ဒက္ခိဏသီရိမြို့ရှိ မြေကွက် လျှောက်ထားသူများကို မဲနှိုက်ရောင်းချပေးမည်

ဒက္ခိဏသီရိမြို့ရှိ မြေကွက် လျှောက်ထားသူများကို မဲနှိုက်ရောင်းချပေးမည် google

နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ ပေ (၈ဝ×၈ဝ) မြေကွက်အား ဝယ်ယူရန် လျှောက်ထားသူ (၃၂၇) ဦးရှိ၍ ၎င်းတို့ကို မဲစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ မြေကွက်များကို ယခင်က မြေတန်ဖိုး ငွေကျပ်သိန်း (၃၅ဝ) သတ်မှတ်ထားရာ ယခု ငွေကျပ်သိန်း (၂၅ဝ) ကျပ်ဖြင့် (၈ဝ×၈ဝ) မြေကွက် ၁၉၇ ကွက်ကို ရောင်းချရန် ဖြစ်သည်။

 

 

မြေကွက်လျှောက်ထားသူ (၃၂၇) ဦးသည် နေပြည်တော်စည်ပင်သာယာရေး၏ ဝက်ဘ်ဆိုက်ဖြစ်သော www.nptdc.gov.mmနှင့် NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ Facebook page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။

 

No photo description available. 

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

No photo description available.

ဇန်နဝါရီလ ၁ဝ ရက် နံနက် ၁ဝ နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မင်္ဂလာခန်းမတွင် မဲနှိုက်ရွေးချယ်သွားမည် ဖြစ်သည်။

 

 

လာရောက်မကြည့်ရှုနိုင်သူများအတွက် NPTDC Webportal - နေပြည်တော်စည်ပင်သာယာရေးကော်မတီ Facebook page တွင်လည်း Live ထုတ်လွင့်ပြသပေးမည် ဖြစ်ကြောင်း သိရသည်။

 

 

ယခုမဲနှိုက်ရာတွင် မဲမပေါက်သူများအတွက် ဒုတိယအကြိမ် မြေကွက်များထပ်မံ ရောင်းချမည့် အစီအစဉ်တွင် ထည့်သွင်းပေးမည်ဖြစ်ပြီး ယင်းအစီအစဉ်အား ကြိုတင်ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာပုံစံနှင့်အတူ ရောင်းချမည့် မြေကွက်အမှတ်နှင့် တည်နေရာများကို ကော်မတီ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမည်ဖြစ်ပြီး လျှောက်လွှာ ဝယ်ယူရန်မလိုကြောင်း ကြေညာထားသည်။ လျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်၊ ခြောက်လအတွင်းရိုက်ကူးထားသည့် ပတ်စပို့အရွယ်ရောင်စုံလိုင်စင်ဓာတ်ပုံနှစ်ပုံ ပူးတွဲပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

မြေကွက်ဝယ်ယူချင်သူများအနေဖြင့် အမှန်တကယ်အိမ်ဆောက်နေထိုင်လိုသည့် သူများဖြစ်ရမည်ဖြစ်ပြီး လျှောက်ထားသူတစ်ဦးလျှင် မြေကွက်တစ်ကွက်ကိုသာ လျှောက်ထားနိုင်မည်ဖြစ်သည်။

 

 

မြေကွက်ဝယ်ယူခွင့်ရရှိသူများအနေဖြင့် နေအိမ်ဆောက်လုပ်ပြီးမှသာ နှစ် ၃ဝမြေငှားဂရန်ကို ထုတ်ပေးမည်ဖြစ် သည်။မြေကွက်အားဝယ်ယူသူများအနေဖြင့် သတ်မှတ်ထားသည့် မြေကွက်နှုန်းထားကို တစ်ကြိမ်တည်း အပြတ် ပေးသွင်းရမည်ဖြစ်သည်။

 

 

မြေကွက်စတင်ချထားသည့်ရက်မှ ခြောက်လအတွင်း ခြံစည်းရိုးခတ်ခြင်း၊တစ်နှစ်အတွင်း လူနေအိမ်အပြီး ဆောက် လုပ်ရမည် ဖြစ်သည်။ နေအိမ်ဆောက်လုပ်ခြင်းမရှိပါက မြေတန်ဖိုးကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပဲ မြေကွက်ကို ကော်မတီက ပြန်လည်သိမ်းယူမည်ဖြစ်သည်။

 

 

ခြံစည်းရိုးခတ်ခြင်း၊နေအိမ်ဆောက်လုပ်ခြင်းကို အင်ဂျင်နီယာဌာန (အဆောက်အအုံ) ခွင့်ပြုချက်ယူ ဆောင်ရွက်မည် ဖြစ်သည်။

 

Myanmar Builders Guide

 

---Zawgyi---

 

ဒကၡိဏသီရိၿမိဳ႕ရွိ ေျမကြက္ ေလွ်ာက္ထားသူမ်ားကို မဲႏိႈက္ေရာင္းခ်ေပးမည္

 

 

ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕ရွိ ေပ (၈ဝ×၈ဝ) ေျမကြက္အား ဝယ္ယူရန္ ေလွ်ာက္ထားသူ (၃၂၇) ဦးရွိ၍ ၎တို႔ကို မဲစနစ္ျဖင့္ ေရာင္းခ်သြားမည္ ျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါ ေျမကြက္မ်ားကို ယခင္က ေျမတန္ဖိုး ေငြက်ပ္သိန္း (၃၅ဝ) သတ္မွတ္ထားရာ ယခု ေငြက်ပ္သိန္း (၂၅ဝ) က်ပ္ျဖင့္ (၈ဝ×၈ဝ) ေျမကြက္ ၁၉၇ ကြက္ကို ေရာင္းခ်ရန္ ျဖစ္သည္။

