နေပြည်တော်တွင် တည်ဆောက်နေသည့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်း သတ်မှတ်ချိန်အတွင်း ပြီးစီးမည်

နေပြည်တော်တွင် တည်ဆောက်နေသည့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်း သတ်မှတ်ချိန်အတွင်း ပြီးစီးမည် google


နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မြို့ပတ်လမ်းနှင့် ရတနာမဉ္ဇူလမ်းကြားရှိ

 

 

တည်ဆောက်နေသည့် တိုက်ခန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရန်ဆောက်ရွက်လျက်ရှိကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ

 

 

ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကပြောသည်။

 


အိမ်ပိုင်မရှိဘဲ နေစရာအခက်အခဲဖြစ်နေသည့် အငြိမ်းစားဝန်ထမ်းများအတွက် ယခုဘဏ္ဍာနှစ်အတွင်း အိမ်ရာများ ငှားရမ်းပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး

 

 

ဌာနမှ ဇန်နဝါရီ ၁၈ ရက်ကထုတ်ပြန်ခဲ့သည်။

 


နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင်‌့ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီ ၏ကြီးကြပ်မှုဖြင်‌့ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မြို့ပတ်လမ်းနှင်‌့

 

 

ရတနာမဉ္ဇူလမ်းကြားရှိ မြေဧရိယာ ၃၂ ဧကပေါ်တွင် ၁၂ ခန်းတွဲငါးထပ် အဆောက်အအုံ ငါးလုံး၊ အခန်းပေါင်း ၃ဝဝ တည်ဆောက်ပြီးစီးနေပြီဖြစ်၍

 

 

အငြိမ်းစားယူပြီးသည့် ဝန်ထမ်း များအနက် သတ်မှတ်ချက်များနှင်‌့ ကိုက်ညီသူများကို အငှားချထား ပေးမည်ဖြစ်သည်။

 

 


သတ်မှတ်ချက်တွင် အိမ်ပိုင်မရှိဘဲ နေထိုင်စရာအခက်အခဲရှိသူ၊ သတ်မှတ်ငှားရမ်းခအား ပေးဆောင်နိုင် သည့် လစာဝင်ငွေရှိသူ၊ နေပြည်တော်တွင်

 

 

ကိုယ်ပိုင်နေအိမ်မရှိသည့်အပြင် အခြေချနေ ထိုင်လိုသူ၊ ၂ဝ၁၉ ခုနှစ်အတွင်း အငြိမ်းစားယူခဲ့ပြီးသော (သို့မဟုတ်) ၂ဝ၂ဝ ပြည့်နှစ် အတွင်းအငြိမ်းစားယူမည့်

 

 

အမှုထမ်းများအား ဦးစားပေးမည်ဖြစ်သည်။

 

 


ထို့ပြင် အငြိမ်းစားလစာငွေ နည်းပါးသူ (ဦးစီးအရာရှိအောက်) အမှုထမ်း၊ ကျန်းမာ ရေးချို့တဲ့သူနှင့် စောင့်ရှောက်မည့် ဆွေမျိုးမရှိသူတို့ကိုလည်း ဦးစားပေးမည်ဖြစ်ကြောင်း၊

 

 

အငှားချထားခံရသူနှင့်¤င်း၏ ဇနီး (သို့မဟုတ်) ခင်ပွန်းကွယ်လွန်ပါက အခန်းအား ပြန် လည်အပ်နှံရမည်ဖြစ်ပြီး ကိုယ်တိုင်နေထိုင်ခြင်းမရှိပါက အခန်းအား

 

 

ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်း၊ ငှားရမ်းခများကို ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင် ရမည်ဖြစ်သည်။

 


နှစ်စဉ် နိုင်ငံ့ဝန်ထမ်းလေးသောင်းနီးပါး အငြိမ်းစားယူပြီး ယင်းလေးသောင်းအနက်မှ အမှန်တကယ် နေထိုင်ရန် အခက်အခဲရှိသူများကို ဦးစားပေးကာ

 

 

ရွေးချယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ကပြောသည်။

 


မြေဧရိယာ ၃၂ ဧကပေါ်တွင် ၁၂ ခန်းတွဲငါးထပ် အဆောက်အအုံ ငါးလုံး၊ အခန်းပေါင်း ၃ဝဝကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်က တာဝန်ယူ

 

 

တည်ဆောက်နေခြင်း ဖြစ်သည်။

 

Myanmar Builders Guide

 

ေနျပည္ေတာ္တြင္ တည္ေဆာက္ေနသည့္ ႏုိင္ငံ့ဝန္ထမ္းအငွားအိမ္ရာစီမံကိန္း သတ္မွတ္ခ်ိန္အတြင္း ျပီးစီးမည္

 


ႏုိင္ငံ့ဝန္ထမ္းအငွားအိမ္ရာ တည္ေဆာက္ေရးဦးစီးေကာ္မတီက ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဒကၡိဏသီရိၿမိဳ႕နယ္ ၿမိဳ႕ပတ္လမ္းနွင့္ ရတနာမၪၨဴလမ္းၾကားရွိ

 

 

