ဒက္ခိဏသီရိ မြို့နယ်က မြေကွက်များကိုရောင်းရာတွင် နေပြည်တော်စည်ပင်ကချမှတ်ထားသည့် အချက်များကြောင့် သာမန်ပြည်သူများ ဝယ်ယူဖို့ အခက်အခဲရှိ

ဒက္ခိဏသီရိ မြို့နယ်က မြေကွက်များကိုရောင်းရာတွင် နေပြည်တော်စည်ပင်ကချမှတ်ထားသည့် အချက်များကြောင့် သာမန်ပြည်သူများ ဝယ်ယူဖို့ အခက်အခဲရှိ google

ဒက္ခိဏသီရိ မြို့နယ်က မြေကွက်များကို ရောင်းရာတွင် နေပြည်တော်စည်ပင်ကချမှတ်ထားသည့်အချက်များကြောင့် သာမန်ပြည်သူများ ဝယ်ယူဖို့အခက်အခဲရှိနိုင်ကြောင်း သိရသည်။

 

မြေကွက်ဝယ်ယူရန် စိတ်ဝင်စားသူများ ရှိနေသော်လည်း စည်ပင်ကသတ်မှတ်ချက်ထဲတွင် မြေကွက်စတင်ချထားသည့်နေ့မှ ခြောက်လအတွင်း ခြံစည်းရိုးကာရံခြင်းနှင့် တစ်နှစ်အတွင်း နေအိမ်အပြီးဆောက်လုပ်ရမည်ဆိုသည့်အချက်က သာမန်ပြည်သူတွေ ဝယ်ယူဖို့ အတွက် အဟန့်အတားတစ်ခုသဖွယ်ဖြစ်နေကြောင်းသိရသည်။

 

 

ရောင်းချဖို့ ကြေညာထားသည့် မြေကွက်များမှာ ယခင် အစိုးရလက်ထက်က ရောင်းချရာမှာ ကျန်ရှိနေသည့် မြေကွက်များဖြစ်ပြီး လမ်းမကြီးနံဘေး မြေကွက်များနှင့် နေရာကောင်း မြေကွက်များသိပ်မပါဝင်တော့ဘဲ ရပ်ကွက်အတွင်းပိုင်းမြေကွက်များ အများဆုံးပါဝင်ကြောင်း သိရသည်။

 

 

နေပြည်တော်စည်ပင်သာယာရေး ကော်မတီက မြန်မာနိုင်ငံသား မည်သူမဆို အဆင်ပြေစွာဖြင့် မြေကွက်ဝယ်ယူနေထိုင်နိုင်ရေးအတွက် ပေ (၈၀x၈၀) မြေကွက်လပ်များရှိသည့်အနက် ပထမအကြိမ်အဖြစ် မြေကွက်လွတ် ၁၉၇ ကွက်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ မြေကွက်တစ်ကွက်လျှင် ယခင်သတ်မှတ်ဈေးနှုန်း ကျပ် ၃၅၀ သိန်းမှ ကျပ် ၂၅၀ သိန်းသို့ဈေးနှုန်း လျှော့၍ ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာထားခဲ့သည်။

 

 

မြေကွက်ဝယ်ယူချင်သူများအနေဖြင့် အမှန်တကယ်အိမ်ဆောက်နေထိုင်လိုသည့် သူများဖြစ်ရမည်ဖြစ်ပြီး လျှောက်ထားသူတစ်ဦးလျှင် မြေကွက်တစ်ကွက်ကိုသာ လျှောက်ထားနိုင်မည်ဖြစ်သည်။

 

 

မြေကွက်ဝယ်ယူခွင့်ရရှိသူများအနေဖြင့် နေအိမ်ဆောက်လုပ်ပြီးမှသာ နှစ် ၃ဝမြေငှားဂရန်ကို ထုတ်ပေးမည်ဖြစ် သည်။ မြေကွက်အားဝယ်ယူသူများအနေဖြင့် သတ်မှတ်ထားသည့် မြေကွက်နှုန်းထားကိုတစ်ကြိမ်တည်း အပြတ် ပေးသွင်းရမည်ဖြစ်သည်။

