အရစ်ကျပေးသွင်းခြင်းကို ၈ နှစ်အထိ ထပ်မံတိုးမြှင့်ပေးလိုက်တဲ့ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ

အရစ်ကျပေးသွင်းခြင်းကို ၈ နှစ်အထိ ထပ်မံတိုးမြှင့်ပေးလိုက်တဲ့ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ google

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ အရစ်ကျဝယ်ယူမှုကို ချေးငွေသက်တမ်း ယခင် ၄ နှစ်အစား ယခု ၈ နှစ်အထိ တိုးမြင့်ထားသည်။

 

ရောင်းချမည့် အခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHID BANK) နှင့်ချိတ်ဆက်ကာ ဝယ်ယူနိုင်သည်ဟု သိရသည်။

 

 

အဆိုပါ တိုက်ခန်းများကို ကနဦး ပေးသွင်းငွေ ၃ဝ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေများကို ၈ နှစ်အတွင်း အရစ်ကျပေးသွင်းရမည် ဖြစ်သည်။

 

 

တိုက်ခန်းတန်ဖိုး ငွေကျပ်သိန်း (၁၂ဝ) ကျသင့်မည်ဆိုလျှင် ကနဦးငွေ ၃ဝ ရာခိုင်နှုန်း ငွေကျပ် ၃၆ သိန်း ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေ ၇ဝ ရာခိုင်နှုန်းကို ဘဏ်က ထုတ်ချေးပေးမည် ဖြစ်သည်ဟု သိရသည်။

 

 

တိုက်ခန်း ဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ရေးဘဏ်ဖြင့် ချိတ်ဆက်ကာ ရောင်းချမည့် ကုမ္ပဏီနှင့် စာရင်းရှင်ဖွင့်ကာ အရောင်းကုမ္ပဏီ၊ ဝယ်ယူသူနှင့် ဘဏ်တို့ စာချုပ်ချုပ်ဆိုရမည် ဖြစ်သည်။

 

 

ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာစီမံကိန်း အပိုင်း (၁) ရှိ တိုက်ခန်းများကို မြေညီထပ် ငွေကျပ်သိန်း (၁၂ဝ)၊ ပထမထပ် ငွေကျပ်သိန်း (၁၁၅) ၊ ဒုတိယထပ် ငွေကျပ်သိန်း (၁၂၂)၊ တတိယထပ် ငွေကျပ်သိန်း (၁၁၆) ဖြင့် သတ်မှတ်ရောင်းချခဲ့သည်။

 

Myanmar Builders Guide

 

---Zawgyi---

 

အရစ္က်ေပးသြင္းျခင္းကို ၈ ႏွစ္အထိ ထပ္မံတိုးျမွင့္ေပးလုိက္တဲ့ ေရႊလင္ဗန္းတန္ဖုိးနည္းအိမ္ရာ

 

 

ရန္ကုန္ၿမိဳ႕ လိႈင္သာယာၿမိဳ႕နယ္ရွိ ေရႊလင္ပန္း တန္ဖိုးနည္းအိမ္ရာ အရစ္က်ဝယ္ယူမႈကို ေခ်းေငြသက္တမ္း ယခင္ ၄ ႏွစ္အစား ယခု ၈ ႏွစ္အထိ တိုးျမင့္ထားသည္။

 

 

ေရာင္းခ်မည့္ အခန္းမ်ားကို ေဆာက္လုပ္ေရးႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဘဏ္ (CHID BANK) ႏွင့္ခိ်တ္ဆက္ကာ ဝယ္ယူႏိုင္သည္ဟု သိရသည္။

 

 

အဆိုပါ တိုက္ခန္းမ်ားကုိ ကနဦး ေပးသြင္းေငြ ၃ဝ ရာခိုင္ႏႈန္း ေပးသြင္းရမည္ျဖစ္ၿပီး က်န္ေငြမ်ားကို ၈ ႏွစ္အတြင္း အရစ္က်ေပးသြင္းရမည္ ျဖစ္သည္။

 

 

တိုက္ခန္းတန္ဖိုး ေငြက်ပ္သိန္း (၁၂ဝ) က်သင့္မည္ဆိုလွ်င္ ကနဦးေငြ ၃ဝ ရာခိုင္ႏႈန္း ေငြက်ပ္ ၃၆ သိန္း ေပးသြင္းရမည္ျဖစ္ၿပီး က်န္ေငြ ၇ဝ ရာခို္င္ႏႈန္းကို ဘဏ္က ထုတ္ေခ်းေပးမည္ ျဖစ္သည္ဟု သိရသည္။

 

 

တိုက္ခန္း ဝယ္ယူလိုသူမ်ားအေနျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ေဆာက္လုပ္ေရးႏွင့္ အိမ္ရာဖြံ႕ေရးဘဏ္ျဖင့္ ခ်ိတ္ဆက္ကာ ေရာင္းခ်မည့္ ကုမၸဏီႏွင့္ စာရင္းရွင္ဖြင့္ကာ အေရာင္းကုမၸဏီ၊ ဝယ္ယူသူႏွင့္ ဘဏ္တို႔ စာခ်ဳပ္ခ်ဳပ္ဆိုရမည္ ျဖစ္သည္။

 

 

ေရႊလင္ပန္း တန္ဖိုးနည္း အိမ္ရာစီမံကိန္း အပိုင္း (၁) ရွိ တိုက္ခန္းမ်ားကို ေျမညီထပ္ ေငြက်ပ္သိန္း (၁၂ဝ)၊ ပထမထပ္ ေငြက်ပ္သိန္း (၁၁၅) ၊ ဒုတိယထပ္ ေငြက်ပ္သိန္း (၁၂၂)၊ တတိယထပ္ ေငြက်ပ္သိန္း (၁၁၆) ျဖင့္ သတ္မွတ္ေရာင္းခ်ခဲ့သည္။

Read 561 times Last modified on Monday, 03 February 2020 16:47
Rate this item
(0 votes)