 

 

ေျမကြက္ေလွ်ာက္ထားသူ (၃၂၇) ဦးသည္ ေနျပည္ေတာ္စည္ပင္သာယာေရး၏ ဝက္ဘ္ဆိုက္ျဖစ္ေသာ www.nptdc.gov.mmႏွင့္ NPTDC Webportal - ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ Facebook page တြင္လည္း ဝင္ေရာက္ၾကည့္ရႈႏိုင္သည္။

 

 

ဇန္နဝါရီလ ၁ဝ ရက္ နံနက္္ ၁ဝ နာရီတြင္ ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာ္မတီ မဂၤလာခန္းမတြင္ မဲႏိႈက္ေရြးခ်ယ္သြားမည္ ျဖစ္သည္။

 

 

လာေရာက္မၾကည့္ရႈႏိုင္သူမ်ားအတြက္ NPTDC Webportal - ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ Facebook page တြင္လည္း Live ထုတ္လြင့္ျပသေပးမည္ ျဖစ္ေၾကာင္း သိရသည္။

 

 

ယခုမဲႏႈိက္ရာတြင္ မဲမေပါက္သူမ်ားအတြက္ ဒုတိယအႀကိမ္ ေျမကြက္မ်ားထပ္မံ ေရာင္းခ်မည့္ အစီအစဥ္တြင္ ထည့္သြင္းေပးမည္ျဖစ္ၿပီး ယင္းအစီအစဥ္အား ႀကိဳတင္ထုတ္ျပန္ေၾကညာေပးမည္ျဖစ္ေၾကာင္း သိရသည္။

 

 

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ေလွ်ာက္လႊာပုံစံႏွင့္အတူ ေရာင္းခ်မည့္ ေျမကြက္အမွတ္ႏွင့္ တည္ေနရာမ်ားကို ေကာ္မတီ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားမည္ျဖစ္ၿပီး ေလွ်ာက္လႊာ ဝယ္ယူရန္မလိုေၾကာင္း ေၾကညာထားသည္။ ေလွ်ာက္လႊာႏွင့္အတူ ႏိုင္ငံသားစိစစ္ေရးကတ္မိတၱဴ၊ အိမ္ေထာင္စုလူဦးေရ စာရင္းမိတၱဴ၊ သက္ဆိုင္ရာရပ္ကြက္/ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး၏ အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း ေထာက္ခံခ်က္၊ သက္ဆိုင္ရာရဲစခန္း၏ ျပစ္မႈကင္းရွင္းေၾကာင္းေထာက္ခံခ်က္၊ ေျခာက္လအတြင္း႐ိုက္ကူးထားသည့္ ပတ္စပို႔အ႐ြယ္ေရာင္စုံလိုင္စင္ဓာတ္ပုံႏွစ္ပုံ ပူးတြဲေပးရမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

 

 

ေျမကြက္ဝယ္ယူခ်င္သူမ်ားအေနျဖင့္ အမွန္တကယ္အိမ္ေဆာက္ေနထုိင္လုိသည့္ သူမ်ားျဖစ္ရမည္ျဖစ္ျပီး ေလွ်ာက္ထားသူတစ္ဦးလွ်င္ ေျမကြက္တစ္ကြက္ကုိသာ ေလွ်ာက္ထားႏုိင္မည္ျဖစ္သည္။

 

 

ေျမကြက္ဝယ္ယူခြင့္ရရွိသူမ်ားအေနျဖင့္ ေနအိမ္ေဆာက္လုပ္ျပီးမွသာ ႏွစ္ ၃ဝေျမငွားဂရန္ကုိ ထုတ္ေပးမည္ျဖစ္ သည္။ေျမကြက္အားဝယ္ယူသူမ်ားအေနျဖင့္ သတ္မွတ္ထားသည့္ ေျမကြက္ႏႈန္းထားကုိ တစ္ၾကိမ္တည္း အျပတ္ ေပးသြင္းရမည္ျဖစ္သည္။

 

 

ေျမကြက္စတင္ခ်ထားသည့္ရက္မွ ေျခာက္လအတြင္း ျခံစည္းရုိးခတ္ျခင္း၊တစ္ႏွစ္အတြင္း လူေနအိမ္အျပီး ေဆာက္ လုပ္ရမည္ ျဖစ္သည္။ ေနအိမ္ေဆာက္လုပ္ျခင္းမရွိပါက ေျမတန္ဖုိးကုိ ျပန္လည္ထုတ္ေပးမည္ မဟုတ္ပဲ ေျမကြက္ကုိ ေကာ္မတီက ျပန္လည္သိမ္းယူမည္ျဖစ္သည္။

 

 

ျခံစည္းရုိးခတ္ျခင္း၊ေနအိမ္ေဆာက္လုပ္ျခင္းကုိ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ) ခြင့္ျပဳခ်က္ယူ ေဆာင္ရြက္မည္ ျဖစ္သည္။

Read 399 times Last modified on Monday, 03 February 2020 16:46
Rate this item
(0 votes)
Tagged under