 

 

မြေကွက်စတင်ချထားသည့်ရက်မှ ခြောက်လအတွင်း ခြံစည်းရိုးခတ်ခြင်း၊တစ်နှစ်အတွင်း လူနေအိမ်အပြီး ဆောက် လုပ်ရမည် ဖြစ်သည်နေအိမ်ဆောက်လုပ်ခြင်းမရှိပါက မြေတန်ဖိုးကို ပြန်လည်ထုတ်ပေးမည်မဟုတ်ပဲ မြေကွက်ကို ကော်မတီက ပြန်လည်သိမ်းယူမည်ဖြစ်သည်။

 

 

ခြံစည်းရိုးခတ်ခြင်း၊နေအိမ်ဆောက်လုပ်ခြင်းကို အင်ဂျင်နီယာဌာန (အဆောက်အအုံ)ခွင့်ပြုချက်ယူ ဆောင်ရွက်မည် ဖြစ်သည်။

 

 


မြေကွက်ဝယ်ယူထားသူများအနေဖြင့် တစ်ဆင့် ပြန်လည်ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေးကမ်းခြင်းများ ပြုလုပ်၍ မရကြောင်း၊မြို့ပြအင်္ဂါရပ်နှင့်အညီ နေပြည်တော် စည်ပင်သာယာရေးကော်မတီကသတ်မှတ်ထား သည့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်သည်။

 


ပေးသွင်းထားသောမြေတန်ဖိုးကို မည်သည့်အကြောင်းပြချက်များနှင့် ပြန်လည်ထုတ်ယူခွင့်မပြုဟု ထုတ်ပြန်ထားသည်။

 

Myanmar Bullders Guide

---Zawgyi---

 

 

ဒကၡိဏသီရိ ၿမိဳ႕နယ္က ေျမကြက္မ်ားကိုေရာင္းရာတြင္ ေနျပည္ေတာ္စည္ပင္ကခ်မွတ္ထားသည့္ အခ်က္မ်ားေၾကာင့္ သာမန္ျပည္သူမ်ား ဝယ္ယူဖို႔ အခက္အခဲရွိ

 

 

ဒကၡိဏသီရိ ၿမိဳ႕နယ္က ေျမကြက္မ်ားကို ေရာင္းရာတြင္ ေနျပည္ေတာ္စည္ပင္ကခ်မွတ္ထားသည့္အခ်က္မ်ားေၾကာင့္ သာမန္ျပည္သူမ်ား ဝယ္ယူဖို႔အခက္အခဲရွိႏိုင္ေၾကာင္း သိရသည္။

 

 

ေျမကြက္ဝယ္ယူရန္ စိတ္ဝင္စားသူမ်ား ရွိေနေသာ္လည္း စည္ပင္ကသတ္မွတ္ခ်က္ထဲတြင္ ေျမကြက္စတင္ခ်ထားသည့္ေန႔မွ ေျခာက္လအတြင္း ၿခံစည္း႐ိုးကာရံျခင္းႏွင့္ တစ္ႏွစ္အတြင္း ေနအိမ္အၿပီးေဆာက္လုပ္ရမည္ဆိုသည့္အခ်က္က သာမန္ျပည္သူေတြ ဝယ္ယူဖို႔ အတြက္ အဟန႔္အတားတစ္ခုသဖြယ္ျဖစ္ေနေၾကာင္းသိရသည္။

 

 

ေရာင္းခ်ဖို႔ ေၾကညာထားသည့္ ေျမကြက္မ်ားမွာ ယခင္ အစိုးရလက္ထက္က ေရာင္းခ်ရာမွာ က်န္ရွိေနသည့္ ေျမကြက္မ်ားျဖစ္ၿပီး လမ္းမႀကီးနံေဘး ေျမကြက္မ်ားႏွင့္ ေနရာေကာင္း ေျမကြက္မ်ားသိပ္မပါဝင္ေတာ့ဘဲ ရပ္ကြက္အတြင္းပိုင္းေျမကြက္မ်ား အမ်ားဆုံးပါဝင္ေၾကာင္း သိရသည္။

 

 

