားျခင္းေၾကာင့္ ေဆာက္လုပ္ေရးဝန္ၾကီးဌာနက ႏွစ္ ၂ဝ စီမံကိန္းေရးဆြဲကာ တစ္ႏွစ္လွ်င္တန္ဖိုးနည္း/တန္ဖိုးသင့္ အိမ္

 

ရာ(၈၀၀၀)ယူနစ္ ေဆာက္လုပ္ေရာင္းခ်ေပးရန္ လ်ာထားေၾကာင္း လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး၊ ေဒၚနီလာေက်ာ္ကေျပာသည္။

 

 


ထုိလ်ာထားခ်က္မ်ားအတုိင္း ေဆာင္ရြက္ရာတြင္ ေဆာက္လုပ္ရာတြင္ အိမ္ရာသစ္မ်ား တည္ေဆာက္ခ်ိန္ ကာလမွာ (၂)ႏွစ္ခန္႔ၾကာျမင့္ျပီး ႏွစ္စဥ္တည္ေဆာက္ၿပီးစီးသြားသည့္

 

တန္ဖိုးနည္း/တန္ဖိုးသင့္တိုက္ခန္းမ်ားကို အတိုးႏႈန္းသက္သာမႈရွိေသာ JICA ODA Loan အစီအစဥ္ျဖင့္ CHID Bank သာမကအျခားပုဂၢလိက Bank မ်ားကလည္း

 

 

ODA Loan ျဖင့္ အတိုးႏႈန္းသက္သာစြာ အိမ္ဝယ္ေခ်းေငြထုတ္ေခ်းေပးႏိုင္ရန္ ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္သည္။

 


လက္ရွိတြင္ Yangon Metropolitan Development Public Co.,ltd ကတာဝန္ယူတည္ေဆာက္ေနသည့္ က်ဴးေက်ာ္ အိမ္ရာေနျပည္သူမ်ားေနထိုင္ရန္အတြက္

 

 

က်ဴးေက်ာ္(၂၇၀၀၀)ခန႔္ ကုိ တန္ဖိုးနည္းအိမ္ရာ တိုက္ခန္းေပါင္း (၂၂၀၈)ခန္းကို ျပည္သူ႕အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရး ေကာ္မတီက စိစစ္ေရာင္းခ်ေပးခဲ့ျပီး ျဖစ္သည္။

 

 


တန္ဖုိးနည္းအိမ္ရာမ်ားကုိ အျပီးအပုိင္ေရာင္းစနစ္ျဖင့္ေရာင္းခ်ေပးခဲ့ျခင္းျဖစ္ျပီး ဝင္ေငြနည္းပါးသည့္ မိသားစုမ်ားကုိ အိမ္ရာဝယ္ယူခြင့္ရရွိေစရန္ CHID Bank မွအိမ္ဝယ္

 

 

ေခ်းေငြထုတ္ေခ်းေပးသည့္စနစ္ႏွင့္ ခ်ိတ္ဆက္ေရာင္းခ် ေပးခဲ့ျခင္းျဖစ္သည္။

 


ဘဏ္ေခ်းေငြအား (၁၅)ႏွစ္အရစ္က်ေပးဆပ္ႏိုင္ရန္စီစဥ္ထားရွိၿပီး၊ အတိုးႏႈန္း သက္သာမႈရွိေစရန္ ဂ်ပန္ႏိုင္ငံအစိုးရ၏ ODA Loan ကိုဘဏ္မ်ားကေခ်းေငြရယူၿပီး

 

တန္ဖိုးနည္းအိမ္ရာ ဝယ္ယူသူမ်ားကို အတိုးႏႈန္း၈.၅ရာခိုင္ႏႈန္းျဖင့္ျပန္လည္ထုတ္ေပးလ်က္ရွိေၾကာင္း ဝန္ၾကီးကဆုိသည္။

 


Yangon Metropolitan Development Public Co.,Ltd သည္ က်ဴးေက်ာ္အိမ္ရာမ်ားတြင္ေနထိုင္သည့္ ျပည္သူမ်ား၏လူမႈစီးပြားေရး ဘဝ ျမႇင့္တင္ေပးရန္ရည္႐ြယ္ခ်က္ျဖင့္

 

ႈိင္သာယာၿမိဳ႕နယ္ႏွင့္ ဆက္စပ္ေနေသာ ပန္းလႈိင္ျမစ္တစ္ဖက္လမ္း တြံေတးၿမိဳ႕နယ္၊ ပဒါန္ေရေက်ာ္ကြင္းေျမဧက ၂၄၀၀ခန္႔တြင္ တန္ဖိုးနည္းအိမ္ရာ(၂၆၁၈၂)ယူနစ္

 

 

