၁၅ နှစ်အရစ်ကျတန်ဖိုးမျှအိမ်ရာစီမံကိန်း ပဲခူးတွင်အကေင်အထည်ဖော် ဆောင်ရွက်မည်

၁၅ နှစ်အရစ်ကျတန်ဖိုးမျှအိမ်ရာစီမံကိန်း ပဲခူးတွင်အကေင်အထည်ဖော် ဆောင်ရွက်မည် Bago Region Government

 ၁၅ နှစ်အရစ်ကျစနစ်ဖြင့် အိမ်ခန်းပိုင်နိုင်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ကိုပဲခူးတွင် ဆောက်လုပ်နိုင်ရန်အတွက် Pride Myanmar Development (PMD) Co., Ltd မှ Chairman ဦးမင်းကျော်စန်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ဒီဇင်ဘာလ(၁၈)ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်တင်ပြခဲ့ကြောင်း သိရသည်။

 

''ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြအိမ်ရာတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးမြို့ပြဖွံ့ဖြိုးတိုးတက် ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ အဓိကအားဖြင့် လူဦးရေ တိုးတက်များပြားလာခြင်း နှင့်အတူ အိုးအိမ်လိုအပ်မှုလည်း ဖြစ်ပေါ်လာနိုင်မှာဖြစ်ပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။

 

 

အဆိုပါ တန်ဖိုးမျှတအိမ်ရာအတွက် အကျယ် ၈၀၀ စတုရန်းပေရှိ အခန်းတစ်ခန်းကို တစ်လလျှင် ငွေ၂၂၆၀၀ဝ ကျပ်အဖြစ်လည်းကောင်း၊ အကျယ် ၆၀၀ စတုရန်းပေရှိ အခန်းတစ်ခန်းကို တစ်လလျှင် ငွေ ၁၉၈၀၀ဝ ကျပ်အဖြစ်လည်းကောင်း၊

 

 

အကျယ် ၃၂၄ စတုရန်းပေရှိ အခန်းတစ်ခန်းကို တစ်လလျှင် ငွေ ၉၅၀၀ဝ ကျပ် အဖြစ်လည်းကောင်း ပေးသွင်းသွားရမည် ဖြစ်ပြီး ၁၅ နှစ်ကြာသည့်အခါ အခန်းပိုင်ဆိုင်ခွင့်ရမည် ဖြစ်ကြောင်း ၊ ကြိုတင်ငွေ ပေးသွင်းရန်မလိုကြောင်းလည်းသိရသည်။

 

 

Myanmar Builders Guide

---Zawgyi---

 

 

၁၅ ႏွစ္အရစ္က်တန္ဖိုးမွ်အိမ္ရာစီမံကိန္း ပဲခူးတြင္အေကင္အထည္ေဖာ္ ေဆာင္႐ြက္မည္

 

 

၁၅ ႏွစ္အရစ္က်စနစ္ျဖင့္ အိမ္ခန္းပိုင္ႏိုင္မည့္ တန္ဖိုးနည္း၊ တန္ဖိုးသင့္၊ တန္ဖိုးမွ်တ အိမ္ရာစီမံကိန္းမ်ား ကိုပဲခူးတြင္ ေဆာက္လုပ္ႏိုင္ရန္အတြက္ Pride Myanmar Development (PMD) Co., Ltd မွ Chairman ဦးမင္းေက်ာ္စန္းႏိုင္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕မွ ဒီဇင္ဘာလ(၁၈)ရက္က ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးသို႔ လာေရာက္တင္ျပခဲ့ေၾကာင္း သိရသည္။

 

 

''ပဲခူးတိုင္းေဒသႀကီးအတြင္း ၿမိဳ႕ျပအိမ္ရာေတြနဲ႔ ပတ္သက္ၿပီး တိုင္းေဒသႀကီးၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ ေရးေကာ္မတီကို ဖြဲ႕စည္းထားၿပီးျဖစ္ပါတယ္။ အဓိကအားျဖင့္ လူဦးေရ တိုးတက္မ်ားျပားလာျခင္း ႏွင့္အတူ အိုးအိမ္လိုအပ္မႈလည္း ျဖစ္ေပၚလာႏိုင္မွာျဖစ္ပါတယ္"ဟု ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ေျပာသည္။

 

 

အဆိုပါ တန္ဖိုးမွ်တအိမ္ရာအတြက္ အက်ယ္ ၈၀၀ စတုရန္းေပရွိ အခန္းတစ္ခန္းကို တစ္လလွ်င္ ေငြ၂၂၆၀၀ဝ က်ပ္အျဖစ္လည္းေကာင္း၊ အက်ယ္ ၆၀၀ စတုရန္းေပရွိ အခန္းတစ္ခန္းကို တစ္လလွ်င္ ေငြ ၁၉၈၀၀ဝ က်ပ္အျဖစ္လည္းေကာင္း၊

 

 

အက်ယ္ ၃၂၄ စတုရန္းေပရွိ အခန္းတစ္ခန္းကို တစ္လလွ်င္ ေငြ ၉၅၀၀ဝ က်ပ္ အျဖစ္လည္းေကာင္း ေပးသြင္းသြားရမည္ ျဖစ္ၿပီး ၁၅ ႏွစ္ၾကာသည့္အခါ အခန္းပိုင္ဆိုင္ခြင့္ရမည္ ျဖစ္ေၾကာင္း ၊ ႀကိဳတင္ေငြ ေပးသြင္းရန္မလိုေၾကာင္းလည္းသိရသည္။

 

Read 1859 times Last modified on Thursday, 06 February 2020 15:57
Rate this item
(0 votes)