မြေကွက်လျှောက်လွှာရောင်းချရသည့် ငွေအချို့ကို မြေယာလျော်ကြေးအဖြစ် အသုံးပြုမည်

မြေကွက်လျှောက်လွှာရောင်းချရသည့် ငွေအချို့ကို မြေယာလျော်ကြေးအဖြစ် အသုံးပြုမည် google

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပထမအဆင့် ရောင်းချမည့် မြေကွက် ၅ဝဝကျော်အတွက် လျှောက်လွှာရောင်းချငွေအချို့ကို မြေယာလျော်ကြေးတွင် ထည့်သွင်းသုံးစွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသည့် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း စသော ဒဂုံလေးမြို့နယ်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ မြေကွက်များ၊ မှော်ဘီ အစရှိသည့်မြို့နယ်များမှ မြေကွက် ၅ဝဝအတွက် ပထမအသုတ်ရောင်းချမှုအတွက် လျှောက် လွှာများကို တစ်စောင်လျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် အောက်တိုဘာ ၈ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ရောင်းချလျက်ရှိသည်။

 

 

ယင်းလျှောက်လွှာရောင်းချရသည့် ငွေအချို့ကို မြေယာလျော်ကြေးအဖြစ် ပြန်လည်ပေးအပ်ရာတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ဦးသန်းကပြောသည်။

 


“”ကျွန်တော်တို့အနေနဲ့မြေကွက်လျှောက်လွှာရောင်းလို့ရတဲ့ငွေထဲကနေ မြေယာလျော်ကြေးအဖြစ် ပြန်ပေးမှာပါ။ဒီလျှောက်လွှာတွေကို တစ်စောင်တစ်သောင်းနဲ့ရောင်းတယ်ဆိုတာကလည်း ရန်ပုံငွေလိုချင်လို့မဟုတ်ပါဘူး။ကျွန်တော်တို့ရောင်းပေးတဲ့မြေကွက်တွေကို အလေးထားစေချင်လို့ပါ။ ဒီကရတဲ့ငွေနဲ့ မြေယာလျော်ကြေးဖို့အတွက်လည်းမလုံလောက်ပါဘူး။

 

 

အစိုးရဘတ်ဂျတ်ကနေချည်းပဲ တင်ပြီးလျော်မယ့်အစား ရှိနေသေးတဲ့မြေကွက်အလွတ်တွေကိုရောင်းပြီး မြေယောလျော်ကြေးအတွက် တစ်စိတ်တစ်ဒေသ အားဖြင့် အထောက်အကူပြုပါ တယ်”ဟု ဦးသန်းကပြောသည်။

 


မြေကွက်များအတွက် လျှောက်လွှာစတင်ရောင်းချခဲ့သည့် နေ့မှ နိုဝင်ဘာ ၃ဝရက် လျှောက်လွှာအစောင်ရေ တစ်သောင်းကျော်ရောင်းချထားပြီး ၂၁ဝဝကျော်အထိ ပြန်လည်လာရောက်တင်ပြထားသည်။

 


လက်ရှိတွင် မြေကွက်ဝယ်ယူရန် လျှောက်လွှာဝယ်ယူသူဦးရေ ခုနှစ်ထောင်ကျော်ရှိပြီး နိုဝင်ဘာ ၈ ရက်အထိ လျှောက်လွှာများကိုလက်ခံသွားမည်ဖြစ်သည်။ပထမအသုတ်တွင် မြေကွက်မရရှိသူများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ဆက်လက်ရောင်းချမည့် ဒုတိယအသုတ်၊တတိယအသုတ်များတွင် ဦးစားပေးသွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေျမကြက္ေလွ်ာက္လႊာေရာင္းခ်ရသည့္ ေငြအခ်ိဳ႕ကို ေျမယာေလ်ာ္ေၾကးအျဖစ္ အသုံးျပဳမည္

 

 

ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ပထမအဆင့္ ေရာင္းခ်မည့္ ေျမကြက္ ၅ဝဝေက်ာ္အတြက္ ေလွ်ာက္လႊာေရာင္းခ်ေငြအခ်ိဳ႕ကို ေျမယာေလ်ာ္ေၾကးတြင္ ထည့္သြင္းသုံးစြဲသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီတြဲဖက္အတြင္းေရးမႉး ဦးသန္းကေျပာသည္။

