တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ်အတွက် အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံး ၁၀၀၀ လှူဒါန်းမှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ်အတွက် အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံး ၁၀၀၀ လှူဒါန်းမှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန် google

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ရခိုင်ပြည်နယ်အတွက် အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံး ၁၀၀၀ လှူဒါန်းမှု ဒီဇင်ဘာ ၉ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ခဲ့သည်။

 


အဆိုပါ အိမ်အလုံး ၁၀၀၀ လှူဒါန်းမှု စာချွန်လွှာရေးထိုးပွဲကို နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ရှေ့မှောက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ ဒုတိယဥက္ကဋ္ဌ Mr. Deng Boqing တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

 

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း မူဘောင်အောက်မှ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် အကောင်အထည်ဖော်ရေး၊

 

 

၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး လှုပ်ရှားမှုများနှင့် အခမ်းအနားများ ကျင်းပရေးနှင့် နှစ်နိုင်ငံအကြား အဆင့်မြင့်ကိုယ်စားလှယ်များ အပြန်အလှန် သွားလာလည်ပတ်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

 

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့သည် သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံနှုတ်ဆက်ခဲ့ပြီးနောက် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို အစည်းအဝေးခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့ပြီး

 

 

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အခြေခံ၍ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 


ထို့ပြင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစီမံချက်များ အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ ပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဖြစ်စဉ်နှင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ကူညီ ပံ့ပိုးပေးရေး၊

 


ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ မျက်နှာစာတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

 

Source-Daily Eleven

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး၏ ျမန္မာႏိုင္ငံခရီးစဥ္တြင္ ရခိုင္ျပည္နယ္အတြက္ အလြယ္တကူ တပ္ဆင္ႏိုင္သည့္ အိမ္အလုံး ၁၀၀၀ လႉဒါန္းမႈစာခြၽန္လႊာ ေရးထိုးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္

 

 

တ႐ုတ္ႏိုင္ငံ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိ၏ ရခိုင္ျပည္နယ္အတြက္ အလြယ္တကူ တပ္ဆင္ႏိုင္သည့္ အိမ္အလုံး ၁၀၀၀ လႉဒါန္းမႈ ဒီဇင္ဘာ ၉ ရက္တြင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

 

 

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္၏ ဖိတ္ၾကားခ်က္အရ တ႐ုတ္ႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ ဒီဇင္ဘာ ၇ ရက္မွ ၈ ရက္အထိ ျမန္မာႏိုင္ငံသို႔ တရားဝင္ခရီးစဥ္ လာေရာက္ခဲ့သည္။

 


အဆိုပါ အိမ္အလုံး ၁၀၀၀ လႉဒါန္းမႈ စာခြၽန္လႊာေရးထိုးပြဲကို ေနျပည္ေတာ္ရွိ ေ႐ႊစံအိမ္ ဟိုတယ္၌ ဒီဇင္ဘာ ၇ ရက္ ညေနပိုင္းက ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြႏွင့္ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိတို႔ ေရွ႕ေမွာက္တြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ႏွင့္ တ႐ုတ္အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရး ပူးေပါင္းေဆာင္႐ြက္မႈေအဂ်င္စီ ဒုတိယဥကၠ႒ Mr. Deng Boqing တို႔က လက္မွတ္ေရးထိုး လဲလွယ္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

 

 

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ ဝမ္ယိ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္သည္ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ သံတမန္ေဆာင္ ဧည့္ခန္းမ၌ ဒီဇင္ဘာ ၇ ရက္ ညေနပိုင္းက လက္ခံေတြ႕ဆုံခဲ့ၿပီး အဆိုပါေတြ႕ဆုံမႈတြင္ ႏွစ္ႏိုင္ငံဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရး၊ ရပ္ဝန္းႏွင့္ ပိုးလမ္းမစီမံကိန္း မူေဘာင္ေအာက္မွ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိေသာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္ အေကာင္အထည္ေဖာ္ေရး၊

 

 

၂၀၂၀ ျပည့္ႏွစ္တြင္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရး ႏွစ္ (၇၀) ျပည့္ အထိမ္းအမွတ္အျဖစ္ ႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ေရး လႈပ္ရွားမႈမ်ားႏွင့္ အခမ္းအနားမ်ား က်င္းပေရးႏွင့္ ႏွစ္ႏိုင္ငံအၾကား အဆင့္ျမင့္ကိုယ္စားလွယ္မ်ား အျပန္အလွန္ သြားလာလည္ပတ္ေရး ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

 

 

ထို႔ေနာက္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးတို႔သည္ သမၼတအိမ္ေတာ္ ဧည့္ခန္းမ၌ ေတြ႕ဆုံႏႈတ္ဆက္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံေတြ႕ဆုံေဆြးေႏြးပြဲကို အစည္းအေဝးခန္းမ၌ ဆက္လက္ျပဳလုပ္ခဲ့ၿပီး

 

 

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား တည္ရွိၿပီးျဖစ္သည့္ ေဆြမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး မူႀကီးငါးရပ္ကို အေျခခံ၍ ဘက္စုံ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ေရး ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

 


ထို႔ျပင္ ရပ္ဝန္းႏွင့္ ပိုးလမ္းမ ပူးေပါင္း ေဆာင္႐ြက္ေရး မူေဘာင္ေအာက္မွ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈစီမံခ်က္မ်ား အေကာင္အထည္ေဖာ္ေရး၊ ႏွစ္ႏိုင္ငံ ျပည္သူမ်ား၏ လူမႈဘဝျမႇင့္တင္ေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးျဖစ္စဥ္ႏွင့္ ရခိုင္ျပည္နယ္တြင္ ေနရပ္စြန႔္ခြာသူမ်ား ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္တို႔အတြက္ ျမန္မာအစိုးရ၏ ႀကိဳးပမ္းအားထုတ္မႈမ်ားကို ဆက္လက္ကူညီ ပံ့ပိုးေပးေရး၊

 


ကုလသမဂၢႏွင့္ အျခားႏိုင္ငံတကာ မ်က္ႏွာစာတြင္ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ေရး၊ ၂၀၂၀ ျပည့္ႏွစ္တြင္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရး ႏွစ္ (၇၀) ျပည့္ အထိမ္းအမွတ္အျဖစ္ ႏွစ္ႏိုင္ငံအၾကား က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရးဆိုင္ရာ ကိစၥရပ္မ်ားအေပၚ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

 

 

Source-Daily Eleven

Read 645 times Last modified on Monday, 10 February 2020 16:42
Rate this item
(0 votes)