ေဆာက္လုပ္ၿပီး လစဥ္အရစ္က်ေပးဆပ္ရေသာစနစ္ျဖင့္ က်ဴးေက်ာ္အိမ္ရာေနျပည္သူမ်ားအား ဦးစီးေပးၿပီးတိုက္ခန္းေရာင္းခ် ေပးသြားရန္ စီစဥ္ထားသည္။

 

 

Yangon Metropolitan Development Public Co.,Ltdသည္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအားကိုယ္စားျပဳ၍ ၂၀၁၇ခုႏွစ္တြင္ မေလးရွားႏိုင္ငံ Berjaya Land Co.,Ltdႏွင့္

 

 

နားလည္မႈ စာခြၽန္လႊာ MoUႏွင့္ မူေဘာင္သေဘာတူညီခ်က္ frame Work Agreement လက္မွတ္ေရး ထိုးႏိုင္ခဲ့ပါေၾကာင္း၊ ဆက္လက္၍ စီမံကိန္းျဖစ္ေျမာက္ႏိုင္စြမ္း

 

 

(Feasibility Study) ေဆာင္႐ြက္ခဲ့ၿပီး စီမံကိန္း ေျမေနရာ ဧက ၂၄၀၀အား လယ္ယာေျမဥပေဒပုဒ္မ ၃၀(က) ေလွ်ာက္ထားေရးအတြက္ စီစဥ္ေဆာင္႐ြက္ခဲ့ပါ ေၾကာင္း၊

 

 

ယခုအခါ ယင္းစီမံကိန္းကိုေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက တာဝန္ခံ၍ ျပည္ေထာင္စုအစိုးရအဖြဲ႕သို႔တင္ျပခြင့္ျပဳခ်က္ရယူၿပီး

 

 

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္သို႔ ဆက္လက္တင္ျပ ေဆာင္႐ြက္သြားမည္ျဖစ္သည္။

 


ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕သည္ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက ေဆာက္လုပ္ေရာင္းခ်ေပးေနေသာ တန္ဖိုးနည္းအိမ္ရာက်ပ္ (၆၆)သိန္းမွ က်ပ္(၁၄၅)သိန္းအတြင္း

 

 

တန္ဖိုးရွိေသာ တိုက္ခန္းမ်ားဝယ္ယူရန္ မိသားစုဝင္ေငြသတ္မွတ္ခ်က္မျပည့္မီသူမ်ား၊ အထူးသျဖင့္ က်ဴးေက်ာ္အိမ္ရာမ်ားတြင္ ေနထိုင္သူမ်ားအတြက္ ေနအိမ္မ်ားကို

 

 

၁၄ေပx ၂၅ေပ အ႐ြယ္အစားျဖင့္ Community - Led Housing နည္းစနစ္အရေဆာက္လုပ္ေနရာ ခ်ထားေပးသြားရန္ အစီအမံမ်ားခ်မွတ္ကာ ေဆာင္ရြက္လ်က္ရွိသည္။

 


ပထမဦးစြာေ႐ႊျပည္သာၿမိဳ႕နယ္၊ သံဒင္း (၄၈) ရပ္ကြက္တြင္ Community - Led Housing ပထမ အသုတ္(၂၆၄)လုံး ေဆာက္လုပ္ၿပီးစီး၍ ေနရာခ်ထားေပးခဲ့ၿပီးျဖစ္ပါေၾကာင္း၊

 

 

ဆက္လက္၍ ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ ဒဂုံ(ဆိပ္ကမ္း)၊ ဒဂုံ(ေတာင္)၊ ဒဂုံ(အေရွ႕)ႏွင့္ ေ႐ႊေပါက္ကံတို႔တြင္ အိမ္ရာယူနစ္(၁၀၀၀၀)စီ၊ စုစုေပါင္းအိမ္ရာယူနစ္(၆၀၀၀၀)

 

အထိေဆာင္႐ြက္သြားႏိုင္ရန္ စီမံကိန္းေရးဆြဲထားျခင္းျဖစ္ပါေၾကာင္း၊ အဆိုပါ က်ပ္သိန္း(၃၀)တန္အိမ္မ်ားကို Microfinance ေခ်းေငြျဖင့္ေဆာင္႐ြက္ေနျခင္းျဖစ္ပါေၾကာင္း၊

 

 

အစိုးရကေျမ ေနရာေပးၿပီး အစိုးရေျမအျဖစ္သာဆက္လက္ သတ္မွတ္ထားၿပီး ေနထိုင္မည့္သူမ်ားက Microfinance အစီအစဥ္ျဖင့္ ေခ်းေငြရယူၿပီး ေဆာက္လုပ္၍ေနထိုင္

 

ျခင္းျဖစ္သည္။

Read 2787 times
Rate this item
(0 votes)