 


ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီမံခန႔္ခြဲခြင့္ရွိသည့္ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း၊ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္း စေသာ ဒဂုံေလးၿမိဳ႕နယ္၊ လႈိင္သာယာႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔ရွိ ေျမကြက္မ်ား၊ ေမွာ္ဘီ အစရွိသည့္ၿမိဳ႕နယ္မ်ားမွ ေျမကြက္ ၅ဝဝအတြက္ ပထမအသုတ္ေရာင္းခ်မႈအတြက္ ေလွ်ာက္ လႊာမ်ားကို တစ္ေစာင္လွ်င္ ေငြက်ပ္တစ္ေသာင္းႏႈန္းျဖင့္ ေအာက္တိုဘာ ၈ ရက္မွ ႏိုဝင္ဘာ ၇ ရက္အထိ ေရာင္းခ်လ်က္ရွိသည္။

 


ယင္းေလွ်ာက္လႊာေရာင္းခ်ရသည့္ ေငြအခ်ိဳ႕ကို ေျမယာေလ်ာ္ေၾကးအျဖစ္ ျပန္လည္ေပးအပ္ရာတြင္ သုံးစြဲသြားမည္ျဖစ္ေၾကာင္း ဦးသန္းကေျပာသည္။

 


“”ကြၽန္ေတာ္တို႔အေနနဲ႔ေျမကြက္ေလွ်ာက္လႊာေရာင္းလို႔ရတဲ့ေငြထဲကေန ေျမယာေလ်ာ္ေၾကးအျဖစ္ ျပန္ေပးမွာပါ။ဒီေလွ်ာက္လႊာေတြကို တစ္ေစာင္တစ္ေသာင္းနဲ႔ေရာင္းတယ္ဆိုတာကလည္း ရန္ပုံေငြလိုခ်င္လို႔မဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ေရာင္းေပးတဲ့ေျမကြက္ေတြကို အေလးထားေစခ်င္လို႔ပါ။ ဒီကရတဲ့ေငြနဲ႔ ေျမယာေလ်ာ္ေၾကးဖို႔အတြက္လည္းမလုံေလာက္ပါဘူး။

 

 

အစိုးရဘတ္ဂ်တ္ကေနခ်ည္းပဲ တင္ၿပီးေလ်ာ္မယ့္အစား ရွိေနေသးတဲ့ေျမကြက္အလြတ္ေတြကိုေရာင္းၿပီး ေျမေယာေလ်ာ္ေၾကးအတြက္ တစ္စိတ္တစ္ေဒသ အားျဖင့္ အေထာက္အကူျပဳပါ တယ္”ဟု ဦးသန္းကေျပာသည္။

 


ေျမကြက္မ်ားအတြက္ ေလွ်ာက္လႊာစတင္ေရာင္းခ်ခဲ့သည့္ ေန႔မွ ႏိုဝင္ဘာ ၃ဝရက္ ေလွ်ာက္လႊာအေစာင္ေရ တစ္ေသာင္းေက်ာ္ေရာင္းခ်ထားၿပီး ၂၁ဝဝေက်ာ္အထိ ျပန္လည္လာေရာက္တင္ျပထားသည္။

 


လက္ရွိတြင္ ေျမကြက္ဝယ္ယူရန္ ေလွ်ာက္လႊာဝယ္ယူသူဦးေရ ခုႏွစ္ေထာင္ေက်ာ္ရွိၿပီး ႏိုဝင္ဘာ ၈ ရက္အထိ ေလွ်ာက္လႊာမ်ားကိုလက္ခံသြားမည္ျဖစ္သည္။ပထမအသုတ္တြင္ ေျမကြက္မရရွိသူမ်ားကို ရန္ကုန္တိုင္း ေဒသႀကီးအစိုးရက ဆက္လက္ေရာင္းခ်မည့္ ဒုတိယအသုတ္၊တတိယအသုတ္မ်ားတြင္ ဦးစားေပးသြား မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

 

Read 861 times Last modified on Thursday, 20 February 2020 16:43
Rate this item
(0 votes)