ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ချင်းပြည်နယ် စစ်ပြေးရှောင်ပြည်သူများ နေထိုင်ရန် နေအိမ် အလုံး ၅၀ ဆောက်လုပ်ပေးနေ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ချင်းပြည်နယ် စစ်ပြေးရှောင်ပြည်သူများ နေထိုင်ရန် နေအိမ် အလုံး ၅၀ ဆောက်လုပ်ပေးနေ google

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AA အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်ရှောင်နေသူများ အခြေချနေထိုင်နိုင်ရန်အတွက် ဆောက်လုပ်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

 

ချင်းပြည်နယ် ထန်တလန်မြို့နယ် သီးကီရ်ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူများနေထိုင်နိုင်ရန်အတွက် (၂၄ ပေ× ၂၄ ပေ ထ ၁၀ ပေ) အတိုင်းအတာရှိ နေအိမ် အလုံး(၅၀) ကို ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းမှ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

 

 

ထိုနေအိမ်များကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၅) ရက်နေ့က စတင်တည်ဆောက်ခဲ့ကြဖြစ်ပြီး လက်ရှိအချိန်တွင် (၆၀) ရာခိုင်နှုန်းခန့် တည်ဆောက်မှုပြီးစီးနေပြီဟု သိရသည်။

 

 

နေအိမ်အလုံး (၅၀) အတွက် တစ်အိမ်လျှင် (၆၅) သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်ငွေသိန်း (၃၀၀၀) ကျော် လျာထားလျက်ပြီး လာမည့်မတ်လဆန်းပိုင်းတွင် ပြောင်းရွှေ့အခြေချနေထိုင်နိုင်ရန် ခန့်မှန်းထားသည်ဟု ဒေါ်ခင်ကြည်ဖောင်ဒင်းရှင်း၏ အမှုဆောင်ညွှန်ကြားရေးမှူးကပြောသည်။

 

 

“သူတို့ရောက်ခါစတုန်းက စားဖို့သောက်ဖို့ ထောက်ပံ့တဲ့အစီအစဉ်ရှိတယ် အဲဒါရယ်နေဖို့ထိုင်ဖို့ရယ် အဲလောက်ပဲပေးနိုင်သေးတယ်။ တကယ်လို့သူတို့မှာ စိုက်ပျိုးရေးစိတ်ဝင်စားရင် ကုန်းမြင့်လယ်ယာ ဧက (၃၅၀) ကျော်လောက် ဖော်ထားတာရှိတယ်။ ဒါလည်းရေလည်းသွယ်ပြီးသားဆိုတော့ ဒါလေးတွေကလည်း သူတို့အသက်မွေးဝမ်းကြောင်းအတွက် အဆင်ပြေမှာပါ။

 

 

ဒါလေးတွေက သူတို့ နှစ်တိုပင်လေးတွေ စိုက်ပြီးတော့ ဆောင်ရွက်လို့ရပါတယ်။ သူတို့လုပ်ချင်တဲ့စိတ်ရှိရင် လုပ်တော့လုပ်မှာပေါ့နော် အဲဒါတွေရှိတယ်” ဟု လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

 

 

အိမ်လုံး ၅၀ အတွက် လျှပ်စစ်မီးရရှိနိုင်ရေး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆိုလာများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းမွ ခ်င္းျပည္နယ္ စစ္ေျပးေရွာင္ျပည္သူမ်ား ေနထုိင္ရန္ ေနအိမ္ အလံုး ၅၀ ေဆာက္လုပ္ေပးေန

 

 

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ AA အၾကားတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ေနရပ္စြန္႔ခြာ၍ စစ္ေဘးတိမ္ေရွာင္ေနသူမ်ား အေျခခ်ေနထိုင္ႏိုင္ရန္အတြက္ ေဆာက္လုပ္ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

 

 

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္ သီးကီရ္ေက်းရြာတြင္ စစ္ေဘးေရွာင္ျပည္သူမ်ားေနထို္င္ႏိုင္ရန္အတြက္ (၂၄ ေပ× ၂၄ ေပ ထ ၁၀ ေပ) အတိုင္းအတာရွိ ေနအိမ္ အလံုး(၅၀) ကို ေဒၚခင္ၾကည္ေဖာင္းေဒးရွင္းမွ တည္ေဆာက္ေပးခဲ့ျခင္း ျဖစ္သည္။

 

 

ထိုေနအိမ္မ်ားကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ (၁၅) ရက္ေန႔က စတင္တည္ေဆာက္ခဲ့ၾကျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ (၆၀) ရာခိုင္ႏႈန္းခန႔္ တည္ေဆာက္မႈၿပီးစီးေနၿပီဟု သိရသည္။

 


ေနအိမ္အလုံး (၅၀) အတြက္ တစ္အိမ္လွ်င္ (၆၅) သိန္းႏႈန္းျဖင့္ စုစုေပါင္းက်ပ္ေငြသိန္း (၃၀၀၀) ေက်ာ္ လ်ာထားလ်က္ၿပီး လာမည့္မတ္လဆန္းပိုင္းတြင္ ေျပာင္းေ႐ႊ႕အေျခခ်ေနထိုင္ႏိုင္ရန္ ခန႔္မွန္းထားသည္ဟု ေဒၚခင္ၾကည္ေဖာင္ဒင္းရွင္း၏ အမႈေဆာင္ၫႊန္ၾကားေရးမွဴးကေျပာသည္။

 

 

“သူတို႔ေရာက္ခါစတုန္းက စားဖို႔ေသာက္ဖို႔ ေထာက္ပံ့တဲ့အစီအစဥ္ရွိတယ္ အဲဒါရယ္ေနဖို႔ထိုင္ဖို႔ရယ္ အဲေလာက္ပဲေပးႏိုင္ေသးတယ္။ တကယ္လို႔သူတို႔မွာ စိုက္ပ်ိဳးေရးစိတ္ဝင္စားရင္ ကုန္းျမင့္လယ္ယာ ဧက (၃၅၀) ေက်ာ္ေလာက္ ေဖာ္ထားတာရွိတယ္။ ဒါလည္းေရလည္းသြယ္ၿပီးသားဆိုေတာ့ ဒါေလးေတြကလည္း သူတို႔အသက္ေမြးဝမ္းေၾကာင္းအတြက္ အဆင္ေျပမွာပါ။

 

 

ဒါေလးေတြက သူတို႔ ႏွစ္တိုပင္ေလးေတြ စိုက္ၿပီးေတာ့ ေဆာင္႐ြက္လို႔ရပါတယ္။ သူတို႔လုပ္ခ်င္တဲ့စိတ္ရွိရင္ လုပ္ေတာ့လုပ္မွာေပါ့ေနာ္ အဲဒါေတြရွိတယ္” ဟု လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

 

 

အိမ္လံုး ၅၀ အတြက္ လွ်ပ္စစ္မီးရရွိႏိုင္ေရး ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ဆိုလာမ်ား ေထာက္ပ့ံေပးမည္ ျဖစ္ေၾကာင္း သိရသည္။

 

Read 300 times Last modified on Thursday, 30 January 2020 16:35
Rate this item
(0 votes)
Tagged under