ေနျပည္ေတာ္စည္ပင္သာယာေရး ေကာ္မတီက ျမန္မာႏိုင္ငံသား မည္သူမဆို အဆင္ေျပစြာျဖင့္ ေျမကြက္ဝယ္ယူေနထိုင္ႏိုင္ေရးအတြက္ ေပ (၈၀x၈၀) ေျမကြက္လပ္မ်ားရွိသည့္အနက္ ပထမအႀကိမ္အျဖစ္ ေျမကြက္လြတ္ ၁၉၇ ကြက္ကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁ ရက္မွ ဒီဇင္ဘာ ၃၀ ရက္အထိ ေျမကြက္တစ္ကြက္လွ်င္ ယခင္သတ္မွတ္ေဈးႏႈန္း က်ပ္ ၃၅၀ သိန္းမွ က်ပ္ ၂၅၀ သိန္းသို႔ေဈးႏႈန္း ေလွ်ာ့၍ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ေၾကညာထားခဲ့သည္။

 

 

ေျမကြက္ဝယ္ယူခ်င္သူမ်ားအေနျဖင့္ အမွန္တကယ္အိမ္ေဆာက္ေနထိုင္လိုသည့္ သူမ်ားျဖစ္ရမည္ျဖစ္ၿပီး ေလွ်ာက္ထားသူတစ္ဦးလွ်င္ ေျမကြက္တစ္ကြက္ကိုသာ ေလွ်ာက္ထားႏိုင္မည္ျဖစ္သည္။

 

 

ေျမကြက္ဝယ္ယူခြင့္ရရွိသူမ်ားအေနျဖင့္ ေနအိမ္ေဆာက္လုပ္ၿပီးမွသာ ႏွစ္ ၃ဝေျမငွားဂရန္ကို ထုတ္ေပးမည္ျဖစ္ သည္။ ေျမကြက္အားဝယ္ယူသူမ်ားအေနျဖင့္ သတ္မွတ္ထားသည့္ ေျမကြက္ႏႈန္းထားကိုတစ္ႀကိမ္တည္း အျပတ္ ေပးသြင္းရမည္ျဖစ္သည္။

 

 

ေျမကြက္စတင္ခ်ထားသည့္ရက္မွ ေျခာက္လအတြင္း ၿခံစည္း႐ိုးခတ္ျခင္း၊တစ္ႏွစ္အတြင္း လူေနအိမ္အၿပီး ေဆာက္ လုပ္ရမည္ ျဖစ္သည္ေနအိမ္ေဆာက္လုပ္ျခင္းမရွိပါက ေျမတန္ဖိုးကို ျပန္လည္ထုတ္ေပးမည္မဟုတ္ပဲ ေျမကြက္ကို ေကာ္မတီက ျပန္လည္သိမ္းယူမည္ျဖစ္သည္။

 

 

ၿခံစည္း႐ိုးခတ္ျခင္း၊ေနအိမ္ေဆာက္လုပ္ျခင္းကို အင္ဂ်င္နီယာဌာန (အေဆာက္အအုံ)ခြင့္ျပဳခ်က္ယူ ေဆာင္႐ြက္မည္ ျဖစ္သည္။

 


ေျမကြက္ဝယ္ယူထားသူမ်ားအေနျဖင့္ တစ္ဆင့္ ျပန္လည္ေရာင္းခ်ျခင္း၊လႊဲေျပာင္းျခင္း၊ေပးကမ္းျခင္းမ်ား ျပဳလုပ္၍ မရေၾကာင္း၊ၿမိဳ႕ျပအဂၤါရပ္ႏွင့္အညီ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီကသတ္မွတ္ထား သည့္ စည္းကမ္းခ်က္မ်ားကို လိုက္နာရမည္ျဖစ္သည္။

 


ေပးသြင္းထားေသာေျမတန္ဖိုးကို မည္သည့္အေၾကာင္းျပခ်က္မ်ားႏွင့္ ျပန္လည္ထုတ္ယူခြင့္မျပဳဟု ထုတ္ျပန္ထားသည္။

 

Read 2762 times Last modified on Tuesday, 11 February 2020 17:23
Rate this item
(0 votes)