တည္ေဆာက္ေနသည့္ တုိက္ခန္းမ်ားကုိ သတ္မွတ္ခ်ိန္အတြင္း ျပီးစီးႏုိင္ရန္ေဆာက္ရြက္လ်က္ရွိေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ

 

 

ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးကေျပာသည္။

 


အိမ္ပိုင္မရွိဘဲ ေနစရာအခက္အခဲျဖစ္ေနသည့္ အၿငိမ္းစားဝန္ထမ္းမ်ားအတြက္ ယခုဘ႑ာႏွစ္အတြင္း အိမ္ရာမ်ား ငွားရမ္းေပးမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီး

 

 

ဌာနမွ ဇန္နဝါရီ ၁၈ ရက္ကထုတ္ျပန္ခဲ့သည္။

 


ႏိုင္ငံ့ဝန္ထမ္းအိမ္ရာႏွင္‌့ ႏိုင္ငံ့ဝန္ထမ္းအငွားအိမ္ရာ တည္ေဆာက္ေရးဦးစီးေကာ္မတီ ၏ႀကီးၾကပ္မႈျဖင္‌့ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဒကၡိဏသီရိၿမိဳ႕နယ္ ၿမိဳ႕ပတ္လမ္းႏွင္‌့

 

 

ရတနာမၪၨဴလမ္းၾကားရွိ ေျမဧရိယာ ၃၂ ဧကေပၚတြင္ ၁၂ ခန္းတြဲငါးထပ္ အေဆာက္အအုံ ငါးလုံး၊ အခန္းေပါင္း ၃ဝဝ တည္ေဆာက္ၿပီးစီးေနၿပီျဖစ္၍ အၿငိမ္းစားယူၿပီးသည့္

 

 

ဝန္ထမ္း မ်ားအနက္ သတ္မွတ္ခ်က္မ်ားႏွင္‌့ ကိုက္ညီသူမ်ားကို အငွားခ်ထား ေပးမည္ျဖစ္သည္။

 


သတ္မွတ္ခ်က္တြင္ အိမ္ပိုင္မရွိဘဲ ေနထိုင္စရာအခက္အခဲရွိသူ၊ သတ္မွတ္ငွားရမ္းခအား ေပးေဆာင္ႏိုင္ သည့္ လစာဝင္ေငြရွိသူ၊ ေနျပည္ေတာ္တြင္

 

ကိုယ္ပိုင္ေနအိမ္မရွိသည့္အျပင္ အေျခခ်ေန ထိုင္လိုသူ၊ ၂ဝ၁၉ ခုႏွစ္အတြင္း အၿငိမ္းစားယူခဲ့ၿပီးေသာ (သို႔မဟုတ္) ၂ဝ၂ဝ ျပည့္ႏွစ္ အတြင္းအၿငိမ္းစားယူမည့္

 

 

အမႈထမ္းမ်ားအား ဦးစားေပးမည္ျဖစ္သည္။

 


ထို႔ျပင္ အၿငိမ္းစားလစာေငြ နည္းပါးသူ (ဦးစီးအရာရွိေအာက္) အမႈထမ္း၊ က်န္းမာ ေရးခ်ိဳ႕တဲ့သူႏွင့္ ေစာင့္ေရွာက္မည့္ ေဆြမ်ိဳးမရွိသူတို႔ကိုလည္း ဦးစားေပးမည္ျဖစ္ေၾကာင္း၊

 

အငွားခ်ထားခံရသူႏွင့္¤င္း၏ ဇနီး (သို႔မဟုတ္) ခင္ပြန္းကြယ္လြန္ပါက အခန္းအား ျပန္ လည္အပ္ႏွံရမည္ျဖစ္ၿပီး ကိုယ္တိုင္ေနထိုင္ျခင္းမရွိပါက အခန္းအား ျပန္လည္သိမ္းယူမည္

 

 

ျဖစ္ေၾကာင္း၊ ငွားရမ္းခမ်ားကို ငါးႏွစ္တစ္ႀကိမ္ ျပန္လည္သုံးသပ္ျပင္ဆင္ ရမည္ျဖစ္သည္။

 


ႏွစ္စဥ္ ႏုိင္ငံ့ဝန္ထမ္းေလးေသာင္းနီးပါး အျငိမ္းစားယူျပီး ယင္းေလးေသာင္းအနက္မွ အမွန္တကယ္ ေနထုိင္ရန္ အခက္အခဲရွိသူမ်ားကုိ ဦးစားေပးကာ ေရြးခ်ယ္ထားေၾကာင္း

 

 

ေဆာက္လုပ္ေရးဝန္ၾကီးဌာန တာဝန္ရွိသူတစ္ဦး ကေျပာသည္။

 


ေျမဧရိယာ ၃၂ ဧကေပၚတြင္ ၁၂ ခန္းတြဲငါးထပ္ အေဆာက္အအုံ ငါးလုံး၊ အခန္းေပါင္း ၃ဝဝကုိ ျမန္မာႏုိင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္က

 

 

တာဝန္ယူတည္ေဆာက္ေနျခင္း ျဖစ္သည္။

Read 1268 times
Rate this item
(0 votes)

Related items